ကမ္ဘာကျော် Luxury ဖက်ရှင်အမှတ်တံဆိပ်အတော်များများဟာ အီတလီ တို့ ပြင်သစ်တို့လိုနိုင်ငံတွေက များပါတယ်။ ဂျာမနီက ထွက်တဲ့ နာမည်ကျော်ဖက်ရှင်တွေကတော့ Sportswear ဖက်ရှင် ပိုများပါတယ်။ ဒီလို ပြောလို့ ဂျာမန်တံဆိပ် ကမ္ဘာ့အကောင်းဆုံးဖက်ရှင်တွေ မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ကဲ ဂျာမန် ဖက်ရှင် Brands တွေထဲက ကမ္ဘာ့အဆင့် အကောင်းဆုံးအမှတ်တံဆိပ်တွေ ကြည့်လိုက်ရအောင်ပါ။

(၁) Adidas

Adidas

Photo: Ape To Gentleman

Adidas ဆိုရင် လူတိုင်း သိကြပါတယ်။ ၁၉၂၄ ခုနှစ်မှာ အဒေါ့်ဖ် ဒက်စ်လာက သူ့မိခင်ရဲ့ အိမ်ထဲမှာ တစ်နေ့ ကမ္ဘာကျော်လာမယ့် ဒီအမှတ်တံဆိပ်ကို ဖန်တီးတည်ထောင်ခဲ့တာပါ။ Adidas ဟာ ဥရောပမှာ အကြီးဆုံး Sportswear Brand တစ်ခု ဖြစ်ပြီး ကမ္ဘာ့အဆင့်မှာဆိုရင် Nike ပြီးရင် ဒုတိယအကြီးဆုံးလို့ ဆိုနိုင်ပါတယ်။ Adidas ရဲ့ သုံးစင်းပါ Three Stripes အမှတ်အသားကို ဖိနပ် ၊ ဘောင်းဘီ ၊ အင်္ကျီ အမျိုးမျိုးမှာ မြင်တွေ့ရမှာ ဖြစ်ပြီး Classic စတိုင် ရိုးရှင်းမှုနဲ့ ဆန်းသစ်တီထွင်မှု အချိုးညီညီ ပေါင်းစပ်မှုကိုပါ မြင်ရမှာပါ။

(၂) Puma

Puma

Photo: Ape To Gentleman

Puma ရဲ့ သမိုင်းကြောင်းဟာ Adidas ကနေ ဆင်းသက်လာတာလို့ ဆိုနိုင်ပါတယ်။ အဒေါ့ဖ်နဲ့ ရူးဒေါ့ဖ် ဒက်စ်လာတို့အကြား ဆက်ဆံရေးမကောင်းဖြစ်ရာကနေ ရူးဒေါ့ဖ်ဟာ ကမ္ဘာ့တတိယအကြီးဆုံး Sportswear ကုမ္ပဏီဖြစ်လာမယ့် Puma ကို တည်ထောင်ခဲ့တာပါ။

Puma ဟာ အားကစားသမားတွေ ၊ ဘောလုံးအသင်းတွေ ၊ ထင်ပေါ်ကျော်ကြားသူတွေနဲ့ Sponsorship လုပ်ပြီး ဖက်ရှင်နဲ့ အားကစားလောကမှာ ဂုဏ်သတင်းခိုင်ခံ့အောင် ပုံဖော်နေပါတယ်။ Puma နဲ့ Sponsor လုပ်ထားတဲ့အထဲမှာ ဘောလုံးသမားနေမာ ၊ မန်ချက်စတာစီးတီးအသင်း ၊ ဒေါ့မွန်အသင်း ၊ အီတလီလက်ရွေးစင်အသင်း ၊ ရီဟားနား ၊ Stampd ဖက်ရှင် ၊ Highsnobiety အမှတ်တံဆိပ်တို့လည်း ပါဝင်ပါတယ်။

(၃) Mykita

Mykita Sunglasses

Photo: Ape To Gentleman

နာမည်ကျော် မျက်မှန်အမှတ်တံဆိပ်တွေထဲက တစ်ခုဖြစ်တဲ့ Mykita ဟာ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံတွေကြောင့် လူသိများပါတယ်။ Quality အကောင်းဆုံး ပစ္စည်းတွေနဲ့ နေကာမျက်မှန်တွေ ၊ ရိုးရိုးမျက်မှန်တွေ ထုတ်လုပ်ပါတယ်။ ရာနှုန်းပြည့် UVA/UBV အလင်းပြန်မှန်ဘီလူးတွေနဲ့လာပြီး ဝက်အူမပါတဲ့ Screwless ပတ္တာစနစ် သုံးထားပါတယ်။ ကိုင်းအနေနဲ့ စတိန်းလတ်စတီး ၊ အပေါ့စားဖရိမ်တွေနဲ့ ထွက်ပါတယ်။ Mykita ဟာ Leica ၊ Maison Margiela တို့လို Brands တွေနဲ့လည်း ပူးပေါင်းမှု လုပ်ထားပါတယ်။

(၄) VOR

VOR Sneaker

Photo: Ape To Gentleman

ဂျာမနီနိုင်ငံ မြူးနစ်အခြေစိုက် VOR ဟာ တန်ဖိုးကြီး Premium Footwear အမှတ်တံဆိပ်ဖြစ်ပြီး အမိုက်စား Sneaker ဖိနပ်တွေ အထူးထုတ်ပါတယ်။ VOR ထုတ် Sneaker တွေရဲ့ ဒီဇိုင်းဟာ ရိုးရှင်းသပ်ရပ်မှုကို အခြေခံပြီး တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုရဲ့ ဟန်အပြည့်နဲ့ လာပါတယ်။ VOR ဟာ ဟော့ဖြစ်တဲ့ ဒီဇိုင်းတွေထက် မရိုးနိုင်မယ့် Timeless ဖက်ရှင်ဘက်ကို ဦးစားပေးပါတယ်။ ဒါကြောင့် VOR ထုတ်ကုန်တွေရဲ့ စတိုင်ကို ကြည့်လိုက်ရင် သန့်စင်ရိုးရှင်းမှု Pure & Simple ဖြစ်တာ မြင်ရမှာပါ။

(၅) Hugo Boss

Hugo Boss Suit

Photo: Ape To Gentleman

နောက်ထပ် တန်ဖိုးကြီး ဂျာမန်ဖက်ရှင်အမှတ်တံဆိပ်တစ်ခုက Hugo Boss ဖြစ်ပါတယ်။ နှစ် ၁၀၀ နီးပါးအကြာ လွန်ခဲ့တဲ့ ၁၉၂၄ ခုနှစ်က တည်ထောင်ခဲ့တဲ့ အမှတ်တံဆိပ်တွေ ဖြစ်ပြီး Hugo ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကမ္ဘာကျော် Suit တွေ ထုတ်လုပ်ခဲ့ပါတယ်။ အခုထိလည်း Hugo Boss က Coat တွေ ၊ Suit တွေနဲ့ နာမည်ကျော်နေဆဲ ဖြစ်ပါတယ်။ စမတ် Suit ဝတ်စုံအတွက် ရှပ်လက်ရှည် ၊ ဘောင်းဘီကနေ Slim-Fit Suit အကုန်ကို Hugo Boss ကနေ ထုတ်လုပ်နေပါတယ်။