TED Talks အစီအစဉ်ဆိုတာ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ ပညာရေး ၊ စီးပွားရေး ၊ သိပ္ပံ ၊ နည်းပညာနဲ့ ဖန်တီးမှုဘက်တွေမှာ ကျော်ကြားတဲ့ ဟောပြောသူတွေ ပြောဟောတဲ့ ရုပ်သံအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဘာသာစကားပေါင်း ၁၀၀ ကျော်နဲ့ စာတန်းထိုး ကြည့်ရှုနားဆင်နိုင်ပါတယ်။ ဒီအစီအစဉ်ကို ၁၉၉၀ ခုနှစ်ကတည်းက နှစ်တိုင်း ကျင်းပလာတာ ဖြစ်ပြီး အစီအစဉ်ရဲ့ ကြွေးကြော်သံက “အိုင်ဒီယာတွေဟာ ဖြန့်ဖြူးစရာ” လို့ ဖြစ်ပါတယ်။
TED Talks မှာ TED ဆိုတာ နည်းပညာ (Technology) ၊ ဖျော်ဖြေရေး (Entertainment) နဲ့ ဒီဇိုင်း (Design) ကို ရည်ညွှန်းပါတယ်။ ကမ္ဘာကြီးကို ပုံဖော်နေတဲ့ နယ်ပယ်သုံးခုကို ခြုံပြီး ပေးထားတာဖြစ်ပါတယ်။ ဘဝတိုးတက်ရေးအတွက် အသိပညာတွေ ရနိုင်ဖို့ TED Talks တွေ နားထောင်ဖို့ ပြောချင်ပါတယ်။ ဗဟုသုတနဲ့ စိတ်ခွန်အားရစရာ TED Talks ဗွီဒီယိုတွေထဲက ယောင်္ကျားတစ်ယောက်ရဲ့ ဘဝကို မြင့်မားစေမယ့် TED Talks ဗွီဒီယိုတချို့ကို မျှဝေပေးလိုက်ပါတယ်။
(၁) Unwavering Focus

Photo: dandapani
စိတ်ပိုင်း ၊ အာရုံစူးစိုက်မှုနဲ့ တရားထိုင်နည်းဆိုင်ရာ သင်တန်းပြသသူ တစ်ခါက နာမည်ကြီး ဟိန္ဒူဘုန်းကြီးတစ်ပါးဖြစ်ခဲ့သူ Dandapani ရဲ့ TED Talks ဗွီဒီယိုပါ။ သူ့အကျွမ်းကျင်ဆုံး ဘာသာရပ်ဖြစ်တဲ့ အာရုံစူးစိုက်မှုအားကောင်းနည်းဆိုင်ရာ ဟောပြောချက် ဖြစ်ပါတယ်။ Dandapani ဟာ ကိုယ်တိုင်က နာမ်ပိုင်းဆိုင်ရာ လေ့လာအားထုတ်မှုတွေ လုပ်နေသူဖြစ်သလို Self-Development နဲ့ Entrepreneur ပိုင်းမှာလည်း နာမည်ကျော်တဲ့ Speaker တစ်ဦးဖြစ်ပါတယ်။
(၂) The Skill of Self Confidence

Photo: The Depression Fighter
အားကစားဒါရိုက်တာ ဒေါက်တာ အာဗင်ဂျိုးဆက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုင်ရာ ကျွမ်းကျင်မှုပညာအကြောင်း ခေါင်းစဉ်ပါ။ ဒေါက်တာ အာဗင် ဂျိုးဆက်ဟာ Ryerson University ဘောလုံးအသင်းဖြစ်တဲ့ Varsity Soccer အသင်းရဲ့ နည်းပြချုပ်လည်း ဖြစ်ပြီး ကိုယ့်စွမ်းရည်ကို ယုံကြည်ချင်းဟာ တန်ဖိုးကြီးတဲ့ပညာတစ်ရပ်လို့ ယုံကြည်သက်ဝင်သူဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်ထဲမှာ Self-Confidence တည်ဆောက်ရေးမှာ သူကိုယ်တိုင်ရဲ့ အတွေ့အကြုံနဲ့ ဒီအရည်အချင်းက ကျွန်တော်တို့ ဘဝတွေအပေါ် ဘယ်လိုလွှမ်းမိုးသလဲဆိုတာ ရှင်းပြထားပါတယ်။
(၃) How To Achieve Your Most Ambitious Goals
![]()
Photo: Valamis
သင့်အတွက် အမြင့်ဆုံးရည်မှန်းချက်ကို ရအောင်လုပ်နည်းဆိုတဲ့ ခေါင်းစဉ်ကို အမေရိကန်လူမျိုး ပရော်ဖက်ရှင်နယ်ရင်းနှီးမြှပ်နှံမှုဆိုင်ရာ မန်နေဂျာ ၊ ဗျူဟာပိုင်း အတိုင်ပင်ခံ ၊ စာရေးဆရာ ၊ အနုပညာရှင်နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ဝင် စတီဖင် ဒွန်နီးယားရဲ့ ဟောပြောထားပါတယ်။
“ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ အမြင့်မားဆုံးသော အိပ်မက်တွေဆီ ချီတက်မှုအကြား ချိတ်ဆက်ထားတဲ့အရာက မှော်ဆန်တဲ့ ကျွမ်းကျင်မှုတွေ ၊ အရည်အချင်းတွေ ပိုင်ဆိုင်တယ်ဆိုတာနဲ့ ဝေးကွာပြီး ပြဿနာတွေကို ကျွန်တော်တို့ ဘယ်လိုချဉ်းကပ်သလဲနဲ့ အဲ့ဒီပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ ဘယ်လို ဆုံးဖြတ်ချက်ချသလဲဆိုတာနဲ့ ပိုပြီး နီးစပ်မှုရှီပါတယ်။” ဆိုတာကတော့ ဒီ TED Talk မှာပါတဲ့ သူ့ရဲ့ ပြောကြားချက်တွေထဲက တစ်ခုပါပဲ။
(၄)Your Body Language May Shape Who You Are

Photo: Michelle Mcquaid
လူအချင်းချင်း ဆက်သွယ်မှုရဲ့ ၅၅% ဟာ စကားလုံးတွေနဲ့ မဟုတ်ဘူး ဆိုတာ သိပါသလား။ ၄၅% ဆက်သွယ်မှုမှာ အသံနေအသံအထား အဖိအဖော့ အတိုးအကျယ်က ၃၈% ၊ တကယ့်စကားလုံးတွေက ၇% ပဲ ပါတယ်လို့ ဆိုပါတယ်။ ဒီတော့ Body Language က လူတစ်ယောက်နဲ့တစ်ယောက်အကြား ဆက်သွယ်နိုင်တဲ့ အကြီးဆုံး ကြားခံကြီး ဖြစ်မနေဘူးလား။
ဒီလောက်အရေးကြီးတဲ့ အကြောင်းအရာကို သိရဖို့ အမ်မီ ကပ်ဒီရဲ့ သင့် Body Language က သင်ဘယ်လိုလူလဲဆိုတာကို ပုံဖော်တယ် ဆိုတဲ့ TED Talks ကို နားထောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
အောင်မြင်တိုးတက်ချင်တဲ့သူဟာ ကိုယ့်ကို အောင်မြင်သူတစ်ယောက်ဖြစ်လာအောင် ပံ့ပိုးပေးနိုင်မယ့် Communication Skills ပိုင်းမှာ ကျွမ်းကျင်ဖို့ မဖြစ်မနေလိုပါတယ်။ “Your Body Language May Shape Who You Are” ဆိုတဲ့ TED Talks လေးကနေလည်း ကိုယ့်ဘဝကို မြင့်မားအောင် ပုံဖော်နိုင်မယ့် လမ်းကြောင်းတစ်ခု ရှာတွေ့နိုင်ပါတယ်။
