တက်တူးကို မြင်သာတဲ့နေရာမှာ ထိုးချင်တဲ့ ယောကျာ်းများအတွက် ညှပ်ရိုးက အသင့်တော်ဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။ ညှပ်ရိုးမှာ ထိုးထားတဲ့ တက်တူးကို မမြင်စေချင်ဘူးဆိုရင် ကော်လံပါတဲ့ အင်္ကျီနဲ့ အုပ်ထားလိုက်ရုံပါပဲ။

ညှပ်ရိုးပေါ်မှာ ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်းတွေက အများအပြားပါပဲ။ မိမိနဲ့ လိုက်ဖက်မယ့် တက်တူးဒီဇိုင်းကို အသေအချာရွေးချယ်ကာ ရေးထိုးလိုက်ပါ။

ပန်းပွင့်ပုံတက်တူး

collarbone tattoos for men

ပွင့်လန်းနေတဲ့ ပန်းပွင့်တက်တူးများကတော့ အလှအပနှင့် ဘဝကို ရည်ညွှန်းပြီး တက်တူးအကြီးအသေးကတော့ သင့်ရဲ့အကြိုက်ပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

ငှက်ပုံတက်တူး

collarbone tattoos for men

သင်က အနှောင့်အဖွဲ့ကင်းပြီး လွတ်လပ်မှုကို မြတ်နိုးတဲ့သူလား။ ဒါဆိုရင်တော့ ငှက်တက်တူးက  သင့်အတွက် အသင့်တော်ဆုံးပါပဲ။ ငှက်မျိုးစိတ် အများအပြားရှိတဲ့အတွက်ကြောင့် မိမိနှစ်သက်ရာကို ရွေးထိုးနိုင်ပါတယ်။

ငှက်မွေးပုံတက်တူး

collarbone tattoos for men

ငှက်မွေးပုံတက်တူးများကတော့ ရဲစွမ်းသတ္တိရှိခြင်း၊ လွတ်လပ်ခြင်းကို ကိုယ်စားပြုပြီး ဒီဇိုင်းဆန်းဆန်းလေးနဲ့ လှပတဲ့ တက်တူးဒီဇိုင်းပဲဖြစ်ပါတယ်။

လိပ်ပြာပုံတက်တူး

collarbone tattoos for men

လိပ်ပြာတစ်ကောင်ဖြစ်လာဖို့ရန်အတွက် ပြောင်းလဲ ကြီးထွာမှုအဆင့်ဆင့် လိုအပ်ပါတယ်။ နောက်ဆုံးမှသာ လှပတဲ့ လိပ်ပြာတစ်ကောင်ဖြစ်လာတာပါ။ သင့်အနေနဲ့ ဘဝကို အရှုံးမပေးဖို့အတွက် ဒီလိပ်ပြာပုံတက်တူးလေးက သတိပေးနေမှာပါ။

မြွေပုံတက်တူး

collarbone tattoos for men

မြွေပုံတက်တူးကိုတော့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ အချို့ရိုးရာယူဆချက်များအရ မြွေသည် အရေခွံလဲတဲ့သတ္တဝါဖြစ်တဲ့အတွက်ကြောင့် အသစ်ပြန်လည်မွေးဖွားခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုကြပြီး အချို့ကတော့ ဉာဏ်အမြော်အမြင်ကြီးမားခြင်းလို့ ယူဆကြပါတယ်။

စာသားပုံတက်တူး

collarbone tattoos for men

သီချင်းချစ်သူများ၊ စာအုပ်ချစ်သူများက သူတို့ဘဝအတွက် ခွန်အားဖြစ်စေမယ့် စကားစုအချို့ကို ခန္ဓာကိုယ်ပေါ်မှာ ရေးထိုးထားပြီး စိတ်ခွန်အားရယူလေ့ရှိပါတယ်။ သင့်အတွက် ခွန်အားဖြစ်စေမယ့် စကားစုလေးတွေကိုလည်း ညှပ်ရိုးတဝိုက်မှာ ရေးထိုးထားနိုင်ပါတယ်။

Source: Thetrendspotter.net