ချွေးထွက်ခြင်းသည် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတဲ့ သဘာဝနည်းလမ်းတစ်ခုဖြစ်ပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ ချွေးထွက်ခြင်းက ပြဿနာတော့မရှိပေမယ့် ချွေးနံ့ပြင်းသွားရင်တော့ ပြဿနာရှိသွားပါပြီ။ မိမိကိုယ်ကို ယုံကြည်ချက် ကျဆင်းလာမယ်၊ လူအများကြား သွားလာရတာ မဝံ့မရဲဖြစ်လာမယ် စတဲ့ အချက်များက ခန္ဓာကိုယ် ချွေးနံ့ပြင်းတဲ့ ယောကျာ်းများအတွက် ကြီးမားတဲ့နေ့စဉ်ပြဿနာတစ်ခုပဲဖြစ်ပါတယ်။
ချွေးနံ့ သက်သာဖို့အတွက် ချွေးနံ့ပျောက်ဆေးတွေ သုံးပေမယ့် သက်သာမလာဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။
လာဗန်ဒါပန်းအဆီ အသုံးပြုပါ

ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို လာဗန်ဒါဆီ ၁၀ စက်ဖြင့် သမအောင် ရောနှောလိုက်ပါ။ ထို့နောက် ထိုအရောအနှောကို မှောင်တဲ့နေရာမှာ ၂ ရက်ခန့် ထားထားပါ။ သတ်မှတ်ရက်ပြည့်တဲ့အခါမှာတော့ ချွေးအထွက်များတဲ့ နေရာတဝိုက်ကို ထိုအရောအနှောဖြင့် သုတ်လိမ်းပေးနိုင်ပါတယ်။
လာဗန်ဒါဆီက ချွေးနံ့ပြင်းစေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး ပြောင်းမှုန့်နှင့် မုန့်ဖုတ်ဆိုဒါကတော့ အသားအရေကို ခြောက်ခြောက်လေးဖြစ်စေပြီး ဘက်တီးရီးယားများ မခိုအောင်းနိုင်အောင် ကာကွယ်ပေးပါတယ်။ နေ့စဉ်အသုံးပြုပေးပါက ထူးခြားတဲ့ရလာဒ်ကို တွေ့မြင်ရပါလိမ့်မယ်။
ပန်းသီးရှာလကာရည် အသုံးပြုပါ

ပန်းသီးရှာလကာရည်ကို သင့် ဂျိုင်းကြားတွင် တိုက်ရိုက်အသုံးပြုနိုင်သလို ဂွမ်းစဖြင့် အနည်းငယ်စီ သုတ်၍လည်း အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် ပန်းသီးရှာလကာရည် တစ်ဆကို ရေ နှစ်ဆဖြင့်ရောနှောပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းလေးကို နေ့တိုင်းအသုံးပြုနိုင်ပါတယ်။
Green Tea အသုံးပြုပါ

ရေနွေးအိုးထဲ ရေထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ပါ။ ထို့နောက် Green Tea အရွက်များ ထည့်ပါ။ ပြီးရင်တော့ အအေးခံထားလိုက်ပါ။ ရရှိလာတဲ့ Green Tea ရည်ကို ချွေးထွက်များသော နေရာပေါ်တွင် သုတ်လိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဗိုက်ထဲမှာ အစာမရှိတဲ့အချိန်မှာ Green Tea သောက်သုံးပေးခြင်းသည်လည်း ခန္ဓာကိုယ်အနံ့ဆိုး ထွက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းလေးကိုတော့ တစ်ရက်ခြားတစ်ခါလောက်သာ အသုံးပြုသင့်ပါတယ်။ နေ့စဉ်အသုံးပြုပါက အသားအရေခြောက်သွေ့သွားတတ်လို့ပါပဲ။
Source: Stylecraze.com
