သင့် အကြိုက်ဆုံး အစားအစာက ဘယ်အစားအစာဖြစ်မလဲ။ ထိုအစားအစာကို နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာ စားသုံးပါသလဲ။

ကျွန်ုပ်တို့ ကြိုက်နှစ်သက်တဲ့အစားအစာများသည် ဘယ်အချိန်တွင် စားသုံးပါက ကျန်းမာရေးအတွက် အကောင်းမွန်ဆုံးဖြစ်မလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

Dark Chocolate

dark chocolate for men

Dark Chocolate ကို နေ့လည်စာတွင် သွားရေစာမုန့်အဖြစ် စားသုံးခြင်းသည် မှားယွင်းသောအမူအကျင့်ပဲဖြစ်ပါတယ်။ နေ့လည်တွင် မစားဘဲ မနက်စာအဖြစ် စားသုံးခြင်းသည် ခန္ဓာကိုယ်အတွက် လိုအပ်သော Antioxidants များကို ထောက်ပံပေးပြီး အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးကာ နှလုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

အသား

man eating meat; healthy lifestyle

အသားဟင်းများကို ဘယ်အချိန်မှာ အများဆုံး စားဖြစ်သလဲ။

ညစာ စားတဲ့အချိန်မှာ မစားသင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အသားဟင်းများသည် အစာကြေညက်ဖို့ရန်အတွက် ၅ နာရီခန့် အချိန်ယူရပြီး ညအိပ်ရာဝင်ခါနီးအချိန်တွင် အသားဟင်း စားခြင်းသည် သင့်ရဲ့အစာချေစနစ်ကို ထိခိုက်စေပါတယ်။ ဒါပေမဲ့ နေ့လည်စာ စားချိန်မှာ စားသုံးပေးပါက သင့်အတွက် လိုအပ်တဲ့ စွမ်းအင်များကို ဖြည့်ဆည်းပေးနိုင်ပြီး ပင်ပန်းနွမ်းနယ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

လိမ္မော်သီး

oranges for men

မနက်စာ စားတဲ့အချိန်၊ ဗိုက်ထဲမှာ ဘာအစာမျှ မရှိသေးတဲ့အချိန်မှာ လိမ္မော်သီးစားသုံးခြင်းသည် သင့်အစာအိမ်ကို ထိခိုက်စေပြီး အစာအိမ်အချဉ်ပေါက်စေပါလိမ့်မယ်။ ဒါ့ကြောင့် လိမ္မော်သီးကို နေ့လည်စာစားချိန်တွင် သွားရေစာမုန့်အဖြစ် စားသုံးပေးပါက အကောင်းဆုံးပဲဖြစ်ပါတယ်။

ခရမ်းချဉ်သီး

tomatoes for men

ခရမ်းချဉ်သီးကို ညစာ စားချိန်တွင် စားသုံးခြင်းသည် ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ ရေဓာတ်ကြောင့် ခန္ဓာကိုယ်ကို ရောင်ရမ်းစေပါတယ်။ အကယ်၍ မနက်စာ စားချိန်မှာ စားသုံးပေးမယ်ဆိုရင်တော့ အစာအိမ်နှင့် သရက်ရွက်အတွက် အကောင်းမွန်ဆုံးဖြစ်ပြီး အစာချေစနစ်ကိုလည်း လွယ်ကူသက်သာစေပါတယ်။

အာလူး

potatoes for men

အာလူးများသည် ဟင်းသီးဟင်းရွက်များထက် ကယ်လိုရီ ၂ ဆ၊ ၃ ဆခန့် ပိုများတဲ့အတွက်ကြောင့် နေ့လယ်စာနှင့် ညစာအဖြစ် မစားသုံးသင့်ပါဘူး။ မနက်စာအဖြစ် စားသုံးပေးခြင်းက အသင့်တော်ဆုံးဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အာလူးထဲမှာ ပါဝင်တဲ့ ကစီဓာတ်က သွေးတွင်းကိုလက်စတောပမာဏကို လျော့ချပေးပြီး တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ စွမ်းအင်များကို ဖြည့်တင်းပေးနိုင်လို့ပဲဖြစ်ပါတယ်။

Source: Brightside.me