မုတ်ဆိတ်ထားတယ်ဆိုတာ ပိုပြီး ယောင်္ကျားပီသ ခန့်ညားစေတယ်ဆိုတာ လူတိုင်း လက်ခံထားကြပါတယ်။ ဒါပေမယ့်လည်း ကိုယ့်မျက်နှာနဲ့ ကိုယ်ထားတဲ့ မုတ်ဆိတ်က လိုက်ဖက်မှန်ကန်နေမှ အဆင်ပြေမှာပါ။ ဒီတော့ ဘယ်လိုမျက်နှာပုံစံမျိုးတွေက ဘယ်လိုမုတ်ဆိတ်ဒီဇိုင်းထားသင့်သလဲ ဆိုတာနဲ့ ပတ်သက်လို့ အကြံဉာဏ်တချို့ ပေးလိုက်ပါတယ်။
(၁) တြိဂံပုံမျက်နှာများ
Photo: Mens Hairstyles Today
မေးရိုးနဲ့ နဖူးပြင်ကြားပြီး မေးစေ့ချွန်တဲ့ Triangle ပုံစံ မျက်နှာပိုင်ရှင်တွေဟာ Full Mustache လို့ ခေါ်တဲ့ ပါးစပ်တစ်ခုလုံးကို အုပ်နိုင်တဲ့ နှုတ်ခမ်းမွေးနဲ့ ခပ်တိုတိုထားတဲ့ မုတ်ဆိတ်စတိုင်ကို ရွေးချယ်သင့်ပါတယ်။ မေးစေ့နဲ့ မျက်နှာအချိုးကို ပိုပြေပြစ်စေပြီး မေးစေ့ကို ထင်ရှားစေချင်လို့ ဖြစ်ပါတယ်။
(၂) စတုရန်းပုံ မျက်နှာများ
Photo: MTV
ပါးရိုး နဲ့ မေးကြောတွေတစ်တန်းတည်း ဖြောင့်နေတဲ့ စတုရန်းပုံကျကျ မျက်နှာပိုင်ရှင်တွေဟာ Circle Beard လို့ခေါ်တဲ့ နှုတ်ခမ်းတစ်ဝိုက်ပတ်ပတ်လည် မုတ်ဆိတ်ထားတဲ့ ဒီဇိုင်းမျိုး ထားသင့်ပါတယ်။ ဒါက မေးစေ့ကို ပိုရှည်စေပြီး စတုရန်းပုံမျက်နှာကို ပိုဟန်ချက်မှန်စေအောင် ကူညီပေးလို့ ဖြစ်ပါတယ်။
(၃) အဝိုင်း နဲ့ အသည်းပုံမျက်နှာများ
Photo: Lokaci
ဒီလို မျက်နှာပိုင်ရှင်တွေအတွက် ရှည်လျားပြီး ထူထဲတဲ့ Full Beard စတိုင်မျိုးက အကောင်းဆုံးပါပဲ။ မျက်နှာရှည်ပြီး ထောင့်ကျစေဖို့ ပါးနှစ်ဖက်က မုတ်ဆိတ်တွေကိုတော့ အတိုထားပေးရမှာ ဖြစ်ပါတယ်။
(၄) ဘဲဥပုံမျက်နှာများ
Photo: Brave & Bearded
မုတ်ဆိတ်ဒီဇိုင်း အထူးစဉ်းစားစရာမလိုတဲ့ မျက်နှာပိုင်ရှင်တွေထဲမှာ Oval Shape လို့ ခေါ်တဲ့ ဘဲဥပုံမျက်နှာသမားတွေလည်း ပါပါတယ်။ အသက်ကြီးကြီးစတိုင်နေချင်ရင် Full Beard ထားသင့်ပြီး ဘေးဘက်တွေ ထူထူထဲထဲ Bushy စတိုင်ဖြစ်လို့လည်း အဆင်ပြေပါတယ်။ ပုံမှန် ပါးပါး Trimming လုပ်ထားတဲ့ မုတ်ဆိတ်စတိုင်နဲ့လည်း လိုက်ဖက်ပါတယ်။
(၅) မျက်နှာရှည်များ
Photo: Beard Resource
ခပ်ရှည်ရှည် လေးထောင့်မျက်နှာနဲ့ မေးရိုးကား နဖူး/မေးကျဉ်းသူတွေဟာ ဘေးနှစ်ဖက်ပါးပြီး အောက်မေးတစ်ဝိုက်ပါးထားတဲ့ Sides Short မုတ်ဆိတ်တို ဒီဇိုင်းထားပေးသင့်ပါတယ်။ အောက်ဘက် မေးနားတွေမှာ မုတ်ဆိတ်ကို ခပ်ဝိုင်းဝိုင်းထားပေးခြင်းအားဖြင့် မျက်နှာအချိုးပို ပြေပြစ်အောင် မုတ်ဆိတ်ဒီဇိုင်းက ကူညီပေးနိုင်ပါတယ်။