လူသားတွေရဲ့ဦးနှောက်က တစ်ရက်လျှင် ထောင်ပေါင်းများစွာသော လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ရပါတယ်။ ခန္ဓာကိုယ်ကျန်းမာနေဖို့အတွက် လေ့ကျင့်ခန်းပြုလုပ်ရပြီး အာဟာရပြည့်ဝတဲ့အစားအစာများ စားသောက်ရသလိုပဲ ဦးနှောက်ကျန်းမာပြီး ဉာဏ်ရည်ထက်မြက်ဖို့ရန်အတွက်လည်း လေ့ကျင့်ခန်းများ ပြုလုပ်ဖို့လိုအပ်ပါတယ်။
ဉာဏ်ရည်ထက်မြက်ချင်တဲ့ ယောကျာ်းများအတွက် မိမိဦးနှောက်အတွက် လေ့ကျင့်ပေးရမယ့် အရာအချို့ကို ဝေမျှပေးလိုက်ရပါတယ်။
ဦးနှောက်အတွက် ထိရောက်မှုရှိသော လေ့ကျင့်ခန်းများ
Photo Source: Readersdigest.com
သင်က ညာသန်ဆိုရင် ဘယ်လက်ဖြင့် သွားတိုက်ကြည့်ပါ။ ဘယ်လက်ဖြင့် ပုံဆွဲကြည့်ပါ။ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများကို အင်္ဂလိပ်စာတန်းထိုးဖြင့် ကြည့်ပါ။ ထိုကဲ့သို့ ပြုလုပ်ပေးခြင်းအားဖြင့် တစ်ပတ်အတွင်း အာရုံစူးစိုက်နိုင်စွမ်းမြင့်မားလာပြီး ဆင်ခြင်တုံတရားလည်း တိုးမြင့်လာပါလိမ့်မယ်။
မိုးဇက်သီချင်းများ နားထောင်ကြည့်ပါ
ကမ္ဘာကျော်ဂီတပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ မိုးဇက်ရဲ့တေးသီချင်းများကို အလုပ်မလုပ်ခင်မှာ မိနစ် ၂၀၊ မိနစ် ၃၀ ခန့် နားထောင်ကြည့်ပါ။ ထိုကဲ့သို့ နားထောင်ခြင်းသည် သင့်ရဲ့စိတ်ကို ငြိမ်းအေးစေမှာဖြစ်ပြီး ဦးနှောက်ရဲ့စွမ်းဆောင်ရည်လည်း ၁၅ ရာခိုင်နှုန်းခန့် ပိုမိုတိုးမြှင့်လာပါလိမ့်မယ်။
အိပ်ရေးဝဝ အိပ်စက်အနားယူပါ
သင့်ဦးနှောက်သည် တစ်ညလျှင် ၇ နာရီမှ ၈ နာရီခန့်အထိ အိပ်စက်အနားယူဖို့လိုအပ်ပါတယ်။ မီးပိတ်ပြီး အိပ်စက်ခြင်းသည် Melatonin ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး စိတ်ဖိစီးမှုများကို လျော့ချပေးပါတယ်။ တကယ်လို့ မီးဖွင့်ပြီး အိပ်ပါက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပြီး စိတ်ဖိစီးမှုဟော်မုန်းများကိုလည်း ထွက်ပေါ်စေပါတယ်။ ဒါ့ကြောင့် သင် အိပ်စက်အနားယူတဲ့အခါ သင့်ရဲ့အခန်းသည် လေဝင်လေထွက်ကောင်းပြီး အမှောင်ချထားဖို့လည်း လိုအပ်ပါတယ်။
ဦးနှောက်ကို အလုပ်ပေးရသော ဂိမ်း များများဆော့ပါ
Photo Source: Crello.com
စစ်တုရင်ကစားခြင်း၊ စာလုံးဆက်ခြင်း၊ ကျားထိုးခြင်း စတဲ့ ဂိမ်းများသည် ဦးနှောက်ရဲ့စဉ်းစားနိုင်စွမ်းကို ၁၀ ရာခိုင်နှုန်းခန့် တိုးမြင့်ပေးပါတယ်။ ဒါ့ကြောင့် ထိုဂိမ်းများထဲမှ မိမိကြိုက်နှစ်သက်ရာ ဂိမ်းတစ်မျိုးမျိုးကို တစ်ပတ်လျှင် ၂ ကြိမ် (သို့) ၃ ကြိမ်ခန့် ဆော့ကစားပေးပါ။ ၂ ပတ်ခန့်ကြာတဲ့အခါ သင့်ဦးနှောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းနှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းက သိသိသာသာတိုးမြှင့်လာတာကို တွေ့ရပါလိမ့်မယ်။
မှတ်ဉာဏ်တက်စေမယ့် အစားအစာ များများစားသုံးပါ
Photo Source: Cookinglight.com
ငါးအမျိုးမျိုး၊ Dark Chocolate ၊ ချိစ်၊ သံလွင်ဆီ၊ မုန်လာဥဖြူ၊ ကြက်သွန်ဖြူ၊ ဟင်းနုနွယ်၊ ငှက်ပျောသီး၊ ပန်းသီးဖျော်ရည်၊ ငုံးဥ စတဲ့အစားအစာများသည် ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို မြင့်မားစေပြီး မှတ်ဉာဏ်ကောင်းစေတာကြောင့် များများစားသုံးပေးသင့်ပါတယ်။
Source: Brightside.me