သာယာလှပတဲ့မနက်ခင်းလေးကို ဒိန်ချဉ်တစ်ခွက် (သို့) ကော်ဖီပူပူလေးတစ်ခွက် (သို့) လိမ္မေဖျော်ရည်အေးအေးလေးတစ်ခွက်ဖြင့် အစပြုလေ့ရှိကြပါတယ်။ သင်ရော သင့်ရဲ့မနက်စာကို ထိုအစားအစာများဖြင့် အစပြုနေပါသလား။ အချို့သော အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းပေမယ့် ဘာအစာမှ မစားရသေးခင်၊ ဗိုက်ထဲမှာ အစာမရှိတဲ့အချိန်မှာတော့ မစားသင့်ပါဘူး။
ကျန်းမာရေး လိုက်စားတဲ့ ယောကျာ်းများအတွက် ဗိုက်ထဲမှာ အစာမရှိသည့်အခါ စားသုံးသင့်တဲ့အစားအစာများနှင့် မစားသုံးသင့်တဲ့အစားအစာအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
မစားသင့်သော အစားအစာများ
အချိုစာများ
အချိုဓာတ်လွန်ကဲတဲ့အစားအစာများသည် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့အတွက်ကြောင့် မနက်နိုးနိုးချင်းမှာ မစားသုံးသင့်ပါဘူး။ ဆီးချိုရောဂါ ခံစားရစေနိုင်ပါတယ်။
ဒိန်ချဉ်နှင့် အချဉ်ဖောက်ထားသော အခြားနို့ထွက်ပစ္စည်းများ
ဒိန်ချဉ်ကို ဘာအစားမျှ မစားရသေးခင် စားမိမယ်ဆိုရင် ဝမ်းဗိုက်ထဲရှိ ကောင်းသောဘက်တီးရီးယားများကို သေစေနိုင်တာကြောင့် ခန္ဓာကိုယ်အတွက် ဘာကောင်းကျိုးမှ ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးထဲမှာ Tannic အက်ဆစ်ဓာတ်များ မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် အစား မစားရသေးခင် စားသုံးမိပါက အစာအိမ် အချဉ်ပေါက်သွားပါလိမ့်မယ်။
ငှက်ပျောသီး
ငှက်ပျောသီးကို အစား မစားရသေးခင် စားသုံးမိပါက ငှက်ပျောသီးထဲမှာပါဝင်တဲ့ မဂ္ဂနီစီယမ်ဓာတ်က သွေးထဲမှာ များပြားလာပြီး နှလုံးကိုတောင် ထိခိုက်စေနိုင်ပါတယ်။
ဒါ့အပြင် ဂက်စ်ပါသော အအေးများ၊ အချဉ်ဓာတ်များပြားသော သစ်သီးများ၊ စပ်သောအစားအစာများ၊ သခွားသီးနှင့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ တဆေးပါသော မုန့်ဖုတ်အစားအစာများ စတဲ့အစားအစာတွေကိုလည်း ဗိုက်ထဲဘာအစာမှ မရှိသေးခင်မှာ မစားသင့်ပါဘူး။
စားသုံးသင့်တဲ့ အစားအစာများကတော့…
ဥအမျိုးမျိုး
သုတေသနလေ့လာချက်များအရ ကြက်ဥကဲ့သို့ အစားအစာများကို စားသုံးခြင်းသည် ကယ်လိုရီပမာဏလွန်ကဲမှုကို ထိန်းချုပ်ပေးနိုငတဲ့အတွက်ကြောင့် မနက်စောစောအချိန်မှာ စားသုံးပေးသင့်ပါတယ်။
ဖရဲသီး
ဗိုက်ထဲ အစာမရှိတဲ့အချိန်မှာ ဖရဲသီး စားသုံးခြင်းသည် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် သင့်တော်ပါတယ်။ ဒါ့အပြင် မျက်စိကျန်းမာရေး၊ နှလုံးကျန်းမာရေးအတွက်လည်း အထောက်အပံ့ပေးနိုင်ပါတယ်။
ပျားရည်
ပျားရည်ကို မနက်ခင်းမှာ စားသုံးခြင်းက သင့်ခန္ဓာကိုယ်ကို နိုးကြားတက်ကြွစေပြီး တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ စွမ်းအင်နှင့် ခွန်အားများကို ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပျားရည်သည် သင့်ရဲ့ဦးနှောက်ကို လှုံ့ဆော်ပေးတဲ့အတွက်ကြောင့် ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း မြင့်တင်ပေးပါတယ်။
Source: Brightside.me