အိပ်ရေးဝဝ အိပ်စက်ခြင်းသည် သင့်ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ညဘက်မှာ အိပ်ရေးဝဝ အိပ်စက်မှသာလျှင် တစ်နေ့ခင်းလုံး လန်းဆန်းတက်ကြွနေမှာဖြစ်ပါတယ်။ ညဘက်မှာ ကလေးလေးတစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း (သို့) တစ်ညလုံး အိပ်လို့မရဘဲ လူးလိမ့်နေရခြင်းသည် သင် ညအိပ်ရာ မဝင်ခင်မှာ စားသုံးတဲ့အစားအစာတွေပေါ် မူတည်ပါတယ်။

ဒါ့ကြောင့် အိပ်ရေးဝဝ အိပ်စက်ချင်တဲ့ ယောကျာ်းများအတွက် ညအိပ်ရာမဝင်ခင်မှာ စားသုံးသင့်တဲ့အစားအစာများနဲ့ မစားသင့်တဲ့အစားအစာအချို့ကို ဝေမျှပေးလိုက်ရပါတယ်။

မစားသင့်တဲ့အစားအစာများကတော့ …

အသားညှပ် ချိစ်ဘာဂါ

cheese burger for men

အသင့်စားအစားအစာများသည် သင့်ကျန်းမာရေးအတွက်သာမက သင့်ရဲ့အိပ်စက်ခြင်းအတွက်လည်း မကောင်းပါဘူး။ အသားပြားထဲမှာ အဆီဓာတ်အများအပြားပါဝင်ပြီး အစာအိမ်ရှိ အက်ဆစ်ကို လှုံ့ဆော်လိုက်တာကြောင့် ရင်ပူစေကာ အိပ်မရဖြစ်စေပါတယ်။

ဝိုင်

wine for men

အယ်လ်ကိုဟောပါဝင်တဲ့ အရက်၊ ဘီယာနှင့် ဝိုင်တို့သည် ဆီးရွှင်စေတဲ့ဖျော်ရည်တွေဖြစ်တဲ့အတွက်ကြောင့် အိပ်ပျော်နေစဉ်အတွင်း မကြာခဏ အပေါ့သွားချင်အောင် ဖန်တီးပေးပါလိမ့်မယ်။ အိပ်ရေးပျက်စေတဲ့အပြင် ဟောက်သံကိုလည်း ပိုမိုကျယ်လောင်စေတဲ့ ဖျော်ရည်တစ်မျိုးပါ။

Dark Chocolate

dark chocolate for men

ချောကလက်တွေထဲမှာ အထူးသဖြင့် Dark Chocolate ထဲမှာ ကာဖိန်းဓာတ်များ ပါဝင်တဲ့အတွက်ကြောင့် ဦးနှောက်ကို လန်းဆန်းတက်ကြွနေအောင် လှုံ့ဆော်ပေးပြီး နှလုံးခုန်နှုန်းကိုလည်း မြန်ဆန်စေပါတယ်။ နောက်ဆက်တွဲဆိုးကျိုးကတော့ အိပ်မရရောဂါ ခံစားရစေမှာပဲဖြစ်ပါတယ်။

ကြက်သား

chicken curry for men

ကြက်သားထဲမှာပါဝင်တဲ့ ပရိုတင်းဓာတ်က အစာချေစနစ်ကို ၅၀ ရာခိုင်နှုန်းခန့် နှေးကွေးစေပါတယ်။ သင် အိပ်ပျော်နေပေမယ့် သင့်ခန္ဓာကိုယ်က အနားမရသေးဘဲ မကြေညက်သေးတဲ့အစားအစာများကို ချေဖျက်နေရဦးမှာပါ။

စပ်သော အစားအစာများ

spicy food for men

Photo Source: Marigoldmaison.com

ညအိပ်ရာဝင်ခါနီးမှာ စပ်တဲ့အစားအစာများကို စားသုံးမိပါက ရင်ပူပြီး ဝမ်းဗိုက်ပြဿနာကိုလည်း ခံစားရစေပါတယ်။ အိပ်ရေးပျက်စေတဲ့အစားအစာကို ညအိပ်ရာဝင်ချိန်နှင့် ခွာကာ စားသောက်သင့်ပါတယ်။

စားသုံးသင့်တဲ့အစားအစာများကတော့ …

ငှက်ပျောသီး

banana for men

ငှက်ပျောသီးထဲမှာ ပါဝင်တဲ့ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့က ကြွက်သားများကို အားပြန်ဖြည့်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူနိုင်အောင် ကူညီပေးနိုင်ပါတယ်။

နွားနို့

milk for men

နွားနို့ထဲမှာပါဝင်တဲ့ Tryptophan ခေါ် အမိုင်နိုအက်ဆစ်ဓာတ်က ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက်နှင့် အချိန်ကြာကြာ အိပ်စက်အနားယူနိုင်အောင် ကူညီပေးနိုင်ပါတယ်။

ချယ်ရီသီးများ

cherries for men

ချယ်ရီသီးထဲမှာ ပါဝင်တဲ့ Melatonin ဓာတ်က အိပ်ချင်စိတ်ကို လှုံ့ဆော်ပေးပြီး အိပ်ရေးဝဝ အိပ်စက်အနားယူနိုင်အောင် ကူညီပေးပါတယ်။

Source: Brightside.me