ကျန်းမာရေးကို မထိခိုက်စေဘဲ တစ်ပတ်အတွင်း ပေါင် ၃၀ လောက်ကျသွားစေမယ့် မှော်ဆေးလုံးမျိုးတော့ ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ ဒါပေမဲ့ အမှန်အကန်ဝိတ်ကျစေပြီး ဗိုက်မှာစုနေတဲ့ အဆီပိုတွေကို ဖယ်ရှားပေးရာမှာ ကူညီပေးနိုင်တဲ့ ပါဝင်ပစ္စည်း (၄) မျိုးတော့ရှိပါတယ်။
ထိုပါဝင်ပစ္စည်း (၄) မျိုးကတော့ နံနံပင်၊ သခွားသီး၊ တရုတ်နံနံနှင့် နာနတ်သီးတို့ပဲဖြစ်ပါတယ်။ ထိုပါဝင်ပစ္စည်း (၄) မျိုးကို သမအောင် ရောမွှေပြီး နေ့စဉ်ဖျော်သောက်ပေးမယ်ဆိုရင်တော့ တစ်ပတ်အတွင်း ထူးခြားတဲ့ရလာဒ်ကို မြင်တွေ့ရပါလိမ့်မယ်။

လိုအပ်မယ့် ပမာဏကတော့ တရုတ်နံနံ ၁ ချောင်း၊ သခွားသီး အလတ်ဆိုဒ် ၁ လုံး၊ နံနံပင် ၁ စည်း၊ နာနတ်သီး ၃ စိပ်တို့ပဲဖြစ်ပါတယ်။ အရင်ဦးဆုံး ဟင်းသီးဟင်းရွက်များကို သန့်စင်အောင် ရေဖြင့် ဆေးကြောလိုက်ပါ။ နာနတ်သီးအခွံကိုလည်း ဖယ်ရှားလိုက်ပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်ကာ သမအောင် မွှေဖျော်ပေးလိုက်ပါ။
ဆား၊ ငရုတ်ကောင်းမှုန့်၊ သကြား စတဲ့ အခြားတန်ဆာပလာများလည်း ထပ်ထည့်စရာမလိုပါဘူး။ သူ့သဘာဝအရသာအတိုင်း ဖျော်သောက်ရပါမယ်။ နောက်တစ်ခုသတိထားရမှာကတော့ ဖျော်ရည်ပြုလုပ်ပြီးပြီးချင်း ၁၅ မိနစ်အတွင်း သောက်သုံးရပါမယ်။ ဒါမှ ဖျော်ရည်ရဲ့အာနိသင်များ မပျောက်ပျက်သွားမှာပါ။ မနက်အစောပိုင်းမှာ သောက်သုံးနိုင်ရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ အားကစားပြုလုပ်ခြင်း၊ အဆီအဆိမ့်များ လျော့စားပါက တစ်ပတ်အတွင် သိသာထင်ရှားတဲ့ရလာဒ်ကို မြင်တွေ့ရမှာပါ။
ထိုဖျော်ရည်ရဲ့အဓိကလျှို့ဝှက်ချက်က ဘာဖြစ်မလဲ

တရုတ်နံနံသည် ကယ်လိုရီနည်းနည်းပဲ ပါဝင်ပြီး အမျှင်ဓာတ်များ ကြွယ်ဝတဲ့အတွက်ကြောင့် အစာအိမ်အတွက် အထူးကောင်းမွန်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ အမျှင်ဓာတ်များသော အစားအစာများသည် ဝိတ်ကျဖို့အတွက် များစွာအထောက်အကူပြုပေးတယ်လို့ တွေ့ရှိရပါတယ်။
တရုတ်နံနံလိုပဲ သခွားသီးသည်လည်း အမျှင်ဓာတ်အများအပြားပါဝင်ပြီး ကယ်လိုရီလည်း နည်းပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ သခွားသီးမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်တဲ့အတွက်ကြောင့် သင့်ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝအောင် ကူညီပေးပြီး ခန္ဓာကိုယ်ကို ပုံကျပြီး ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် ကူညီပေးပါတယ်။
နံနံပင်လည်း အမျှင်ဓာတ်အများအပြားပါပါတယ်။ နာနတ်သီးကတော့ အရသာရှိပြီး စွမ်းအင်ပြည့်ဝစေတဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။
ထိုပါဝင်ပစ္စည်းလေးမျိုးရဲ့ ပေါင်းစပ်အာနိသင်ကို သိချင်တယ်ဆိုရင်တော့ သင်ကိုယ်တိုင် တစ်ပတ်တိတိဖျော်သောက်ကြည့်လိုက်ပါ။
Source: Brightside.me
