သောက်စရာတွေထဲမှာတော့ ဘီယာတွေဟာ အာဟာရဓါတ်တွေ အတော်များများ ပါတဲ့ ယမကာတစ်ခုဖြစ်ပါတယ်။ လေ့လာမှုတချို့အရဆိုရင် ဘီယာဟာ ကိုလက်စထရော Level ကို ပိုကောင်းမွန်စေပြီး သိမှတ်မှုဆိုင်ရာ ကျန်းမာရေးအားပေးတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဘီယာဟာ သောက်စရာ ယမကာဆိုတာထက် ပိုပါတယ်။ ဘီယာကိုလည်း ဝိုင်လိုပဲ သုံးပြီး ဟင်းချက်လို့ ရပါတယ်။

Photo: Mens Journal
ဘီယာနဲ့ နှုတ်မြိန်စာလုပ်လို့ ရပါတယ်။ ဘီယာနဲ့ လုပ်တာမို့ Kickin’ Beer Queso လို့ ခေါ်ကြပါတယ်။ ဘီယာ ၁၂ အောင်စ ၊ အဆီနည်းခရမ်ချိစ် ၈ အောင်စ ၊ မွှခြစ်ထားတဲ့ Cheddar ချိစ်အမာခဲ ၄ ခွက်စာ ၊ ခပ်သင့်သင့် ခရမ်းချဉ်သီး ၁ လုံး နဲ့ ကြက်သွန်ဖြူ ၂ လုံး လိုပါတယ်။ ဘီယာ ၊ နုတ်နုတ်ပါအောင်စင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ခရမ်ချိစ်တို့ကို အိုးတစ်လုံးထဲမှာ ထည့်ပြီး မီးမျှင်းမျှင်းနဲ့ အပူပေးရမှာပါ။
ချိစ်ပျော်ရုံပဲ မွှေပေးပြီးရင် မွှခြစ်ထားတဲ့ Chadder ချိစ်မျှင်လက်တစ်ဆုပ်စာကိုလည်း ထပ်ပြီး ပျော်အောင် မွှေရမှာပါ။ ပြီးရင်တော့ လှီးထားတဲ့ ခရမ်းချဉ်သီးထည့်ပြီး မီးအေးအေးနဲ့ မိနစ် ၃၀ လောက် ကြာအောင် ပေါင်းထားရမှာပါ။ ကျိုထားတဲ့ အနှစ်တွေ ပျစ်လာသလားဆိုတာကို ဇွန်းလေးနဲ့ နည်းနည်းလောက် ခေါက်ကြည့်ရင် သိနိုင်ပါတယ်။ ပြီးရင်တော့ ခပ်ပျစ်ပျစ်အခြေအနေမှာ အိုးတစ်လုံးထဲထည့်ပြီး တို့ဖူးပြားကြော် ၊ Pretzels နဲ့ ကိုယ်ကြိုက်တဲ့ အသီးလေးတွေနဲ့ တွဲစားနိုင်ပါတယ်။

Photo: Mens Journal
ဘီယာကို ပွဲကြီးဟင်း Main Dish အနေနဲ့ ချက်ရာမှာလည်း သုံးနိုင်ပါတယ်။ ဘီယာကြက်သားဟင်းအဖြစ် ပွဲကြီးဟင်းချက်မယ်ဆိုရင် ဘီယာခွက်ကြီးတစ်ခွက် ၊ ကြက်သား ၂ ပေါင် (အရိုးအသားပါ) ၊ သံလွင်ဆီ ခွက်တစ်ဝက် ၊ ဆားစားပွဲတင်ဇွန်း ၁ ဇွန်းခွဲ ၊ ငရုတ်ကောင်းဇွန်း တစ်ဝက် ၊ ကြက်သားမှုန့် ၁ ဇွန်း ၊ အော်ရီဂါနိုအခြောက် ၁ ဇွန်း ၊ ကြက်သွန်ဖြူနှစ်လုံး ၊ ကြက်သွန်နီစင်းပြီးသား ၃ ဇွန်းစာ ၊ အရည်ညှစ်ပြီးသား သံပရာသီး ၁ လုံး ၊ ဇီယာစေ့ ဇွန်းတစ်ဝက် ၊ စမုန်ဖြူရွက် ခွက်တစ်စိတ် အားလုံးကို တစ်ဂါလန်ဆန့် အပိတ်ပါ အိတ်ထဲမှာ ထည့် ၊ လေထုတ်ပြီး ပိတ်ထားပါ။
ပြီးရင် ဟင်းအမယ်အားလုံး သမသွားအောင် အိတ်ကို မွှေနယ်ပါ။ နှပ်ထားတဲ့ ဟင်းအမယ်တွေကို ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၂ နာရီ ဒါမှမဟုတ် တစ်ညသိပ်ထည့်ထားပါ။ ပြီးမှ အကင်ခုံကို အပူမပြင်းမပျော့ Medium Heat ပေးထားပြီး ကြက်သားတွေကို တစ်ဖက် ဆယ်မိနစ်စီ ကင်ပေးပါ။ ကင်ပြီးတာနဲ့ မီးရှိန်လျှော့ပေးပြီး ကြက်သားအတွင်းပိုင်းတွေပါ ကျက်အောင် နောက်ထပ် ၁၀ မိနစ် ထပ်ကင်ရမှာ ဖြစ်ပါတယ်။

Photo: Mens Journal
ဟင်းရံအနေနဲ့ ဘီယာပေါင်မုန့်လည်း လုပ်လို့ရပါတယ်။ ဂျုံမုန့် နှစ်ခွက်ခွဲခန့် ၊ မုန့်ဖုတ်ပေါင်ဒါ ၁ ဇွန်း ၊ ဆား ၁ ဇွန်း ဘီယာ ၁၂ အောင်စ ၊ Cheddar ချိစ် ၁ ခွက် ၊ ကြက်သွန်နီ ၁ လုံး ၊ အရည်ပျော်ထောပတ် ၂ ဇွန်း တို့သုံးပြီး လုပ်ရမှာ ဖြစ်ပါတယ်။ အရင်ဆုံး မုန့်ဖုတ်မယ့် ပေါင်းဖို Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်နဲ့ အပူပေးပါ။ ပေါင်မုန့်ဖုတ်မယ့် ဒယ်ပိုင်းကို ထောပတ်လူးထားပါ။
ကျန်တဲ့ ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်တစ်လုံးထဲမှာ ရောနယ်ပြီး ဘီယာလောင်းထည့်ပါ။ ကြက်သွန်နီနဲ့လည်း ကျန်တဲ့ ပစ္စည်းတွေသမသွားပါစေ။ Cheddar ချိစ်ခွက် ၄ ပုံ ၃ ပုံစာကို ငြင်ငြင်သာသာ ခေါက်လိပ်ထားပါ။ ပြီးရင် ပေါင်မုန့်ဒယ်ပိုင်းထဲနယ် အရည်ပျော်ထောပတ်ကို မုန့်ပေါ်ကနေ လောင်းပေးပါ။ နာရီဝက်လောက် ဖုတ်ပြီးတာနဲ့ အပေါ်ကနေ ချိစ်နဲ့ ထပ်ဖြူးပြီး Oven ထဲ ၁၅ မိနစ်လောက် ထည့်ထားရမှာပါ။
ပြီးရင် ဒယ်ပိုင်းထဲကနေ ၁၅ မိနစ်လောက် အပြင်မှာ ချထားပြီး အအေးခံပြီးရင် အရသာရှိရှိ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။
