ခရီးသွားခြင်းသည် စိတ်လက်အပန်းပြေစေပြီး စိတ်ဖိစီးမှုများကိုလည်း ပြေလျော့စေပါတယ်။ တစ်နှစ်လျှင် အနည်းငယ် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ခရီးသွားဖို့ လိုအပ်ပါတယ်။ ဒါမှ စိတ်ဖိစီးမှုများ ပြေပျောက်ပြီး မိမိရဲ့လုပ်ငန်းတာဝန်များကို စွမ်းအင်အပြည့်နဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

မြန်မာပြည်တွင် ဈေးနှုန်းသက်သက်သာသာဖြင့် လည်ပတ်လို့ကောင်းတဲ့ နေရာအများအပြားရှိတဲ့အတွက်ကြောင့် ရက်ရှည်ရုံးပိတ်ရက်ဆိုလျှင် ထိုနေရာများတွင် ခရီးသွားများနဲ့ ပြည့်နှက်လို့နေပါတယ်။ အချို့ကလည်း မိသားစုလိုက် ခရီးသွားခြင်း၊ သူငယ်ချင်းမိတ်ဆွေအပေါင်းအပါများနှင့် ခရီးသွားကြပါတယ်။

တကယ်တော့ အစုအဖွဲ့နှင့် ခရီးသွားခြင်းထက် တစ်ကိုယ်တည်းခရီးသွားခြင်းက ကောင်းကျိုးအမြောက်အမြားရရှိနိုင်ပါတယ်။

လွတ်လွတ်လပ်လပ်ဖြင့် သွားလာနိုင်ခြင်း

man travel alone

Photo Source: Tripatini.com

တစ်ယောက်တည်း ခရီးသွားခြင်းသည် မိမိလည်ပတ်ချင်တဲ့နေရာ၊ မိမိလုပ်ချင်တဲ့အရာများကို စိတ်ကြိုက်လုပ်ဆောင်နိုင်ပြီး တားဆီးပိတ်ပင်မယ့်သူမရှိတဲ့အတွက်ကြောင့် စိတ်လက်ပေါ့ပေါ့ပါးပါးဖြင့် ခရီးထွက်နိုင်ပါတယ်။ မိမိနေချင်သလောက် စိတ်ကြိုက်နေနိုင်ပြီး အိမ်ပြန်မယ့်အချိန်ကိုလည်း တစ်ယောက်တည်း ဆုံးဖြတ်နိုင်တာကတော့ တစ်ယောက်တည်းခရီးသွားခြင်းရဲ့ ကောင်းကျိုးတွေပါပဲ။

ပြီးပြည့်စုံတဲ့ ခရီးတစ်ခုကို မိမိဘာသာ ဖန်တီးနိုင်ခြင်း

 

man travel alone

မိမိက ဘယ်လိုခရီးစဉ်မျိုး ဖန်တီးချင်သလဲ၊ ပိုက်ဆံချွေတာတဲ့ ဘတ်ဂျက်ခရီးမျိုးလား ဒါမှမဟုတ် Luxury ဆန်ဆန် ပိုက်ဆံလည်း အများကြီးအကုန်ကျခံချင်တာလား။ ဈေးနှုန်းသက်သာတဲ့ ဟော်တယ်မှာ တည်းချင်တာလား။ ဈေးကြီးတဲ့ ဇိမ်ခံဟော်တယ်မှာ တည်းချင်တာလားဆိုတာကို တစ်ယောက်တည်း စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။

စိတ်ရှုပ်စရာကောင်းသော အမူအကျင့်များကို သည်းခံစရာမလိုခြင်း

man travel alone

Photo Source: Fodors.com

သင်က သူငယ်ချင်းတွေအများကြီးနဲ့ ခရီးသွားဖူးတယ်ဆိုရင်တော့ ဒီခံစားချက်ကို သင် ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ်က စည်းကမ်းရှိရှိ နေထိုင်ပေမယ့် ကိုယ်နဲ့ တစ်ခန်းတည်းအိပ်တဲ့သူငယ်ချင်းက ကိုယ်နဲ့ အကျင့်စရိုက်ချင်းမတူရင် တော်တော်လေးကို သည်းခံရပါတယ်။ တစ်ယောက်တည်းခရီးသွားမယ်ဆိုရင်တော့ ဒီလိုစိတ်ရှုပ်စရာကောင်းတဲ့ အကျင့်စရိုက်တွေကို သည်းခံစရာမလိုတော့ပါဘူး။

ငြိမ်းအေးတိတ်ဆိတ်စွာဖြင့် အရာရာကို စဉ်းစားသုံးသပ်နိုင်ခြင်း

man travel alone

မိမိအနာဂတ်အတွက် ဘယ်လိုအစီအစဉ်တွေရှိမလဲ။ အခုလတ်တလောမှာ စိတ်ရှုပ်စရာ၊ ဖြေရှင်းစရာ ဘယ်လိုပြဿနာတွေရှိမလဲ စတဲ့ အရှုပ်အထွေးတွေကို တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် စိတ်အေးလက်အေး စဉ်းစားနိုင်ပါတယ်။

မိမိကိုယ်ကို ယုံကြည်ချက် တိုးမြှင့်လာခြင်း

man travel alone

Photo Source: Tripz.com

တစ်ယောက်တည်း ခရီးထွက်တဲ့အခါ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို မိမိဘာသာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ရခြင်းကြောင့် မိမိကိုယ်ကို ယုံကြည်ချက်ပိုမိုတိုးမြှင့်လာပြီး အဖော်မရှိလည်း အရာအားလုံးကို တစ်ယောက်တည်း လုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်လေး ခံစားရရှိနိုင်ပါတယ်။

Source: Travelnation.co.uk