သံပုယိုသီးတွင် ဗီတာမင်စီ မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် လူသားများရဲ့ကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်ဆိုတာကို အားလုံးသိပြီးသားဖြစ်ပါတယ်။ သံပုယိုသီးကို ဖျော်ရည်ဖျော်သောက်တဲ့အခါပဲဖြစ်ဖြစ် ဟင်းချက်တဲ့အချိန်ပဲဖြစ်ဖြစ် ထည့်သွင်းအသုံးပြုကြသည့်အပြင် အအေးမိ၊ ဖျားနာခြင်းကို ကုသဖို့အတွက်လည်း သံပုယိုသီးကို အသုံးပြုနိုင်ပါတယ်
သံပုယိုသီးက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကတော့ အံ့မခန်းပါပဲ။ အထူးသဖြင့် ယောကျာ်းများအတွက် သူတို့အိပ်ရာဘေးနားတွင် သံပုယိုသီး ထားအိပ်ပါက အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။
စိတ်တည်ငြိမ် အေးချမ်းခြင်း

သံပုယိုသီးရနံ့က အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး စိတ်ရှုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ တစ်နေ့တာလုံး အလုပ်ကြောင့် ပင်ပန်းနေတဲ့အခါ သံပုယိုသီးရနံ့ဖြင့် အိပ်စက်လိုက်ခြင်းအားဖြင့် စိတ်ဖိစီးမှုများ၊ ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်သွားပါလိမ့်မယ်။
အာရုံစူးစိုက်နိုင်မှု မြင့်မားလာခြင်း

သံပုယိုသီးရဲ့ရနံ့ကို နေ့စဉ်ရှူရှိုက်ခြင်းအားဖြင့် မှတ်ဉာဏ်စွမ်းအားတိုးမြှင့်လာပြီး စိတ်ကျန်းမာရေးလည်း ကောင်းမွန်လာပါတယ်။ သံပုယိုသီးရဲ့ရနံ့က အာရုံစူးစိုက်မှု မြင့်မားအောင် ကူညီပေးတဲ့အတွက်ကြောင့် ဂျပန်သိပ္ပံပညာရှင်များက သင့်အလုပ်စားပွဲနားတွင် သံပုယိုသီးရနံ့ ရရှိအောင် လုပ်ဆောင်ခြင်းသည် အမှားနည်းအောင် ကူညီပေးနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
စိတ်ခံစားချက် ကောင်းမွန်လာခြင်း

သံပုယိုသီးရနံ့ဥည် စိတ်ကျရောဂါကို ကုသပေးနိုင်ပါတယ်။ အကြောင်းအရာတစ်ခုခုကြောင့် စိတ်ဓာတ်ကျလာပါက သံပုယိုသီးရနံ့ဖြင့် ကုသနိုင်ပြီး မိနစ်ပိုင်းအတွင်း စိတ်ပျော်ရွှင်လာပါလိမ့်မယ်။
ဘက်တီးရီးယားပိုးမွှားများ ကင်းစင်ခြင်း

သံပုယိုသီးက ရနံ့မွှေးရုံတင်မကဘဲ ဘက်တီးရီးယားပိုးမွှားများကိုလည်း သေစေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ သင့် အိပ်ခန်းတွင်းရှိလေကို သန့်စင်ပေးပြီး လေကောင်းလေသန့်ရရှိအောင် ကူညီပေးပါတယ်။
သွေးတိုးရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးခြင်း

သွေးတိုးသမားများအနေဖြင့် သံပုယိုသီးကို အိပ်ရာဘေးနား ထားအိပ်ပါက သွေးထပ်မတိုးတော့အောင် ကူညီပေးနိုင်ပါတယ်။ သံပုယိုသီးရနံ့က သွေးတိုးရောဂါကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
အင်းဆက်ပိုးမွှားတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရတော့ဘူး

ပုရွက်ဆိတ်၊ ခြင်း၊ ယင်နှင့် အခြားသော ပိုးမွှားများသည်လည်း သံပုယိုသီးရနံ့ကို မခံနိုင်တဲ့အတွက်ကြောင့် အနံ့အသက်ပြင်းပြီး ဈေးကြီးတဲ့ အင်းဆက်ဖြန်းဆေးတွေ အသုံးပြုမယ့်အစား သံပုယိုသီးအသုံးပြုပါ။ သံပုယိုသီး (သို့) သံပုရာသီးကို ထက်ခြမ်းခြမ်းပြီးနောက် လေးညှင်းပွင့်လေး ထိုးစိုက်ပေးထားမယ်ဆိုရင် အင်းဆက်ပိုးမွှားများ ဝေးဝေးပြေးသွားပါလိမ့်မယ်။
Source: Brightside.me
