Grooming ဆိုတာ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ခန့်ညားသပ်ရပ်သွားအောင် ပြုပြင်တာကို ပြောတာပါ။ ရှင်းရှင်းပြောရရင် အလှပြင်တာပါပဲ။ ယောင်္ကျားတစ်ယောက်အတွက် Grooming ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ကြည့်ကောင်းဖို့ အလှကုန်ပစ္စည်းသုံးတာ ၊ Haircare ၊ Skin Care လုပ်တာကနေ ရေချိုး မျက်နှာသစ်တာအထိ ပါပါတယ်။ အခုပြောမှာကလည်း ယောင်္ကျားလေး အများစု လုပ်မိတတ်ကြတဲ့ Grooming အမှားတွေအကြောင်းပဲ ဖြစ်ပါတယ်။

(၁) ဆံပင်မညှပ်ဘဲ မဟားဒရားအရှည်ထားခြင်း

attractive-bearded-man-portrait-with-sunglasses

Photo: Freepik

ဆံပင်အရှည်ထားတဲ့ ယောင်္ကျားလေး အတော်များများ လုပ်တတ်တဲ့ ပထမဆုံး Grooming အမှားက ဆံပင်လုံးဝ မညှပ်ဘဲ အကြာကြီးနေတာပဲ ဖြစ်ပါတယ်။ တကယ်က ယောင်္ကျားတစ်ယောက်ဟာ အနည်းဆုံး တစ်လတစ်ကြိမ်လောက် ဆံပင်ညှပ်ဆိုင်သွားပြီး ဆံပင်ပြုပြင်ပုံသွင်းပေးသင့်ပါတယ်။ ဆံပင်မညှပ်တောင် Haircare လုပ်တာမျိုး ဖြစ်ပါတယ်။ ဒါမှ ဦးရေပြားနဲ့ ဆံသားကျန်းမာရေး စောင့်ရှောက်ပြီးသား ဖြစ်သလို Hair Design အတွက်လည်း တစ်ပါတည်း ပုံသွင်းပြီး ဖြစ်မှာပါ။

(၂) Hair Products အလွန်အကျွံ သုံးခြင်း

man-straighten-hair-holding-cream-isolated

Photo: Freepik

နံပါတ်နှစ်အချက်အနေနဲ့ ကျွန်တော်တို့ အတော်များများဟာ ဆံပင်ပုံသွင်းပစ္စည်းတွေ လိုတာထက် ပိုသုံးနေမိတယ်ဆိုတာပါပဲ။ Hair Spray တို့ Gel တို့ ဆိုရင်လည်း တစ်နေရာတည်းမှာ ပုံသွားအောင် သုံးနေမိခြင်းဟာ ဆံပင်ကို ပျက်စီးစေတဲ့ အကျင့်ပါပဲ။ Medium လို ဆံပင်မတိုမရှည်သမားတွေနဲ့ ဆံပင်တို ထားတဲ့သူတွေဆို ဆံပင်အားဖြည့်ပြီး အစိုထိန်းဖို့အတွက် Cream အနည်းငယ် သုံးပေးနိုင်ပါတယ်။ မဟုတ်ရင်လည်း Pomade နဲ့ ပုံသွင်းနိုင်ပါတယ်။ Hair Products တွေဟာ ဓါတုပစ္စည်းတွေနဲ့ ဖော်စပ်ထားတာ ဖြစ်လို့ များများသုံးတာဟာ ဆံပင်နဲ့ ဆံသားကို ပျက်စီးစေနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။

(၃) Shaving Cream စနစ်တကျ မလိမ်းခြင်း

close-up-portrait-serious-man-with-shaving-foam

Photo: Freepik

မုတ်ဆိတ်ထားတဲ့ အမျိုးသားတွေကို မှာချင်တာက မုတ်ဆိတ်ရိတ်မယ်ဆိုရင် Shaving Cream လေး ပွတ်ပြီးမှ ရိတ်ဖို့ ဖြစ်ပါတယ်။ တကယ်လို့ Shaving Cream မသုံးဘဲ မုတ်ဆိတ်ရိတ်မယ်ဆိုရင် ဓါးသားက တစ်နေရာတည်းကို နှစ်နေရာ သုံးနေရာ ထပ်တလဲလဲ ရိတ်ပေးရရာကနေ ဓါးရှတာ ၊ အရေပြား ယားယံတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က မုတ်ဆိတ်ရိတ်တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ အပေါ်ဆုံး အလွှာကို ဓါးနဲ့ လွှာချနေတာ ဖြစ်လို့ အပေါ်က ခရမ်လေး လိမ်းထားတာက အရေပြားအလွှာကို ကာကွယ်ပေးရာရောက်ပါတယ်။

(၄) Body Hairs တွေ မရှင်းလင်းခြင်း

young-man-using-deodorant

Photo: Freepik

Body Hair တွေက ကျောကုန်း ၊ ရင်ဘတ်နဲ့ လက်မောင်းအောက်တွေမှာ ပေါက်တာပါ။ Body Hairs တွေဟာ မုတ်ဆိတ်တို့ ဆံပင်တို့လို လူမြင်သာတဲ့နေရာမျိုးမှာ ရှိတာ မဟုတ်ပေမယ့် မျက်နှာပေါ်က Facial Hairs တွေလိုပဲ ပြုပြင်စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို နေရာတွေကို သန့်ရှင်းရေးလုပ်တာ ၊ Grooming လုပ်တာမျိုး လုပ်ပေးခြင်းအားဖြင့်လည်း ကိုယ့်ရဲ့ Grooming အဆင့်ကို မြှင့်တင်ပေးဖို့ လိုပါတယ်။

(၅) ကိုယ်နံ့ဆိုးခြင်း

man-sweaty-armpit-with-raised-hand

Photo: Freepik

Body Odor တွေ မကောင်းတာက အစားအသောက်နဲ့လည်း ဆိုင်သလို ၊ သုံးနေတဲ့ Colognes တွေနဲ့ အဆင်မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နံ့ ဆိုးတယ်ဆိုတာ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။ ဘက်တီးရီးယားဟာ အစိုဓါတ် Moisture ကြောင့် ဖြစ်တတ်ပါတယ်။ ဘက်တီးရီးယားတွေ မပေါက်ပွားချင်ရင် အမြဲတမ်း သန့်သန့်ရှင်းရှင်း နေတာ ၊ အစားအသောက် အနံ့ဆိုးတာတွေ ရှောင်ကြဉ်တာနဲ့ ရေမွှေးကောင်းကောင်းသုံးတာမျိုးလည်း လုပ်ပေးသင့်ပါတယ်။