အကောင်းမြင်စိတ်ရှိခြင်းသည် စိတ်နှလုံးငြိမ်းချမ်းစေပြီး ကျန်းမာရေးကောင်းမွန်စေပါတယ်။ စိတ်ပူပင်သောက ရောက်ရခြင်းမှ ကင်းဝေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ စိတ်ထဲမှာ မကောင်းမြင်စိတ်များ မရှိတဲ့အတွက်ကြောင့် မိမိကိုယ်ကို သံသယဝင်ခြင်း၊ အခြားသူကို မကောင်းမြင်ခြင်းမှ ကင်းဝေးပြီး မိမိအလိုရှိရာ ပန်းတိုင်ဆီသို့လည်း စောလျင်စွာ ရောက်ရှိနိုင်ပါတယ်။

သင့်အနေနဲ့ ယနေ့ကစပြီး အကောင်းမြင်စိတ်များ ထားရှိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးနိုင်ပါတယ်။

မိမိရဲ့အောင်မြင်မှုမှာသာ အာရုံစိုက်ထားပါ

man holding trophy; tips for men

လူအများစုက အခြားသူရဲ့အောင်မြင်မှုကို အသိအမှတ်ပြုကြပြီး အားကျတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အောင်မြင်မှုနဲ့ ပတ်သက်လာရင်တော့ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်ပြီး “ငါ လုပ်နိုင်ပါ့မလား” ဆိုတဲ့ သံသယစိတ်ကြီးက ဖျက်ဆီးနေပါတယ်။

အကောင်းမြင်စိတ်မွေးပြီး ကိုယ့်ကိုယ်ကို အကောင်းမြင်နိုင်ဖို့ရန်အတွက် ကိုယ့်ဆီမှာ ဘာရှိပြီးသားလဲ၊ ဘာတွေ လုပ်နိုင်သလဲ၊ ဘာတွေဆက်ကြိုးစားရမလဲဆိုတာကို ပုံမှန်သတိပေးပါ။ ကိုယ့်အတွင်းစိတ်က ကိုယ့်ကိုယ်ကို ဝေဖန်ပြစ်တင်နေတာကို နားမထောင်ပါနဲ့။ အတိတ်တွေက သင့်မှာ ဘယ်လိုအောင်မြင်မှုမျိုး ရရှိထားသလဲ၊ ထိုကဲ့သို့ အောင်မြင်မှုမျိုး ဆက်လက်ရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုသာ တွေးထားရပါမယ်။

သင် လေးစားအားကျရတဲ့သူကို စံနမူနာယူပါ

confident man

ထို ပုဂ္ဂိုလ်သည် သင့်နဲ့ ရွယ်တူလည်း ဖြစ်နိုင်သလို သင့်ထက် ငယ်တဲ့သူ၊ သင့်ထက် ကြီးတဲ့သူ၊ သင့်ရဲ့လုပ်ဖော်ကိုင်ဖက် (သို့) နာမည်ကြီးသော ဆယ်လီတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ထိုသူများကို စံနမူနာယူပြီး ကိုယ့်ဆီမှာ အခက်အခဲတစ်စုံတစ်ရာ ကြုံလာတဲ့အခါ ချောင်တစ်နေရာမှာ ထိုင်ငိုနေမယ့်အစား သူသာဆိုရင်တော့ ဘယ်လိုကိုင်တွယ်ဖြေရှင်မလဲဆိုတာကို စဉ်းစားကြည့်လိုက်ပါ။ ဒါဆိုရင် မကောင်းမြင်စိတ်များ စိတ်ထဲမှာ ပျောက်ကွယ်သွားပြီး လုပ်စရာရှိတာများကို ဆက်လက်လုပ်ဆောင်နိုင်ပါလိမ့်မယ်။

အနာဂတ်ကို ကြိုတင်မခန့်မှန်းပါနဲ့

aim for the target; tips for men

သင်က အနာဂတ်မှာ ဘာတွေလုပ်ချင်သလဲ၊ အနာဂတ် Plan ကို သေချာဆွဲထားပေမယ့် သင် မျှော်လင့်ထားသလို ဖြစ်မလာတာတွေလည်း ရှိနိုင်ပါတယ်။ အနာဂတ်သည် မရေရာတဲ့ အချိန်ကာလတစ်ခုဖြစ်ပါတယ်။ သင်က မနက်ရောက်ရင်တော့ ဘာတွေလုပ်ရမလဲဆိုတာကို စိတ်အားထက်သန်စွာ တွေးပြီး ညဘက်မှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူပေမယ့်လို့ မနက်ရောက်လာရင် အခြေအနေတွေက ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် အနာဂတ်ကို ဘယ်တော့မှ မခန့်မှန်းဘဲ မိမိလုပ်နိုင်သမျှ အကောင်းဆုံးကိုသာ လုပ်ဆောင်ပါ။ အဆိုးဆုံးကို မျှော်လင့်ထားပြီး ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့လည်း စဉ်းစားထားရပါမယ်။

သင့်ပတ်ဝန်းကျင်ကို အကောင်းမြင်စိတ်ရှိသူများနှင့်သာ ဝန်းရံထားပါ

surround positive energy; tips for men

အကောင်းမြင်စိတ်ရှိခြင်းသည် ကူးစက်တတ်သလို အဆိုးမြင်ဝါဒီသည်လည်း လူတစ်ယောက်မှ အခြားတစ်ယောက်သို့ ကူးစက်တတ်ပါတယ်။ အဆိုးမြင်စိတ်ရှိသူများနဲ့ ကြာကြာအချိန်ဖြုန်းတဲ့အခါ သင့်စိတ်ထဲမှာလည်း အဆိုးမြင်စိတ်များကသာ ကြီးစိုးထားပြီး ဒေါသ၊ မောဟ၊ မာန်မာနများနှင့်သာ ပြည့်နှက်နေပါလိမ်မယ်။ ဒါ့ကြောင့် အကောင်းမြင်စိတ် ရှိသူများနှင့်သာ အပေါင်းအသင်းပြုလုပ်သင့်ပါတယ်။

Photo Source: Freepik.com

Source: Realbuzz.com