လူတိုင်းဟာ လောကဓံဆိုတဲ့ အရာနဲ့ မလွဲမသွေ ကြုံကြရစမြဲပါ။ စိတ်ဓာတ်မကြံ့ခိုင်သူများအဖို့ လောကဓံရဲ့ ရိုက်ပုတ်မှုဒဏ်ကို ခံနိုင်ရည် မရှိဘဲ အလဲလဲအပြိုပြို ခံကြရပါတယ်။ လောကဓံရဲ့ ရိုက်ပုတ်ကျီစယ်မှုဟာလည်း အတော်ကို ပြင်းထန်ဆိုးရွားလွန်းလှပါတယ်။ ဒီလို ပြင်းထန်တဲ့ လောကဓံကို ဘယ်လိုရင်ဆိုင်ကြမလဲ……
Source : Freepik
လောကဓံဆိုတာ စိန်ခေါ်မှုတစ်မျိုးပါ။ လူတိုင်း လောကဓံကို ရင်ဆိုင်ရစမြဲပါ။ ဒီလို လောကဓံတရားနဲ့ တွေ့တဲ့အခါမှာ ကိုယ်က ကြောက်ရွံ့မနေဘဲ လောကဓံကို စိန်ခေါ်မှုအဖြစ် ပြောင်းလဲခံစားတတ်ရပါမယ်။ ဒီလို စိန်ခေါ်မှုကို ကိုယ်က ဘယ်လို ပြန်လည် တုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။
စိန်ခေါ်မှုကို လူတိုင်းကြိုက်ကြပါတယ်။ဘယ်လို ကြောက်တတ် စိုးရွံ့တတ်သူဖြစ်နေပါစေ။ စိန်ခေါ်မှုကိုတော့ လူတိုင်းကြိုက်နှစ်သက်ကြသူတွေချည်းပါပဲ။ လူတွေဟာ စိန်ခေါ်မှု ၊ အသစ်အဆန်းဖြစ်မှုနဲ့ အပြောင်းအလဲကို လူတိုင်း လိုလားကြပါတယ်။ အပြောင်းအလဲ မကြိုက်ဘူးလို့ တွင်တွင် ငြင်းဆိုနေသူတွေတောင် ပြောင်းလဲမှုကို ကြိုက်ကြပါတယ်။
Source : Freepik
လောကဓံကို ရဲရဲကြီး ရင်ဆိုင်ပါ။အထက်က ပြောခဲ့သလိုပါပဲ။ ကြုံတွေ့ရတဲ့ လောကဓံတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ကြုံတွေ့ရသမျှ အားလုံးကို ကိုယ့်ရဲ့ ဘဝတက်လမ်းအတွက် စိန်ခေါ်မှုတွေလို သဘောထားပြီး ရင်ဆိုင်ကျော်ဖြတ်နိုင်မှသာ လောကဓံကို ရင်ဆိုင်နိုင်တဲ့သူဖြစ်မှာပါ။