ကိုယ်အလေးချိန် ခပ်မြန်မြန်ချဖို့ စဉ်းစားနေပါသလား။ အချိန်တိုအတွင်း သိသိသာသာဝိတ်ချချင်တဲ့သူတွေအတွက် တစ်ပတ်ကို ၅ ပေါင်ကနေ ၇ ပေါင်အထိကျစေမယ့် အထိရောက်ဆုံးနည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

Enjoying dinner with friends. top view of group of people having dinner together

Source : Freepik

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ တစ်နေ့ကို စားသုံးသင့်တဲ့ ကယ်လိုရီပမာဏဆိုတာ ရှိပါတယ်။ သင့်အနေနဲ့ အလျင်အမြန်ဝိတ်ချင်တယ်ဆိုရင်တော့ တစ်နေ့တာ ကယ်လိုရီကို တွက်ချက်စားသုံးပါ။ အတတ်နိုင်ဆုံး ကယ်လိုရီများတဲ့ အစားအသောက်တွေ ဆီကြော်စာတွေ အသင့်စားအစားအသောက်တွေကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။

ကိုယ်အလေးချိန် မြန်မြန်ကျချင်ရင်တော့ ကယ်လိုရီများများလောင်ကျွမ်းစေမယ့် လေ့ကျင့်ခန်းတစ်ခုခုကို ပြင်းပြင်းထန်ထန် ပြုလုပ်ရမှာဖြစ်ပါတယ်။ ရက်တိုစီမံကိန်းနဲ့ ဝိတ်ချရမှာဖြစ်တဲ့အတွက် အကောင်းဆုံးက ကိုယ့်ကိုယ်ကို သေချာတဲ့ဆုံးဖြတ်ချက် တစ်ခုချမှတ်ပြီး နေ့စဉ်ပုံမှန်ပြုလုပ်သွားရမှာဖြစ်ပါတယ်။

man tying her shoelaces before exercising

Source : Freepik

ဝိတ်အမြန်ချချင်တဲ့သူတွေအနေနဲ့ ပုံမှန်စားနေကျအစားအသောက်တွေအစား ပရိုတင်းဓာတ်ကို ပိုစားသုံးသင့်ပါတယ်။ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အယဟာရဓာတ်တစ်ခုဖြစ်သလို ခန္ဓာကိုယ်အတွင်းက ကယ်လိုရီတွေပိုမိုလောင်ကျွမ်းဖို့ တွန်အားပေးမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပရိုတင်းဓာတ်များများပါဝင်တဲ့ အသား ငါး၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုးနဲ့ အစေ့အဆန်တွေကို ပိုမိုစားသုံးပေးသင့်တာပဲဖြစ်ပါတယ်။

မနက်ခင်းနဲ့ ညနေပိုင်းတွေမှာတော့ ပြင်းပြင်းထန်ထန်အားကစားပြုလုပ်ပါရဲ့ နေ့လည်နေ့ခင်းမှာ ပြန်အိပ်နေမယ်ဆိုရင်တော့ ဝိတ်ကျမှာမဟုတ်ပါဘူး။ အဓိကနေ့လည်စာ စားပြီးပြီးချင်း ချက်ချင်းတန်းအိပ်တာတွေ ထိုင်ခုံပေါ်မှာတန်းထိုင်တာတွေ မအိပ်သော်လည်း အိပ်ရာပေါ်မှာ လှဲလျောင်းနေတာတွေစတာတွေဟာ ပင်ပင်ပန်းပန်းလုပ်ထားတဲ့ လေ့ကျင့်ခန်းတွေအကုန်လုံးကို ပျက်စီးစေမှာဖြစ်ပါတယ်။

 guy sleeping in bed wearing smartwatch or sleep tracker

Source : Freepik

နေ့လည်ဘက်မှာ မအိပ်နဲ့လို့ပြောပေမယ့် ညဘက်မှာတော့ အိပ်ချိန်ကို အထူးဂရုစိုက်သင့်ပါတယ်။ အရမ်းညဉ့်နက်မှ အိပ်တာတွေ ၊ အိပ်စက်ချိန်မမှန်ကန်တာတွေဟာ သင့်ကိုပိုပြီးကိုယ်အလေးချိန်တက်လာစေမယ့် အချက်တွေပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ညဘက် (၁၀) နာရီနဲ့ (၁၁) နာရီကြား အိပ်ယာဝင်သင့်တာဖြစ်ပြီး တစ်နေ့ကိုပျှမ်းပျှ (၇)နာရီခန့်အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။ အိပ်စက်ချိန်ဟာ ကိုယ်အလေးချိန်ချနေတဲ့သူတွေရော ကိုယ်အလေးချိန်တက်အောင်ကြိုးစားနေတဲ့ သူတွေအတွက်ပါ အရမ်းကိုအရေးကြီးပါတယ်။