Biker ဖက်ရှင်တွေဟာ တကယ့်ယောင်္ကျားတွေ စိတ်ကူးယဉ်ခဲ့ဖူးတဲ့ ဖက်ရှင်တွေပါပဲ။ Biker စတိုင်တွေက ကျွန်တော်တို့ မြင်တွေ့နေကျ ပြင်ပ Formal / Casual စတိုင်တွေနဲ့ကွာပါတယ်။ ဒီလို ပြောလို့ Biker ဖက်ရှင်တွေက ဆိုင်ကယ်ဦးထုပ် ၊ Boots နဲ့ ဂိုဏ်းစတားစတိုင်တွေလို့ မမြင်စေချင်ပါဘူး။

ရိုးသားစစ်မှန်တဲ့ Biker စတိုင်ဖက်ရှင်ဆိုတာ ကြည့်လိုက်ရင် ယောင်္ကျားပီပီသသ ဒေါင်ကျပြားကျနေနိုင်မှု ၊ စွန့်စားခန်းဖွင့်လိုစိတ် ရှိပြီး အတွေ့အကြုံအသစ်အဆန်းတွေနောက် လိုက်ချင်မှုကို ပြသနိုင်တဲ့ ဖက်ရှင်မျိုး ဖြစ်ပါတယ်။ Biker ဖက်ရှင်စတိုင်တွေမှာ လယ်သာဂျက်ကတ်နဲ့ အဖွဲ့လိုက်လျှောက်ပြီး ဆိုင်ကယ်ပတ်စီးနေတယ်ဆိုတာထက် ပိုတဲ့ ဖက်ရှင်မျိုးလည်း ရှိပါတယ်။ ကဲ အမိုက်စား Biker ဖက်ရှင်စတိုင်တစ်ခုမှာ ဘာတွေပါသလဲ ကြည့်လိုက်ရအောင်ပါ။

What to wear on motorcycle date

Photo: Blueorn

အရင်ဆုံး ဘာတွေ ဝတ်သင့်သလဲ နည်းနည်းလောက် ပြောချင်ပါတယ်။ Biker ဆိုရင် ကျွန်တော်တို့ အရင်ဆုံး မြင်မိတာက Leather ဂျက်ကတ်ဖက်ရှင်နဲ့ ခပ်ကြမ်းကြမ်း ဘဲကြီးတွေပါပဲ။ Leather ဂျက်ကတ်တွေကိုယ်တိုင်က အကြမ်းခံမှု ၊ ထက်မြက်စွန့်စားမှုကို ကိုယ်စားပြုနေတာပါပဲ။ ဒါပေမဲ့ နွေရာသီမှာ ချွေးစားခံ Biker ဖက်ရှင်နဲ့ လန်းချင်ရင် Leather Jacket ကိုမှ အကြမ်းခံဆုံး Full-Grain သားရေသားမျိုးကို ရွေးဖို့ ပြောချင်ပါတယ်။

တကယ်လို့ ရာသီဥတုက သိပ်ပူတာကြောင့် Leather Jacket မဝတ်ချင်ရင်လည်း ရပါတယ်။ ရိုးရိုး ဂျက်ကတ်အပါးကို ကာကီရောင် ၊ မီးခိုးရောင် ၊ အညိုရောင်မျိုးနဲ့ Overshirt စတိုင် အပေါ်ထပ် ဝတ်သွားလို့ ရပါတယ်။ ရိုးရိုး ဂျက်ကတ်ဝယ်မယ်ဆိုရင် ချည်သားကောင်းပြီး အပူအအေးမျှတစေမယ့် Light-Weight ချည်မျိုး ရွေးပေးသင့်ပါတယ်။ တကယ်လို့ ဂျက်ကတ်မရှိရင်လည်း Flannel Shirt ကို အပေါ်ဝတ် Overshirt အနေနဲ့ ထပ်ဝတ်နိုင်ပါတယ်။

Leathers ဂျက်ကတ်နဲ့အတူ တွဲဝတ်လို့ အကောင်းဆုံး ဘောင်းဘီက ဒူပေဒါပေ အကြမ်းပတမ်းခံတဲ့ Rugged Style Jeans ဘောင်းဘီမျိုး ဖြစ်ပါတယ်။ Jeans ဘောင်းဘီဟာ လွတ်လပ်မှုကို ခုံမင်တဲ့ ယောင်္ကျားတစ်ယောက်ကို ပုံဖော်တဲ့ နေရာမှာ တကယ်တော်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။ Jeans ဘောင်းဘီအနေနဲ့ အကြံပေးချင်တာက Levis 511 စီးရီး Slim Fit နဲ့ Stretch-Denim Jeans စတိုင်တွေက ခန္ဓာကိုယ်အချိုးအစားနဲ့ ကာလာတင်မှုမှာ မမှားနိုင်တဲ့ ရွေးစရာပါပဲ။

motorcycle-header

Photo: The Gentlemans Journal

Biker တစ်ယောက်အနေနဲ့ Biker Boots အရှည်ကြီးတွေ မဟုတ်တောင် High-Top Boot တွေ စီးတာ ကောင်းပါတယ်။ ယောင်္ကျားတွေ အကြိုက် Biker Boot တွေက အညိုရောင် နဲ့ အနက်ရောင်နှစ်မျိုးပဲ ရှိပါတယ်။ တခြား Accessories တွေ အနေနဲ့ အမိုက်စား နေကာမျက်မှန် နဲ့ မတော်တဆထိခိုက်မှုတွေကို ကာကွယ်နိုင်မယ့် Helmet နဲ့ လက်အိတ်လို Safety Gears တွေလည်း မမေ့မလျော့ ဝတ်ဆင်သွားဖို့လိုပါတယ်။