T-Shirt ဆိုတာ ယောင်္ကျားတိုင်းအတွက် အရိုးခံအဝတ်အစားလို ဖြစ်နေပါပြီ။ ပြောရရင် ယောင်္ကျားတစ်ယောက်ရဲ့ ဗီရိုထဲမှာ ပုံစံအမျိုးမျိုး ကာလာအမျိုးမျိုး တံဆိပ်အမျိုးမျိုးနဲ့ Tee ဖက်ရှင်တွေ အနည်းဆုံး ၇ ထည် ၈ ထည်လောက် ရှိတတ်ကြတာပါပဲ။ များသောအားဖြင့် Tees လို့ ခေါ်တဲ့ T-Shirt တွေကို Gym ကစားသွားဖို့နဲ့ Casual Day စတိုင် ပေါ့ပေါ့ပါးပါး ဝတ်ဖို့အတွက် ဝယ်ကြတာ ဖြစ်ပါတယ်။ တကယ်တော့ T-Shirt တွေကို သူ့နေရာနဲ့သူ စတိုင်ကျအောင် ဝတ်လို့ ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

(၁) ရုံးဖက်ရှင်

Plain White Tee and Dark Wash Jean

Photo: coolmaterial

ရုံးသွားရုံးပြန်ဖက်ရှင်ဆိုရင် Workplace Dress Codes တွေကိုပဲ ဦးစားပေးကြတာ များပါတယ်။ အခုချိန်မှာတော့ T-Shirt တွေဟာလည်း Office Wear ဖြစ်လာပါပြီ။ ရုံးမှာ Smart Casual ဖက်ရှင်မျိုး ဝတ်တာက ပိုကောင်းတာကြောင့် ရုံးတက်ဖို့ T-Shirt ဝယ်မယ်ဆိုရင် စမတ် Short Sleeve Tee မျိုး ဝယ်ပါ။ အရောင်အနေနဲ့ Classic White တို့ နက်ပြာ Navy ရောင်တို့ကို ပိုရွေးသင့်ပါတယ်။ တကယ်လို့ Smart Casu‌al Dressing မျိုး ဝတ်ချင်တယ်ဆိုရင် T-Shirt ကောင်းကောင်းကို Tailored Trousers နဲ့ Bomber Jacket တစ်မျိုးမျိုးနဲ့ တွဲဝတ်သင့်ပါတယ်။

(၂) Dating ဖက်ရှင်

Casual Shirts and men

Photo: Business Insider

Date Night တွေအတွက် ဘာဝတ်ရမလဲ စဉ်းစားနေတယ်ဆိုရင် စတိုင်ကျတဲ့ T-Shirt တစ်ထည်နဲ့ Slim Fit Jeans ဘောင်းဘီ ၊ Trainer အဖြူရောင် Shoes တို့ကို တွဲဝတ်သွားဖို့ အကြံပေးချင်ပါတယ်။ တကယ်လို့ အရက်ဘားမှာ ဘော်ဒါတွေနဲ့ တွေ့ဖို့ ချိန်းထားတယ်ဆိုရင် Bar Date မှာ Sport Coat ဖြစ်ဖြစ် Denim Jacket ဖြစ်ဖြစ်နဲ့ ဝတ်သွားတာ ပိုကောင်းပါတယ်။ T-Shirt Color ကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။

(၃) Nights Out ဖက်ရှင်

man with regular fit T-shirt

Photo: Lifestyleasia

ရုံးအားရက်ညတွေမှာ ဘော်ဒါတွေနဲ့ မြို့ထဲသွားပြီး Nights Out သွားသောက်ကြမယ်ဆိုရင် T-Shirt နဲ့လည်း Smart Casual ကျကျ Nights Out ထွက်လို့ကောင်းပါတယ်။ Tees စတိုင်ကို အစင်းပါ Striped Tees တွေလည်း ဝတ်လို့ ရပါတယ်။ အဓိကက ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိတဲ့ ဖက်ရှင်ဖြစ်ဖို့ပါပဲ။ Nights Out မှာ ဘောင်းဘီကိုတော့ Denim Jeans မျိုး ရွေးတာက ပိုလွတ်လပ်ပါလိမ့်မယ်။

(၄) Off-Duty Days ဖက်ရှင်

Off-Duty Days Fashion for man

Photo: Coolmaterial

ရုံးပိတ်ရက် အေးအေးဆေးဆေး ဟိုနားဒီနား သွားဖို့လောက် ဝတ်မယ်ဆိုရင် T-Shirt ကို Joggers ဒါမှမဟုတ် Track Pants ဘောင်းဘီနဲ့ တွဲဝတ်တာ အကောင်းဆုံးပါပဲ။ Casual Looks မျိုးဟာ Off-Duty Days တွေအတွက် အလိုက်ဖက်ဆုံးစတိုင် ဖြစ်ပါတယ်။ အားလပ်ရက် သက်တောင့်သက်သာရှိပြီး အေးအေးလူလူဖြစ်ဖို့အတွက် အရည်အသွေးကောင်းတဲ့ Cotton Tee မျိုး ရွေးဖို့လည်း အကြံပေးချင်ပါတယ်။