နေကာမျက်မှန်သည် မိန်းကလေးများအတွက်သာမက ယောကျာ်းများအတွက်ပါ မရှိမဖြစ်အသုံးတည့်တဲ့ အသုံးအဆောင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ မျက်လုံးတစ်ဝိုက်တွင် အရေးအကြောင်းများကာကွယ်ရန် နေပူထဲသွားတဲ့အခါ နေကာမျက်မှန်ကို မမေ့မလျော့ ဝတ်ဆင်သင့်ပါတယ်။

နေကာမျက်မှန် ဝယ်ယူရာမှာလည်း အရည်အသွေးကောင်းမွန်သော နေကာမျက်မှန်ကိုသာ ရွေးချယ်သင့်ပါတယ်။ အရည်အသွေးမကောင်းသော နေကာမျက်မှန်များသည် မျက်လုံးကို ထိခိုက်စေနိုင်တာကြောင့် အရည်အသွေးမကောင်းသော နေကာမျက်မှန်ဝတ်မယ့်အစား နေကာမျက်မှန်မဝတ်တာကမှ ပိုကောင်းပါသေးတယ်။

sunglasses for men

နောက်တစ်ချက် သတိထားရမှာကတော့ နေကာမျက်မှန်ဝယ်တဲ့အခါ မိမိမျက်နှာကျနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်များကို သေချာရွေးဝယ်သင့်ပါတယ်။ ယခုလက်ရှိခေတ်စားနေတဲ့ နောက်ဆုံးပေါ် နေကာမျက်မှန်ဒီဇိုင်းများကတော့

Wayfarer

sunglasses for men

ဒီမျက်မှန်ဒီဇိုင်းကတော့ မည်သည့်မျက်နှာကျမျိုးနဲ့မဆို လိုက်ဖက်တဲ့ မျက်မှန်ဒီဇိုင်းပဲဖြစ်ပါတယ်။

Aviator

sunglasses for men

ဒီဒီဇိုင်းလေးကတော့ မျက်နှာဝိုင်းတဲ့သူတွေကလွဲရင် အကုန်လုံးနဲ့ လိုက်ဖက်တဲ့ မျက်မှန်ဒီဇိုင်းပဲဖြစ်ပါတယ်။

Clubmaster

sunglasses for men

ဒီမျက်မှန်ဒီဇိုင်းကတော့ မျက်နှာဝိုင်းသူများ၊ လေးထောင့်စပ်စပ် မျက်နှာကျရှိသူများနှင့် ဘဲဥပုံမျက်နှာကျရှိသူများနဲ့ လိုက်ဖက်ပါတယ်။

အရောင်ဖြင့် ဘောင်ကွပ်ထားသော နေကာမျက်မှန်

sunglasses for men

ခေတ်ပေါ် ဖက်ရှင်များနဲ့ အသားကျနေသူများအတွက်ကတော့ ဒီမျက်မှန်သည် အလိုက်ဖက်ဆုံးပဲဖြစ်ပါတယ်။ မည်သည့်မျက်နှာကျမျိုးနဲ့မဆို လိုက်ဖက်ပါတယ်။

ဖရိန်ဝိုင်းသော နေကာမျက်မှန်

sunglasses for men

ဒီလိုနေကာမျက်မှန်ကတော့ လေးထောင့်မျက်နှာကျပိုင်ရှင်များ၊ အသည်းပုံမျက်နှာကျပိုင်ရှင်များနှင့် ဘဲဥပုံမျက်နှာကျပိုင်ရှင်များနဲ့ လိုက်ဖက်ပါတယ်။ မျက်နှာဝိုင်းသူများကတော့ ဖရိန်ဝိုင်းသော မျက်မှန်မျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

ရှေးခေတ်က နေကာမျက်မှန်ဒီဇိုင်း

sunglasses for men

ဒီမျက်မှန်ကတော့ ရှေးခေတ်ကပုံစံနဲ့ ယခုလက်ရှိစတိုင်လ် နှစ်မျိုးကို ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။ မည်သည့်မျက်နှာကျနှင့်မဆို လိုက်ဖက်ပါတယ်။

အပြာရောင်နေကာမျက်မှန်

sunglasses for men

ဒီမျက်မှန်ဒီဇိုင်းသည်လည်း မည်သည့်မျက်နှာကျနဲ့မဆို လိုက်ဖက်ပါတယ်။

Source: Nextluxury.com