ကျွနု်ပ်တို့ခန္ဓာကိုယ်ထဲမှာ ဘယ်လောက်ပဲ အန္တရာယ်များတဲ့ဒြပ်ပေါင်းတွေရှိနေပါစေ စိတ်ပူစရာမလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အသည်းသည် ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များအားလုံးကို စစ်ယူပေးလို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အသည်းကျန်းမာနေဖို့အတွက် အထူးဂရုစိုက်သင့်တာပါ။
အခုဖော်ပြပေးမယ့်အစားအစာများကို ပုံမှန်စားသုံးပြီး အသည်းကျန်းမာရေး ကောင်းမွန်အောင် ထိန်းသိမ်းနိုင်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူထဲမှာပါဝင်တဲ့ Selenium ဓာတ်သည် Antioxidants ျားကို ထုတ်လုပ်ပေးပြီး ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။
သံလွင်ဆီ
သံလွင်ဆီစစ်စစ်ကို မှီဝဲခြင်းသည် အသည်းရဲ့လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သံလွင်ဆီထဲမှာပါဝင်တဲ့ Lipids ဓာတ်သည် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို စားသုံးလိုက်တဲ့အတွက်ကြောင့် အသည်းသည်လည်း အလုပ်အလွန်အကျွံ လုပ်စရာမလိုတော့တဲ့အတွက်ကြောင့် အသည်းပျက်စီးမှာမဟုတ်တော့ပါဘူး။
Green Tea
Green Tea ထဲတွင် Catechines လို့ခေါ်တဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်ပါတယ်။ သိပ္ပံပညာရှင်များရဲ့ပြောကြားချက်အရ လက်ဖက်စိမ်းသောက်သုံးခြင်းသည် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်စေနိုင်တယ်လို့ သိရှိရပါတယ်။
Grapefruit သီး
Grapefruit သီးထဲတွင် ဗီတာမင်စီသာမက Glutathione ဓာတ်လည်း ပါဝင်ပါတယ်။ ထို Glutathione ဓာတ်သည် တစ်သျှူးများ ပြန်လည်ဖြစ်ပေါ်စေခြင်း၊ ပရိုတင်းဓာတ်များ ထုတ်လုပ်ပေးခြင်းနှင့် ကိုယ်ခံစွမ်းအားစနစ်ကိုလည်း ပြန်လည်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အသည်းရဲ့လုပ်ငန်းဆောင်တာများကိုလည်း ကူညီထောက်ပံ့ပေးပါတယ်။
ပန်းသီး
ပန်းသီးထဲတွင် ခန္ဓာကိုယ်နှင့် အူလမ်းကြောင်းထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့ Pectin ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အသည်းကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။
သံပုယိုသီးနှင့် သံပုရာသီး
ထိုသစ်သီးများသည်လည်း အသည်းရဲ့လုပ်ငန်းတာဝန်ကို ကောင်းမွန်စွာလုပ်ဆောင်ပေးနိုင်အောင် လှုံ့ဆော်ပေးပါတယ်။
ထောပတ်သီး
ထောပတ်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် ကေ နှင့် Glutathione ဓာတ်တို့သည် အသည်းပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ကိုလက်စတောပမာဏကို လျော့ချပေးနိုင်တဲ့အပြင် အသည်းအဆီဖုံးခြင်းမှလည်း ကာကွယ်ပေးပါတယ်။
Source: Brightside.me