အစားနဲ့ ပါးစပ်မပြတ်ဘဲ တစွတ်စွတ် စားနေမိပါသလား။ ဝိတ်ချဖို့ ဆုံးဖြတ်ထားပေမယ့် ခဏခဏ ဗိုက်ဆာလို့ စိတ်ညစ်နေရပြီလား။

အရင်ဦးဆုံး သင် ဘာ့ကြောင့် ဗိုက်ဆာနေရသလဲဆိုတာကို သိသင့်ပြီး သင် အမှန်တကယ် ဗိုက်ဆာနေတာဟုတ်ရဲ့လားဆိုတာကို ဆန်းစစ်သင့်ပါတယ်။ အခုဖော်ပြပေးမယ့်အချက်လေးတွေက သင့်ရဲ့လေ့လာစမ်းစစ်မှုအတွက် အထောက်အကူပြုပါလိမ့်မယ်။

ရေငတ်လို့

tips for men who want to lose weight

ခုနကလေးတင်ပဲ အစားစားပြီးတယ် အခု ထပ်ဆာနေပြန်ပြီလား။ ဒါဆိုရင် သင် ဘယ်အချိန်တုန်းက ရေသောက်ခဲ့သလဲဆိုတာကို ပြန်စဉ်းစားကြည့်လိုက်ပါ။ ပြီးရင် ရေ တစ်ခွက် သောက်ကြည့်ပြီးနောက် မိနစ်အနည်းငယ်ခန့် စောင့်ပါ။ ဒါဆိုရင်တော့ သင် အမှန်တကယ် ဗိုက်ဆာတာလား။ ရေငတ်လို့ ဗိုက်ဆာတာလားဆိုတာကို သိသွားပါလိမ့်မယ်။

ရေများများ သောက်ဖို့ ဘယ်လိုလေ့ကျင့်ရမလဲဆိုတော့ မနက်ခင်းမှာ ရေများများသောက်ပါ။ အစား မစားခင် နာရီဝက်ခန့်အလိုမှာ ရေများများသောက်ပေးဖို့ လိုပါတယ်။

ကယ်လိုရီဓာတ် နည်းပါးနေလို့

tips for men who want to lose weight

ကယ်လိုရီ အနည်းငယ်ခန့် စားသုံးခြင်းသည် အစား စားချင်စိတ်ကို လျော့ချပေးပြီး ရောင့်ရဲတင်းတိမ်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ သွားရေစာမုန့်များကို မစားသုံးဘဲ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကယ်လိုရီဓာတ်များကိုသာ စားသုံးသင့်ပါတယ်။

အိပ်ရေးမဝလို့

tips for men who want to lose weight

ည ၁၂ နာရီမထိုးခင် အိပ်ပျော်သွားခြင်းသည် ခန္ဓာကိုယ်ကို နုပျိုလန်းဆန်းစေပြီး အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်။ အိပ်ရေးဝဝ အိပ်စက်ခြင်းသည် သင့်ရဲ့ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ အရေးကြီးပါတယ်။

ပရိုတိန်းဓာတ် ချို့တဲ့နေလို့

tips for men who want to lose weight

ထမင်းစားတဲ့အခါ ပရိုတင်းဓာတ် ပြည့်ဝအောင်လည်း စားသုံးဖို့ လိုပါတယ်။ ပရိုတင်းဓာတ် လုံလောက်စွာရရှိမှသာလျှင် ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အချိန်အကြာကြီး ဗိုက်ပြည့်နေမှာပဲဖြစ်ပါတယ်။

စိတ်ဖိစီးနေလို့

tips for men who want to lose weight

Photo Source: Vaya.in

စိတ်ဖိစီးမှုနဲ့ ပတ်သက်လာရင် အမျိုးအစား (၂) မျိုး ခွဲခြားနိုင်ပါတယ်။ စိတ်ဖိစီးချိန်မှာ အစားလုံးဝ မစားတဲ့သူနဲ့ အစား အလွန်အကျွံ စားတဲ့သူဆိုပြီးဖြစ်ပါတယ်။ တကယ်လို့ သင်က ဒုတိယအမျိုးအစားဆိုရင်တော့ ဒီအချက်က သင့်အတွက်ပါပဲ။

အစားအလွန်အကျွံ မစားမိစေဘဲ စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ။ သူငယ်ချင်းတွေကို ဖုန်းခေါ်ပြီး စိတ်ပြေလက်ပျောက်စကားပြောပါ။ ပန်းခြံထဲ လမ်းလျှောက်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ စာဖတ်ပါ စတဲ့ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနိုင်ပါတယ်။

Source: Brightside.me