အရက်မသောက်တတ်တဲ့ ယောကျာ်းလေးဆိုတာ အခုခေတ်မှာ မရှိသလောက်ကို ရှားသွားပါပြီ။ ပတ်ဝန်းကျင်အခြေအနေအရ ငြင်းပယ်လို့မရတဲ့အခြေအနေတွေအရ စတဲ့အကြောင်းပြချက်တွေများစွာကြောင့် အရက်သောက်မိလိုက်တာမျိုးတွေရှိပါတယ်။ ကြိုက်လို့ပဲဖြစ်ဖြစ် ငြင်းပယ်လို့မရတဲ့အခြေအနေတွေကြောင့်ပဲဖြစ်ဖြစ် အရက်သောက်ပြီဆိုကတည်းက သင့်ရဲ့ အသည်းကို ဆိုးကျိုးများစွာ သက်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် အရက်သောက်တတ်တဲ့ အမျိုးသားတွေအနေနဲ့ အခုပြောပြမယ့် နည်းလမ်းလေးတွေနဲ့ သင့်အသည်းကို ကာကွယ်ပေးပါ။
(၁) အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ပါ

Source : Freepik
စိတ်ညစ်လို့ဖြစ်စေ ပျော်လို့ပဲဖြစ်စေ အရက်ကို အမူးအကွဲသောက်တတ်တဲ့အကျင့် ယောကျာ်းလေးအများစုမှာရှိပါတယ်။ ဒီနေ့တစ်ရက်တည်းပါပဲဆိုတဲ့ခေါင်းစဉ်နဲ့ ခေါင်းမထောင်နိုင်အောင် အကွဲသောက်လိုက်တတ်ကြပါတယ်။ ဒါဟာမှန်ကန်တဲ့ နည်းလမ်းမဟုတ်တဲ့အတွက် သင့်ရဲ့ အသည်းကိုဒုက္ခများစွာပေးနိုင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့စကားပုံအတိုင်း သောက်တတ်ရင်ဆေးဖြစ်ပေမယ့် မသောက်တတ်ရင်တော့ ဘေးဖြစ်နိုင်တယ်ဆိုတာသတိပြုပါ။
(၂) ရေရောပါ

Source : Freepik
တစ်ချို့သူတွေပြောကြပါတယ်။ အရက်ကို ရေရောသောက်ရင် အရက်ရဲ့ အရသာပျက်တယ်ဆိုတာပါပဲ။ ရေရောလို့အရက်ရဲ့ အရသာပျက်တယ်ထားပါဦး အနည်းဆုံးတော့ သင့်ရဲ့အသည်းပျက်စီးဖို့ အခွင့်အရေးနည်းပါးသွားမှာဖြစ်ပါတယ်။ ရေမရောပဲသောက်သောက် ရေရောပြီးပဲသောက်သောက် မူးတာကတော့ အတူတူပါပဲ။ အရက်ကို ရေရောလိုက်ခြင်းဖြင့် အရက်မှာပါဝင်တဲ့ အယ်လ်ကိုဟောဓာတ်ရဲ့ ပြင်းအားကို လျော့သွားစေမှာဖြစ်ပြီး အသည်းကို တိုက်ရိုက်ထိခိုက်စေတဲ့ဒဏ်မှ ကာကွယ်ပေးမှာဖြစ်ပါတယ်။
(၃) ဆေးလိပ်လျော့သောက်ပါ

Source : Freepik
အရက်သောက်တဲ့အခါ တစ်ပါတည်းပါလာတက်တဲ့ အရာတစ်ခုက ဆေးလိပ်သောက်ခြင်းဖြစ်ပါတယ်။ အရက်ဝိုင်းကို ပြည့်စုံစေတဲ့အရာက ဆေးလိပ်ပဲလို့တောင် တင်စားကြပါသေးတယ်။ သို့ပေမယ့် ဆေးလိပ်မှာပါဝင်တဲ့ ဓာတုဆေးဝါးတွေရယ် အရက်မှာပါဝင်တဲ့ ဓာတုဆေးဝါးတွေရယ် နှစ်မျိုးပေါင်းပြီးသင့်ရဲ့ အသည်းကို ပိုမိုဒုက္ခပေးနိုင်ပါတယ်။ အရက်သောက်ပြီး နောက်နေ့မှာလည်း အရက်နာကျခြင်းကို ပိုမိုခံစားရစေမှာဖြစ်ပါတယ်။ ဒါကြောင့်အရက်သောက်တဲ့အခါ ဆေးလိပ်သောက်ခြင်းကို အတက်နိုင်ဆုံးရှောင်ကြဉ်ပေးဖို့လိုပါတယ်။ မဖြစ်မနေသောက်သုံးမယ်ဆိုလည်း အများဆုံး တစ်လိပ် ကနေနှစ်လိပ်အတွင်းသာ သောက်သုံးသင့်တာဖြစ်ပါတယ်။
(၄) အသီးအနှံစားပါ

Source : Freepik
အသီးအနှံတွေဟာ အရက်သောက်တဲ့အခါ အကောင်းဆုံးအမြည်းတွေထဲက တစ်ခုဆိုတာ ကွီးတို့အားလုံးသိကြမှာပါ။ ဘီယာဆိုင်ထိုင်တဲ့အခါ နောက်ဆုံးလက်ဆောင်ပေးတဲ့ အသီးစုံအေးအေးလေးတစ်ပွဲက အရမ်းအရသာရှိတယ်ဆိုတာ ကွီးတို့အားလုံးသိကြမယ်ထင်ပါတယ်။ အသီးအနှံတွေမှာ ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေတဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် အရက်မှာပါဝင်တဲ့ ဓာတုပစ္စည်းများရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အဆိပ်အတောက်တွေကိုလည်း လျော့ချပေးတာကြောင့် အရက်သောက်တဲ့အခါ အသီးများများစားပေးဖို့အကြံပြုချင်ပါတယ်။
