ယောကျာ်းလေးတစ်ယောက်အနေနဲ့ Formal ကျကျ ဝတ်စားဖို့ဆိုရင် နာရီတွေ၊ Shoe တွေအပြင် လိုအပ်တာရှိပါသေးတယ်။ ဒါကတော့ကိုယ်သွားမယ့်နေရာအနေအထားနဲ့ လိုက်ဖက်မှုရှိတဲ့ အိတ်ရွေးချယ်တတ်ဖို့ပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက်ပဲ လက်ကိုင်အိတ်၊ဘေးလွယ်အိတ်တွေ အမျိုးစုံအောင် လိုတာမဟုတ်ပါဘူး။ ယောကျာ်းလေးတစ်ယောက်အနေနဲ့လဲ ဖက်ရှင်ကျပြီး Smart ကျတဲ့အသွင်ဆောင်ဖို့ဆိုရင် ရှိထားသင့်တဲ့အိတ်အမျိုးစားတွေ ဖော်ပြပေးလိုက်ပါတယ်။
Tote bag
Source : Fashionbeans
Tote Bag ဆိုတာကတော့ ခုခေတ်ကိုရီးယားမလေးတွေ လွယ်သလိုဘေးလွယ်အိတ်ပဲ ဖြစ်ပါတယ်။မိန်းကလေးတွေပဲ လွယ်လို့ရတယ်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ Backpack ပြီးရင်တော့ သူကလဲစွယ်စုံသုံး အမျိုးစားတစ်ခုပဲဖြစ်ပါတယ်။အလုပ်သွား၊ Gymသွားသုံးလို့ရတဲ့အပြင် Photographerတွေအတွက်လဲ တကယ့်ကိုအသုံးဝင်ပြီး သုံးရလွယ်ကူတဲ့ အမျိုးစားတစ်ခုဖြစ်ပါတယ်။
Backpack
Source : Freepik
အခြေခံအကျဆုံးနဲ့ အသုံးဝင်ဆုံးအိတ်အမျိုးစားကတော့ ကျောပိုးအိတ်ခပ်ကောင်းကောင်းတစ်လုံးပဲ ဖြစ်ပါတယ်။ကျောပိုးအိတ်ဆိုပြီး သာမန်နေရာတွေပဲ ယူသုံးလို့ရမယ် မထင်လိုက်ပါနဲ့။ Business Casual အနေနဲ့ လုပ်ငန်းခွင်မှာ သုံးနိုင်သလို သူငယ်ချင်းတွေနဲ့ Weekend Hangout Gym သွားတဲ့အိတ်အဖြစ်ပါသုံးနိုင်ပါတယ်။ Sneakerတစ်ရံ၊ ဦးထုပ်ကောင်းကောင်းတစ်လုံးနဲ့ Backpack တစ်ခုသာရှိရင် ရုံးသွားရာကနေ တောင်တက်ဖို့ထိ အသုံးဝင်လို့ပဲ ဖြစ်ပါတယ်။
Briefcase
Source : Freepik
Old But Gold အိတ်အမျိုးအစားကတော့ Briefcase ပဲဖြစ်ပါတယ်။အရင်ရှေးခေတ်ကထဲက ခုချိန်ထိ formal menwearအတွက် မပါမဖြစ်အိတ်တစ်အိတ်ပဲဖြစ်ပါတယ်။ဒါကြောင့်တစ်အိတ်လောက် မရှိမဖြစ်ဆောင်ထားရင် မှားမှာမဟုတ်ပါဘူး။
Messenger Bag
Source : Freepik
Timeless Fashion လို့ပြောလို့ရလောက်အောင် Middle Ageကနေ ယနေ့ထိအသုံးတည့်နေသေးတဲ့ အိတ်အမျိုးစားတစ်ခုလဲ ကျန်ပါသေးတယ်။ဒါကတော့ ယခင်ခေတ်က စာပို့သမားတွေ အလွယ်များတဲ့ Messenger Bagပဲဖြစ်ပါတယ်။သူ့ရဲ့ဒီဇိုင်းဟာဆိုရင် အိတ် Designerတွေ Inspireယူလို့အကောင်းဆုံးတစ်ခု ဖြစ်လာပါတယ်။ဘာလို့ဆိုကိုယ်လိုအပ်သလို Sportswear အိတ်ကနေ Leatherအိတ်အထိ ဒီဇိုင်းထွင်လို့ရတာကြောင့်ပဲဖြစ်ပါတယ်။
Cross-body bag
Source : Freepik
သိပ်မကြာသေးခင်အချိန်မှာ Fashion Trendတစ်ခုအဖြစ် ထိုးဖောက်ဝင်ရောက်လာတဲ့ Unisex အိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ဒါကတော့ Cross Bodyအိတ်ပဲ ဖြစ်ပါတယ်။ Laptopနဲ့ Gymwears တွေထည့်လို့မရပေမယ့် ဖုန်းနဲ့ပိုက်ဆံအိတ်လို အရေးကြီးပစ္စည်းလောက်ပဲဆို အသုံးတည့်မှာပါ။ Streetwear ပုံစံဖြစ်တာကြောင့် ဘော်ဒါတွေနဲ့ထသွားထလာသွားဖို့ အထာကျကျမိုက်အောင် လုပ်ပေးနိုင်မယ့် Accessories တစ်ခုလိုသုံးနိုင်မှာဖြစ်ပါတယ်။