အဆီဆိုတာနဲ့ ဝိတ်ချနေသူတွေနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်နေတဲ့ ယောကျာ်းတွေအတွက်တော့ ဝေးဝေးရှောင်တဲ့အစားအစာတစ်ခုပါပဲ။ ဒါပေမယ့် ခန္ဓာကိုယ်အတွက် အဆီဓာက်ကမရှိမဖြစ်လိုအပ်တယ်ဆိုတာကိုတော့ သတိရထားဖို့ လိုအပ်ပါတယ်။ အခုဆောင်းပါးလေးကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီတွေရနိုင်တဲ့ အစားအစာတွေအကြောင်းပါ။
(၁) အနက်ရောင် ချောကလက်

Source: Freepik
ဒါကတော့ ချောကလက်ကြိုက်သူတွေအတွက် သတင်းကောင်းပါပဲ။ အနက်ရောင်ချောကလတ်မှာ အဆီပါဝင်မှုနှုန်း ၆၅% အထိရှိပြီး အခြားအမျှင်ဓာက် တွေနဲ့ သံဓာက် တွေလည်းပါဝင်ပါသေးတယ်။အနက်ရောင် ချောကလက်စားသုံးခြင်းက ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေပါတယ်။ နှလုံးသွေးစီးဆင်းမှုကို ကောင်းစေပြီးတော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။ဒီအနက်ရောင်ချောလက်ကိုတော့ တပတ်ကို ၄-၅ ကြိမ်ထိ စားသုံးပေးသင့်ကြောင့် ဆရာဝန်တွေက အကြံပြုထားပါတယ်။
(၂) အဆီများတဲ့ငါးများ

Source: Freepik
တိရစ္ဆာန်တွေဆီက နေရတဲ့ အဆီတွေ တော်တော်များများကတော့ ကျန်းမာရေးနဲ့ မညီညွှတ်တာအမှန်ပါ။ ဒါပေမယ့် ငါးတွေကနေရတဲ့အဆီတွေကတော့ ကျန်းမားရေးနဲ့ ညီညွှတ်တဲ့ အတွက်ကြောင့် စားသုံးပေးသင့်ပါတယ်။နှလုံးကျန်းမာရေးအတွက် omega-3 fatty acids တွေကြွယ်ဝစွာ ပါဝင်တဲ့ ဆော်လ်မွန်ငါး၊ ဆာဒင်းငါးတွေလိုအဆီများတဲ့ ငါးတွေကို တပက် ၃-၄ ကြိမ်လောက်စားပေးသင့်ပါတယ်။ဒီငါးတွေမှာပါဝင်တဲ့ အဆီတွေက အာရုံကြောဆိုင်ရာရေဂါတွေကိုလည်း သိသိသာသာ လျှော့ကျစေပါတယ်။
(၃) ထောပတ်သီး

Source: Freepik
ထောပတ်သီးရဲ့ အဆီပါဝင်မှုနှုန်းက ၇၇% အထိရှိပါတယ်။ ဒါက အခြားအသီးတွေထက် အဆီပါဝင်မှုနှုန်းပိုများတယ်လို့ ဆိုရမှာပါ။ထောပတ်သီးမှာ ပိုတတ်ဆီယမ် နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝတာကြောင့် နှလုံးသွေားကြောနဲ့ဆိုင်တဲ့ ရောဂါတွေကနေကာကွယ်ပေးပါတယ်။ပြီးတော့ ထောပတ်ဆီတွေမှာ Lutein ဓာက်ပါဝင်တာကြောင့် မျက်လုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါသေးတယ်။
(၄) ဥအမျိုးမျိုး

Source: Freepik
ကြက်ဥတစ်လုံးရဲ့ အနှစ်တွေထဲမှာ အဆီပါဝင်မှုနှုန်းက ၆၂ % အထိရှိပါတယ်။ Gym ဆော့ တဲ့လူ တွေတော်တော်များများဟာ ကြက်ဥအကာပဲ စားပြီးတော့ အနှစ်ကိုမစားပဲ ချန်ထား လေ့ရှိကြပါတယ်။ဒါက မှားယွင်းနေတဲ့ အလေ့အကျင့်တခုလို့ ပြောလို့ရပါတယ်။ ဘာလို့လဲ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရတွေက အနှစ်ထဲမှာ အများဆုံးတွေ့ရလို့ပါပဲ။ ဥအမျိုးမျိုးမှာ အမြင်အာရုံကို ကောင်းမွန်စေတဲ့ ဗီတာမင်နဲ့သတ္တုဓာက်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ပြောရရင်တော့ ကမ္ဘာပေါ်မှာ ဥတွေကအာဟာရအကြွယ်ဝဆုံးလို့ ဆိုနိုင်ပါတယ်။ဥတွေမှာ ပရိုတင်းတွေလည်း ကြွယ်ဝတာကြောင့် ဝိတ်ချနေတဲ့သူ နဲ့ gym ကစားနေတဲ့သူတွေအတွက် အထူးပဲသင့်တော်ပါတယ်။ပြီးတော့ Omega-3 လည်းပါဝင်တာကြောင့် ဥအမျိုးမျိုးကို စားသုံးမယ်ဆိုရင် အနှစ်ရောအကာပါ စားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
