လူတိုင်းလူတိုင်းဘဝမှာ စိတ်ဓာတ်ကျရတဲ့အခိုက်အတန့်မျိုး ကြုံဖူးကြမယ်ထင်ပါတယ်။စိတ်ဓာတ်ကျတဲ့ ဝေဒနာဟာ တကယ်ကိုခံရခက်စေပါတယ်။စိတ်ဓာတ်ကျနေပြီဆိုရင် အရာရာတိုင်းကိုအကောင်းမြင်နိုင်စွမ်းမရှိတော့ပဲ ပိုဆိုးတဲ့အခြေအနေဘက်ကိုဦးတည်သွားနေမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ စိတ်ဓာတ်ကျခြင်းကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို စာဖတ်ပရိသတ်တွေအတွက် ပြောပြပေးချင်ပါတယ်။
Source : Freepik
မိမိကိုယ်သာအားကိုးရာဆိုတဲ့စကားက အရမ်းကိုအဓိပ္ပါယ်ပြည့်ဝလွန်းပါတယ်။ကိုယ်လဲကျတဲ့အခါ ကိုယ်တိုင်ပဲပြန်ထကြရတာပါ။ကိုယ့်ကိုယ်ကိုလောက် ဘယ်သူကမှ ကိုယ့်အပေါ်နားလည်ပေးနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် ကိုယ့်ကိုယ်ကိုချစ်ပါ။ကိုယ်ကိုယ့်ကိုအားပေးပါ။
လူအများစု စိတ်ဓာတ်ကျပြီဆိုရင် အခန်းထဲအောင်းနေတာမျိုး တစ်နေ့ကုန်အိပ်လိုက်တာမျိုးပြုလုပ်တက်ကြပါတယ်။ဒီလိုမျိုး ခန္ဓာကိုယ်လှုပ်ရှားမှုမရှိပဲ မှိုင်တွေနေခြင်းက စိတ်ဓာတ်ကျခြင်းကို အဆုံးထိဆွဲခေါ်သွားစေပါတယ်။ဒါကြောင့် စိတ်ဓာတ်ကျတဲ့အခါ မှိုင်မနေပါနဲ့။ အားကစားတစ်ခုခုလုပ်ဆောင်မျိုးနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားလုပ်ပေးပါ။
စိတ်ဓာတ်ကျနေချိန်မှာ အရာရာတိုင်းက အဆိုးတွေပဲ မြင်တက်ကြတာသဘာဝတစ်ခုပါပဲ။ဒါပေမယ့်အဲ့ဒီအဆိုးတွေကို မြင်တက်လာတာကလည်း ကိုယ်ရဲ့ စိတ်ကြောင့်ပါ။ဒါကြောင့် စိတ်ဓာတ်ကျနေရင် ကိုယ့်ရဲ့စိတ်ကို ဖိအားတွေထပ်မပေးမိပါစေနဲ့ ။မကောင်းတဲ့ အတွေးတွေ မကောင်းတဲ့အကြောင်းအရာတွေကို ခေါင်းထဲက တက်နိုင်သလောက်ထုတ်ပစ်ပါ။
Source : Freepik
စိတ်ဓာတ်ကျနေချိန်မှာ တစ်ယောက်တည်းနေထိုင်ရတာပိုပြီး အဆင်ပြေတယ်လို့ ထင်တက်ကြပါတယ်။ဒါပေမယ့် စိတ်ဓာတ်ကျခြင်းနဲ့ အတူအထီးကျန်ခြင်းဆိုတာကလည်း ကပ်ပါလာတက်တာကြောင့် တစ်ယောက်တည်းနေတာဟာ သင့်ကိုပိုပြီးခံစားချက်အဆိုးတွေ ဖြစ်ပေါ်စေနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် စိတ်ဓာတ်ကျနေချိန် ကိုယ်အခင်ရဆုံးသူငယ်ချင်းအပေါင်းအသင်းတွေနဲ့ တွေဆုံပါ။ သူတို့နဲ့ စကားပြောပါ။အကြံဉာဏ်ကောင်းတွေတောင်းကြည့်ပါ။