စုံတွဲရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ်ချစ်ရတဲ့ သူအကြောင်း အကုန်နီးပါးသိချင်တာက ထုံးစံပါပဲ။ဒါပေမဲ့ သိသင့်သိထိုက်တာတွေ ထက်ပိုပြီးမသိချင်ဖို့ ဒါမှမဟုတ် မမေးမိဖို့တော့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် relationship တစ်ခုမှာ အဖုအထစ်တွေရှိလာနိုင်ပါတယ်။
ဒါကြောင့် ကွီးတို့အနေနဲ့ သူမ မပြောပြချင်တဲ့ အကြောင်းအရာ လေးတွေကို မမေးမိဖို့ သတိထားရပါမယ်။ ဒီနေ့မှာတော့ ချစ်သူမိန်းကလေးတွေကို ယောကျာ်းတို့ကို မပြောပြချင်တဲ့ အကြောင်းအရာတချို့ကို အလင်းပြပေးလိုက်ပါတယ်။

Source : Freepik
တစ်ခါတစ်လေ မိသားစုအခြေအနေ မိသားစုတစ်စုရဲ့ အနေအထားနဲ့ ဆက်ဆံပုံအနေအထားတွေက ရှုပ်ထွေးတတ်ကြပါတယ်။ထိလွယ်ရှလွယ်တဲ့ ခံစားချက်တွေ ဖြစ်လာတတ်စေတဲ့ အဓိကခလုတ်တစ်ခု လည်းဖြစ်လာနိုင်ပါတယ်။
သင်က သင့်မိသားစုနဲ့ သင့်ပါတနာနဲ့ ကိုရင်နှီးခင်မင် စေချင်လို့ အားလပ် ရက်ခရီးတူတူထွက်စေချင်တာမျိုး အတူတူအချိန်ကုန်ဆုံးစေတာမျိုးတွေက တစ်ခါတစ်ရံ သင့်ပါတနာအတွက် အနေရကြပ်စေပါတယ်။ မိသားစုတွေနဲ့ အတူရှိနေခြင်းက နှယောက်သား ပိုဝေးသွားစေသလိုလည်း တစ်ခါတစ်လေခံစားမိစေတတ်ပါတယ်။
ဒါကြောင့် သင်အနေနဲ့ ဘယ်လိုအရာ တွေက သင့်ပါတနာကို စိတ်ကသိကအောက်ဖြစ်စေလဲ မေးမြန်းသင့်ပါတယ်။ အဲ့အချိန်ကြရင် သူတို့ အတွက်လည်းစိတ်သက်သာရာရသလို သူတို့ ကိုယ်ပိုင် အတွေးနဲ့ သူတို့ခံစားချက်တစ်ချို့ကို ပြောပြဖို့ အဆင်မပြေဘူးဆို သင့်အနေနဲ့ နားလည်ပေးဖို့လိုပါတယ်။

Source : Freepik
အကယ်၍ သင်တို့ချစ်သူနှစ်ယောက် ချစ်သူဖြစ်နေတဲ့ အတောအတွင်း သင်တို့နှစ်ယောက်တူတူနေ တာပဲဖြစ်ဖြစ် အသုံးစရိတ်တူတူကျခံတာဖြစ်ဖြစ် တခြားငွေကြေးနဲ့သက်ဆိုင်တဲ့ရည်မှန်းချက်တွေ သင်တို့နှစ်ယောက်ကြားရှိနေမယ်ဆိုရင် သင်တို့အနေနဲ့တစ်ယောက်နဲ့တစ်ယောက် တစ်နေ့တာအသုံး စရိတ်တွေ သိကောင်းသိပါလိမ့်မယ်။ အဲ့လိုမဟုတ်ရင် သိဖို့မလိုအပ်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။
သင့်အနေနဲ့ သင်တစ်နေ့တစ်နေ့ ဘာဝယ်တယ် ဘာစားတယ် ဘယ်လိုပိုက်ဆံသုံးခဲ့တယ်ဆိုတဲ့အ ကြောင်းအသေးစိတ်ကို သင့်ပါတနာကို ပြောပြချင်မယ်မထင်ပါဘူး။ လိုလည်းမလိုအပ်ပါဘူး။ အကယ်၍ နှစ်ယောက်တူတူနေထိုင်နေတဲ့အချိန်မှာ သူ့အသုံးစရိတ်နဲ့ ပတ်သတ်လို့ သင် စိတ်မချတာ ရှိခဲ့မယ်ဆိုရင် သင့်ပါတနာလည်း စိတ်အနှောက်အယှက်မဖြစ်အောင် တိုင်တိုင်ပင်ပင်နဲ့ ဆွေးနွေး ဆန်းစစ်သင့်ပါတယ်။
သင်နဲ့ သင့်ပါတနာ တူတူရှိနေတဲ့အချိန်တွေမှာဆိုရင် များသောအားဖြင့် သင်တို့စကားဝိုင်းဟာ သင်တို့နှစ်ယောက်ရဲ့တစ်နေ့တာဖြစ်ရပ်တွေနဲ့ ဖြတ်သန်းခဲ့တဲ့အကြောင်းတွေ ပြီးတော့နှစ်ကိုယ်တူ ဆွေးနွေးတိုင်ပင်ကြတာတွေနဲ့ပဲ ပြီးနေကြတာပါပဲ။
တကယ်တော့ လူတစ်ဦးစီတိုင်းမှာ သူ့ရဲ့ကိုယ်ပိုင် အတွေးတွေနေရာချဖို့ တွေးတောဖို့ စဉ်းစားဖို့ ကိုယ်ပိုင်အချိန်ဆိုတာ ကျန်းမာရေးအရကို လိုအပ်ပါ တယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ပါတနာ ဘာတွေးစဉ်းစားနေမလဲ တွေးတောနေမလဲဆိုတာကို အချိန်ပြည့်လိုက်တွေးနေဖို့ တကယ်မလိုအပ်ပါဘူး။
အပေါ်က အချက်လေးတွေကတော့ ချစ်သူမိန်းကလေးတယောက်အနေနဲ့ သူတို့ရဲ့ကောင်လေးတွေကို မသိစေချင်တဲ့အရာတွေပါ။ နောက်လည်း ဒီလိုအသုံးဝင်မဲ့ နည်းလမ်းလေးတွေ ပြောပြပေးသွားမှာဖြစ်လို့ ဆက်လတ်အားပေးကြပါအုန်းနော်။
