လူတစ်ယောက်က အခြားလူတယောက်ကို ၇ စက္ကန့်ဆိုတဲ့တွေ့ဆုံချိန်အတွင်းမှာ သူဟာ ဘယ်လိုလူဖြစ်တယ် ဆိုတာကို ထင်မြင်ယူဆချက်ပေးတတ်ကြပါတယ်။အင်တာဗြူးတခုမှာ မန်နေဂျာတယောက်က အလုပ်လာလျှောက်တဲ့သူကို ခန့်ဖို့ စက္ကန့် ၃၀ အတွင်းမှာ ဆုံးဖြတ်ကြပါတယ်။ ဒီနေ့မှာတော့ယောကျာ်းတို့ လုပ်မိတတ်တဲ့ first impression ကို ပျက်စီးစေတဲ့ အပြုအမှုလေးတွေကို ရှောင်ရှားလို့ရအောင်ပြောပြပေးသွားမှာပါ။

လက်အနေအထားမှားခြင်း

Wrong hand position

ထိုင်နေတဲ့အချိန်မှာ လက်အနေအထားကို ဂရုစိုက်ပါ။ လက်ကိုပေါင်ပေါ်မှာ တင်ထားတာအဆင်ပြေပါတယ်။ဒါပေမဲ့ လက်ကို ဘောင်းဘီအိပ်ကပ်ထဲ မထည့်ဖို့အကြံပေးချင်ပါတယ်။ ဒါက တဖက်သားကို မလေးစားရာရောက်လို့ပါ။

တကယ်လို့ လက်ကို စားပွဲပေါ်တင်ထားမယ်ဆိုရင်လည်း လက်တဖက်နဲ့တဖက် ညစ်ခြင်း၊ လက်ဝါးကို စားပွဲကြမ်းပြင်ပေါ်ချထားခြင်းတွေမလုပ်ပါနဲ့။

ပီကေဝါးခြင်း

 Chewing gum

အင်တာဗျူး၊ ဒါမှမဟုတ် တယောက်ယောက်နဲ့ စကားပြေနေချိန်ပီကေဝါးနေတာက တဖက်လူကို မလေးစားရာရောက်ပါတယ်။ ပြီးတော့ တဖက်လူက ကွီးတို့ကို မရင့်ကျက်သေးသူ၊ ကလေးဆန်သူ၊ လူမှုရေးနားမလည်သူအဖြစ် သတ်မှတ်သွားနိုင်ပါတယ်။

ကွီးနဲ့ ရင်းနှီးသူတွေနဲ့ တွေ့ချိန်မှာ ပီကေဝါးတာက ကိစ္စမရှိပေမဲ့ အင်တာဗြူးဝင်နေတဲ့ချိန်၊ အထက်လူကြီးတွေနဲ့ စကားပြောနေချိန်တို့မှာ ပီကေဝါးခြင်းကို ရှောင်ရှားဖို့ အကြံပေးချင်ပါတယ်။

အားနည်းတဲ့လက်ဆွဲနှုတ်ဆက်ခြင်း

Weak handshake

အားမပါတဲ့ လက်ဆွဲနှုတ်ဆက်ခြင်းက first impression ကိုပျက်စီးစေတဲ့ အဓိကအကြောင်းအရင်းတခုပါပဲ။ တခြားလူတွေက ကွီးတို့ကို ရှတ်တတ်တဲ့သူ၊ မပွင့်လင်းသူ၊ စိုးရိမ်စိတ်ကြီးသူ အဖြစ်သတ်မှတ်သွားပါလိမ့်မယ်။

နောက်အမှားတခုကတော့ လက်ကိုအကြာကြီးကိုင်ပြီး လက်ဆွဲနှုတ်ဆက်ခြင်းပါပဲ။အမှန်တကယ်က မလျှော့မတင်း ၂ စက္ကန့်လောက် လက်ဆွဲနှုတ်ဆက်ခြင်းက အကောင်းဆုံးပါ။

Eye-contact (မျက်လုံးချင်ဆုံအောင်ကြည့်ခြင်း) မရှိခြင်း

Avoiding eye-contact

Eye-contact က first impression အတွက် အရေးကြီးတဲ့ အရာတခုပါ။တစုံတယောက် က ကွီးတို့ကို စကားပြောနေချိန် မျက်လုံးခြင်းဆုံအောင်ကြည့်ပေးပါ။ ဒါဟာ ကွီးတို့က သူတို့ပြောနေတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားမှုရှိကြောင်းပြရာရောက်ပါတယ်။

လေ့လာသူတွေကတော့ စကားပြောနေစဉ် Eye-contact လုပ်တဲ့သူတွေက တခြားသူတွေထက်ပိုပြီး ယုံကြည်မှုရှိတဲ့သူ၊ ညဏ်ကောင်းတဲ့သူများဖြစ်ကြောင်း ဖော်ပြထားပါတယ်။ တခုသတိထားရမှာက တချိန်လုံး တခြားသူတွေရဲ့မျက်လုံးကို စိုက်မကြည့်မိဖို့ပါပဲ။

ဆူညံသံတွေပြုလုပ်ခြင်း

Making distracting noises

စားပွဲကိုလက်နဲ့ ခေါက်တာ၊ ခြေထောက်တွေ လှုပ်နေတာ၊ လက်ဆစ်တွေချိုးတာ စတာတွေက တဖက်လူကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒီလိုအသံ ပြုတာတွေက ကွီးတိုအနေနဲ့ စိတ်လှုပ်ရှားနေကြောင်း၊ ဒေါသထွက်လွယ်တဲ့သူ၊ စိတ်မရှည်တဲ့သူ ဖြစ်ကြောင်းပြရာရောက်ပါတယ်။ အလုပ်အင်တာဗျုးသွားတဲ့ အချိန်မှာ ဒီအချက်လေးကို သတိထားရှောင်ကြဉ်ဖို့ အကြံပေးချင်ပါတယ်။

နောက်ထပ်အကြံပေးချင်တာကတော့ တခြားသူတွေနဲ့ စကားပြောနေချိန်မှာ ဖုန်းကို မကြာခဏဖွင့်ကြည့်တာ၊ စကားပြောနေသူရဲ့ နာမည်တွေမေ့နေတာ တွေမလုပ်မိစေဖို့ပါပဲ။ ပြီးတော့ ချိန်းထားတဲ့ အချိန်မှန် ရောက်အောင်သွားဖို့ အရေးကြီးပါတယ်။ အဝတ်အစားကို လည်းကိုယ်သွားမဲ့နေရာနဲ့ ကိုက်ညီမှုရှိအောင် ဝတ်သွားဖို့လည်းပြောချင်ပါတယ်။

Source: Bright Side