ညီမလေးကိုပဲရွေးရမလား မမတွေကိုပဲရွေးရမလား အရမ်းတွေလမ်းပျောက်နေပြီလား။လူတစ်ယောက်နဲ့တစ်ယောက်တော့အကြိုက်ချင်းတူချင်မှတူပါလိမ့်မယ်။ညီမလေးတွေကိုပဲကြိုက်တဲ့သူရှိသလို မမတွေကိုသဘောကျတဲ့သူတွေလည်းရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာရွေးချယ်ခွင့်ရှိပေမယ့် ဒီနေ့မှာတော့ ကိုယ်ထက်အသက်ကြီးတဲ့မမတွေကိုချစ်သူအဖြစ်ရွေးချယ်ခြင်းက ဘယ်လိုကောင်းကျိုးတွေရရှိနိုင်မလဲဆိုတာပြောပြပေးချင်ပါတယ်။
ချစ်သူနှစ်ဦးအဆင်ပြေပြေလက်တွဲဖို့ဆိုတာ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ နားလည်မှုကအများကြီးအရေးပါပါတယ်။စုံတွဲတော်တော်များများကိုကြည့်လိုက်ရင် နားလည်မှုမရှိလို့ လမ်းခွဲပြတ်စဲလိုက်ကြတာများပါတယ်။မမတွေကတော့ ကိုယ်ထက်လည်းအသက်ကြီးတယ် စိတ်နေစိတ်ထားအရလည်းရင့်ကျက်တဲ့အပိုင်းမှာ ညီမလေးတွေထက်အများကြီးသာလွန်နေတာကြောင့် မမတွေကပိုပြီးနာလည်မှုတည်ဆောက်တည်ရမှာလွယ်ကူပါတယ်။ဘယ်နေရာပဲဖြစ်ဖြစ် အရိပ်ပြရင်အကောင်မြင်တက်တာကြောင့် အများကြီးလိုက်ရှင်းပြနေစရာမလိုတော့ပါဘူး။

Source : Freepik
လူနှစ်ယောက်ပေါင်းသင်းဆက်ဆံပြီဆိုရင် အနည်းနဲ့ အများတော့အဆင်မပြေမှုပြဿနာတွေဆိုတာတော့ရှိကြစမြဲပါပဲ။ဒါပေမယ့် သာမာန်မိန်းကလေးတွေလိုတော့ အချိန်တိုင်းစိတ်ကောက်နေတာ ရစ်နေတာမျိုးတွေရှိမှာမဟုတ်ပါဘူး။ရှိရင်လည်းအနည်းအကျဉ်းလောက်ပါပဲ။မမတွေကအဓိကချစ်နေဖို့ကိုပဲရှေ့ ရှု့တဲ့ အရွှယ်ဖြစ်သွားကြပါပြီ။ဒါကြောင့်တော်ရုံပြဿနာရှာမှာမဟုတ်တော့ပါဘူး။သူ့အကြိုက်ကိုယ့်အကြိုက်ပွင့်ပွင့်လင်းလင်းပြောဆိုထားမယ်ဆိုရင် အချိန်တော်တော်များများက ပြဿနာကင်းပြီးပျော်ရွှင်ရဖို့များပါတယ်။
မမတွေကကိုယ့်ထက် ဘဝအတွေ့အကြုံတွေ ဖြတ်သန်းခဲ့ရတဲ့ လောကဓံတွေအခက်ခဲတွေကပိုများတဲ့အတွက် ဘယ်အရာကကောင်းသည်ဆိုးသည်ကိုကောင်းကောင်းခွဲခြားသိမြင်နိုင်ပါတယ်။ကိုယ့်ကိုယ်ကိုလည်းဦးဆောင်လမ်းပြသူတစ်ယောက်အဖြစ်အကြံဉာဏ်ကောင်း တွေပေးနိုင်ပါတယ်။ဘယ်အရာမဆိုလေးလေးနက်နက်တွေးခေါ်နိုင်တယ် ဆုံးဖြတ်ချက်ချရာမှာ အမှားနည်းတယ်။ဒါကြောင့်ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်းကိုမီးပြတိုက်တစ်ခုသဖွယ် မမတွေကကောင်းကောင်းလမ်းညွှန်ပေးနိုင်မှာဖြစ်ပါတယ်။

Source : Freepik
မမတွေက အသက်အရွှယ်အားဖြင့်ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေကြတဲ့သူတွေဖြစ်ပါတယ်။သူတို့မှာအခြေခိုင်တဲ့ရပ်တည်မှုကောင်းကောင်းတစ်ခုရှိကြပါတယ်။ဝင်ငွေအားဖြင့်လည်းကိုယ်ထက်အများကြီးသာလွန်ကောင်းသာလွန်နိုင်ပါတယ်။တကယ်တော့ယောကျာ်းလေးကပဲငွေရှာရမယ် ဦးဆောင်နိုင်ရမယ်ဆိုပေမယ့် ကိုယ်တိုင်ရောလက်တွဲဖော်ကပါရပ်တည်မှုကောင်းကောင်းရှိတယ်ဆိုရင် အချိန်တိုအတွင်းတိုးတက်မှုမြန်ဆန်စေမှာဖြစ်ပါတယ်။
မမတွေရဲ့ အလှကညီမလေးတွေလိုနုပျိုလတ်ဆက်တဲ့နှင်းဆီပန်းလိုအလှမျိုးမဟုတ်ပေမယ့် တည်ငြိမ်အေးချမ်းတဲ့ တော်ဝင်သဇင်ပန်းလိုအလှမျိုးဖြစ်ပါတယ်။အမျိုးသားတိုင်းရဲ့မျက်လုံးမှာလှချင်မှလှပါလိမ့်မယ်။ဒါပေမယ့်အလှတရားစစ်စစ်ကိုခံစားတက်တဲ့အမျိုးသားတွေအတွက်တော့ မမတွေရဲ့ အလှက နှိုင်းယှဉ်စရာမရှိနိုင်လောက်အောင်ပါပဲ။မမတွေကအလှတရားအတွက်တစ်သီးတစ်သန့်လုပ်ယူနေစရာမလိုပဲတည်ငြိမ်ရင့်ကျက်မှုနဲ့ နဂိုအလှတို့ပေါင်းစပ်ထားတဲ့ ရွှေရင်အေးစေတဲ့အလှမျိုးဖြစ်ပါတယ်။
