အသက်(၃၀) ကျော်အရွယ်မှာကိုယ်ပိုင်လုပ်ငန်းတစ်ခုပိုင်ဆိုင်တဲ့ မီလျံနာတစ်ယောက်အဖြစ်နဲ့ အပျော်ခရီးတွေထွက်လိုက် နိုင်ငံခြားမှာ Shopping ထွက်လိုက်နဲ့ အပူပင်ကင်းတဲ့ဘဝမျိုးကို မလိုချင်တဲ့သူရှိပါ့မလား။ဘယ်လိုလုပ်ရမလဲဆိုရင်တော့ ပြောရလွယ်ပါတယ် စကားလုံး သုံးလုံးတည်းပါ။ဒါကတော့ စုဆောင်းခြင်းပဲဖြစ်ပါတယ်။

ပြောရလွယ်သလောက်လိုက်လုပ်နိုင်ဖို့ ခက်တာတစ်ခုကတော့ ငွေဆိုတဲ့အမျိုးက ကိုယ်ကချစ်မှကိုယ့်နားနေတာကြောင့်ပါ။စုဆောင်းတတ်ဖို့ဆိုရင် အလေ့အကျင့်တစ်ခုလိုပဲ ရေရှည်လေ့ကျင့်သွားဖို့လိုပါတယ်။ကိုယ်မှန်းထားတဲ့ Target တစ်ခုထိရောက်အောင် စုမိဆောင်းမိဖို့ အထောက်အကူပြုမယ့် ဆောင်ရန်ရှောင်ရန်အချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

man stands before the window in a room

Source : Freepik

ခုခေတ်လိုအဲကွန်းကားတွေနဲ့ Public Transportationတွေအားကောင်းလာချိန်မှာ ကားဆိုတာ ကိုယ်ပိုင်ကားတွေဇိမ်ခံကားတွေက ပကာသနတစ်ခုသက်သက်ပဲ ဖြစ်လာပါတယ်။လူအများနဲ့ ပူးပူးကပ်ကပ်မစီးချင်ရင်တော့ အကောင်းဆုံးက စက်ဘီးကောင်းကောင်းတစ်စီး သာဝယ်လိုက်ပါ။စက်ဘီးစီးခြင်းဟာ ကျန်းမာရေးအတွက်အထောက်ကူဖြစ်စေမယ့်အပြင် ဆီကုန်ငွေကုန်စရာမရှိသလို ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကိုလဲ လျော့ချပြီးသားဖြစ်ပါတယ်။တကယ့်ကိုချမ်းသာကြွယ်ဝပါတယ်ဆိုတဲ့ Englandလို Europeနိုင်ငံတွေမှာတောင် စက်ဘီးစီးဖို့ ပိုပြီးအားသန်ကြတာကို Oxfordကျောင်းသားတွေကို ကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။

ဈေးကြီးတဲ့ Brandedတွေမှ သုံးမယ်ဆိုရင်တော့ စုဆောင်းမိဖို့ဆိုတာ အိပ်မက်တစ်ခုအဖြစ်ပဲ ရှိနေမှာပါ။မလိုအပ်ပဲသိန်းနဲ့ချီတဲ့ ပစ္စည်းတွေသုံးမယ့်အစား အရည်သွေးလဲကောင်းပြီး ဈေးသင့်တဲ့ပစ္စည်းမျိုးကိုပဲ ရွေးချယ်ပါ။အကောင်းဆုံးကတော့ ပစ္စည်းတစ်ခုကို လိုချင်လာပြီဆိုရင် မဝယ်ခင်ကိုယ့်အတွက် တကယ်လိုမလို ငါးကြိမ်ဆုံးဖြတ်ရပါမယ်။Needs and Wants ကိုသေချာနားလည်မယ်ဆိုရင်တော့ စုဆောင်းရတာသင့်အတွက်လွယ်ကူလာမှာပါ။

အပြင်မှာထွက်စားတာဟာ ရံဖန်ရံခါပဲ ကောင်းပါတယ်။ဒါမဲ့ကိုယ်တိုင်ချက်ပြုတ်စားသောက်ခြင်းကတော့ ကျန်းမာရေးနဲ့ညီညွတ်စေမယ့်အပြင် ငွေကုန်ကြေးကျလည်း အတော်လေးသက်သာစေမှာပါ။ဟင်းမချက်တတ်သေးရင်လည်း အားမငယ်ပါနဲ့။Youtubeမှာတင် Videoတွေအများကြီးရှိပါတယ်။ကိုယ်စားချင်တာလေး ရိုက်နှိပ်ပြီး လိုက်ချက်ကြည့်ရုံပါပဲ။ဒီလိုလုပ်ခြင်းဖြင့်ကုန်ကျစရိတ် သိသိသာသာလေးကို လျော့ကျသွားမှာပဲ ဖြစ်ပါတယ်။

Handsome business man by the white car

Source : Freepik

တိုက်ခန်းတွေ မြေကွက်တွေဝယ်ခြင်းက ဘဏ်ထဲမှာပဲထည့်ထားခြင်းထက်ရင်းနှီးမြုပ်နှံထားခြင်းက သင်အားစိုက်စရာမလိုပဲ ငွေပေါ်ငွေဆင့်စေမှာပါ။ခုလိုစီးပွားရေးမတည်ငြိမ်တဲ့အချိန်မှာ ရှယ်ယာဝယ်ဖို့ထက် အကောင်းဆုံးကတော့ အိမ်ခြံမြေဝယ်ထားခြင်းပါ။အိမ်ခြံမြေဈေးကွက်ဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အတက်ပဲရှိပါတယ်။ဒါကြောင့်အခြားဇိမ်ခံပစ္စည်းတွေဝယ်ဖို့ထက် အိမ်ခြံမြေဝယ်ဖို့ အရင်ဆုံးစဉ်းစားပါ။

လောကမှာဘယ်အရာမှ လွယ်လွယ်မရနိုင်သလိုအထူးသဖြင့် မရနိုင်တာကတော့ ငွေပါ။ဘဝမှာရေရှည်ချမ်းသာချင်တယ်ဆိုရင်တော့သမာအာဇီဝကျတဲ့ နည်းနဲ့ငွေရှာခြင်းက အကောင်းဆုံးပါပဲ။ငွေမျက်နှာတစ်ခုထဲနဲ့ လောင်းကစားလိုမျိုး ဖြတ်လမ်းလိုက်မယ်ဆိုရင် ကိုယ့်လက်ရှိဘဝလေးပါ ဆုံးရှုံးစေနိုင်မှာပါ။ကံကိုယုံလို့ ဆူးပုံနင်းရမယ့်အထဲမှာ လောင်းကစားကထိပ်ဆုံးကပါ။အဲ့အတွက်တသက်လုံး ရှောင်ကြဉ်နိုင်မယ်ဆိုရင် သင့်တစ်ဘဝလုံးအတွက် ရေရှည်တည်တံ့တဲ့ ငွေကြေးအင်အားတစ်ခုကို ပိုင်ဆိုင်စေနိုင်မှာပါ။