တခါတလေကျရင် ဘဝကြီးက အံသြစရာတွေနဲ့ ပြည့်နက်နေတတ်ပါတယ်။ကွီးတို့ ဘဝမှာ မိန်းကလေးတယောက်ကို လက်ထပ်ပေါင်းသင်းပြီ အတည်တကျနေဖို့ စဉ်းစားဖူးသလား။ တကယ်တော့ လက်ထပ်ခြင်းဆိုတာ ကိုယ့်ဘဝတခုလုံးစာအတွက် အရမ်းအရေးကြီးတဲ့ အရာဆိုလည်းမမှားပါဘူး။သေသေချာချာ ရွေးချယ်ပြီးမှစဉ်းစားဆုံးဖြတ်တာကောင်းပါတယ်။ အမျိုးသားတွေအနေနဲ့ ဘယ်အချိန်မှာ လက်ထပ်သင့်ပြီလဲဆိုတာ ပြောပြပေးသွားမှာပါ။

Groom in black tuxedo hugs tender stunning bride while they stand

သူမကို ဘယ်လောက်ထိချစ်ကြောင်းပြဖို့၊ သူမနဲ့ အတူဘဝကိုဖြတ်သန်းချင်ကြောင်းပြဖို့ ဆိုရင် လက်ထပ်ခွင့်တောင်းလာလောက်ကောင်းတဲ့ သက်သေပြနည်းမရှိပါဘူး။ဒါကတစ်ဘဝလုံးစာသူ့ကိုပုံပြီးချစ်ကြောင်းပြလိုက်တာပါပဲ။လက်ထပ်ဖို့စဉ်းစားလိုက်ရင် အရင်ဆုံးတွေးမိတာက ပိုက်ဆံပါပဲ။အိမ်ငှားဖိုသို့မဟုတ်ဝယ်ဖို့ နဲ့ အိမ်မှာလိုအပ်တာတွေဝယ်ဖို့အတွက် ပိုက်ဆံလုံလုံလောက်လောက်ရှိဖို့လိုအပ်ပါတယ်။ အရင်ကတယောက်ထဲနေတဲ့အချိန်မှာတော့ အဆင်ပြေသလိုနေလို့ ရပေမဲ့ လက်ထပ်ပြီးသွားရင်တော့ အကုန်လုံးအတွက်စဉ်းစားရတော့မှာပါ။ အိမ်မှာလိုအပ်တဲ့ ရေခဲသေတ္တာ၊ တီဗီ နဲ့တခြားလိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့အတွက် ငွေလိုအပ်ပါတယ်။ ဒီအရာတွေအားလုံးအတွက် ကွီးတို့တာဝန်ယူနိုင်ပြီလို့ တွေးမိတဲ့အချိန်ဟာလည်း လက်ထပ်သင့်တဲ့အကြောင်းပြချက်တွေထဲမှာပါပါတယ်။

အနာဂတ်မှာ ကလေးလိုချင်နေပြီလာ။ ဒါကတော့လက်ထပ်ဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်တခုဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကလေးအတွက် အဝတ်အစား၊ ကျောင်းစရိတ် နဲ့ အထွေထွေစရိတ်တွေကို ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ပြီးတော့ အလုပ်တဖက်နဲ့ ကလေးကို အချိန်ပြည့်ပြုစုဖို့ မဖြစ်နိုင်တဲ့အခါမှာ ကလေးထိန်းငှားဖို့ လိုအပ်ကောင်းလိုအပ်လာပါလိမ့်မယ်။ အဲ့ဒီအတွက်လည်း ကုန်ကျစရိတ်ရှိလာနိုင်ပါတယ်။ နှစ်ယောက်သား ဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီလို့ ယူဆတဲ့အချိန်ဟာ လက်ထပ်ဖို့အချိန်ကောင်းပါပဲ။

Beautiful bride with her husband in a park

လေ့လာသူတွေကတော့ မိဘနှစ်ပါးစလုံးက ပြုစုစောင့်ရှောက်ပြီး ကြီးပြင်းလာတဲ့ ကလေးတွေဟာစိတ်ပိုင်းဆိုင်ရာအရ အခြားကလေးတွေထက် တည်ငြိမ်မှုရှိတယ်လို့ဆိုထားပါတယ်။တကယ်တော့ အဲ့ဒီကလေးတွေဟာ မိဘတစ်ပါးထဲကနေပြီးတော့ ပြုစုစောင့်ရှောက်ပြီးကြီးပြင်းလာတဲ့ ကလေးတွေထက်ပိုပြီး ညဏ်ကောင်းလေ့ရှိကြပါတယ်။ပြီးတော့ လူမှုရေးမှတ်ညဏ်ပိုင်းနဲ့ လေ့လာရေးပိုင်းတွေမှာလည်း တခြားကလေးတွေထက်ပိုပြီး အားသာတတ်ပါတယ်။ ဒီလိုအခြေအနေတွေကို မွေးလာမဲ့ကလေးတွေအတွက် ဖန်တီးပေးနိုင်ပြီလို့ထင်တဲ့ အချိန်ဟာ ကွီးတို့လက်ထပ်သင့်တဲ့ အချက်တွေထဲမှာပါပါတယ်။

ယနေ့ခေတ်မှာ ကွီးချစ်တဲ့ သူတယောက်နဲ့ အတူနေဖို့အတွက် လက်ထပ်ဖို့မလိုအပ်တာမှန်ပါတယ်။ ဒါပေမဲ့အေပေါ်ကအချက်တွေကို ဖတ်ပြီးသွားတဲ့အချိန်မှာ တယောက်ယောက်ကို စိတ်ထဲမှာပေါ်လာပြီလား။ ကွီးတို့ကို တကယ်နားလည်နိူင်တဲ့သူ တယောက်ယောက်ရှိနေပြီလို့ ခံစားရနေပြီလာ။ ကွီးရဲ့လက်ရှိဘဝ ကိုနားလည်ပြီး ကွီးကို ပြောင်းလဲဖို့ မကြိုးစားချင်တဲ့သူ ကွီးကိုအမြဲတမ်းမဟုတ်ပေမဲ့ ပျော်ရွှင်အောင်လုပ်ပေးတဲ့သူတွေ့နေပြီလား။ ဒါဆိုရင်တော့ အခုပဲလက်ထပ်ခွင့်တောင်းလိုက်ပါတော့။

Photo : Freepik