ခန္ဓာကိုယ်ဘော်ဒီတောင့်တောင့်နဲ့ ကိတ်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် အစားအသောက်ကနံပါတ်တစ်အရေးကြီးပါတယ်။ဘယ်လောက်ပဲအားကစားလုပ်လုပ်အစားအသောက်နဲ့ လုံလောက်တဲ့အဟာရဖြည့်တင်းမှုမရှိရင်ထင်သလောက်ဘော်ဒီဝိတ်တက်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ဘော်ဒီတောင့်ချင်တဲ့ယောကျ်ားများအနေနဲ့ မဖြစ်မနေစားသုံးပေးသင့်တဲ့အစားအစာ တွေကိုပြောပြပေးချင်ပါတယ်။

အသားများ

Raw fresh meat with rosemary

Source : Freepik

အသားတွေမှာ ပရိုတင်းဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ဘော်ဒီဝိတ်တက်ဖို့ ကြွက်သားထုထည်တည်ဆောက်နေသူအတွက် မဖြစ်မနေစားသုံးပေးဖို့လိုပါတယ်။ကြက်သား အမဲသားနဲ့ ဝက်သားတွေကိုအဓိကထား စားသုံးပေးသင့်ပါတယ်။အသားစားရမှာအဆီနည်ပြီး လတ်လတ်ဆတ်ဆတ်ရှိတဲ့အသားမျိုးကို သာစားသုံးပေးသင့်ပါတယ်။ဆီပြန်ချက်ပြုတ်ထားတဲ့အသားဟင်းတွေထက် ရေလုံပြုတ်ထားတဲ့အသားတွေကသာကျန်းမာရေးနဲ့ပိုမိုညီညွှတ်စေပြီးအဆီမပါတဲ့ကြွက်သားထုထည်ကိုရရှိမှာဖြစ်ပါတယ်။

နို့ထွက်ပစ္စည်းများ

Delicious pieces of cheese

Source : Freepik

နို့နဲ့နို့ထွက်ပစ္စည်းတွေမှ ာခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အဟာရဓာတ်အရိုးအဆစ်သန်မာစေတဲ့ ကယ်လ်ဆီယမ်ဓာတ်နဲ့ ခွန်အားပြည့်ဝစေမယ့် ဗီတာမင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ဝိတ်တက်ဖို့အတွက်ဆိုရင် ဒီလိုကောင်းတဲ့ဓာတ်တွေများစွာပါဝင်တဲ့နို့နဲ့နို့ထွက်ပစ္စည်းတွေကိုစားသုံးပေးဖို့လိုပါတယ်။ဝိတ်တက်ချင်တဲ့သူတွေအနေနဲ့ နေ့စဉ်ပုံမှန်နွားနို့ တစ်ခွက်သောက်သုံးပေးသင့်ပါတယ်။သတိထားရမှာတစ်ခုက အဆီထုတ်ထားတဲ့နွားနို့တော့ဖြစ်ဖို့လိုပါမယ်။

ပင်လယ်ငါး

raw fish with tomatoes and lemon on dark blue surface shark seafood meal ocean horizontal dinner food animal water meat

Source : Freepik

အသားတွေပဲစားရတာငြီးငွေ့လာရင်တော့ ပင်လယ်ထွက်ငါး တွေပြောင်းစားပေးလို့ရပါတယ်။ပင်လယ်ထွက်ငါးတွေဖြစ်တဲ့ ဆော်လမွန်ငါး ပြည်ကြီးငါး တူနာငါး စတဲ့ငါးတွေမှာလည်း ပရိုဓာတ်အမြောက်အများပါရှိတာကြောင့် ခန္ဓာကိုယ်ကိုယ်အလေးချိန်တက်ဖို့အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ပင်လယ်ငါးတွေကိုလည်း ချက်စားတာထက်စာရင် ပြုတ်စားတာမျိုး ကင်စားတာမျိုးကပိုသင့်တော်ပါတယ်။ငါးဆီပြန်ဟင်းမကြိုက်တဲ့သူတွေအတွက်လည်း ပိုအဆင်ပြေစေမှာဖြစ်ပါတယ်။

အစေ့အဆံများ

Mix of different nuts in a wooden cup against the background of fabric from burlap

Source : Freepik

မြန်မြန်ဝိတ်တက်ပြီးကိတ်ချင်ရင်တော့ အစေ့အဆံတွေစားသုံးပေးပါ။မြေပဲ ဗန်ဒါစေ့ သစ်ကြားစေ့တွေလိုအစေ့အဆံတွေမှာ အမျှင်ဓာတ် ပရိုတင်းဓာတ်တွေ ကျန်းမာတဲ့အဆီတွေများစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်တက်ဖို့လုပ် ဆောင်ရာမှာ အထောက်အပံ့ကောင်းတွေများစွာဖြစ်စေမှာဖြစ်ပါတယ်။ဒါ့အပြင်စိတ်မရွှင်လန်းခြင်း စိတ်မကြည်မလင်ဖြစ်ခြင်းတွေကိုလည်းအကောင်းဆုံးကာကွယ်ပေးတာကြောင့်လန်း ဆန်းတက်ကြွစွာနဲ့ ကျန်းမာဝဖြိုးတဲ့ခန္ဓာကိုယ်ကိုယ်ရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

ကြက်ဥ

Eggs in cups on burlap with dry grass

Source : Freepik

ကိတ်ချင်တဲ့ကွီးတွေအတွက်မေ့မထားသင့်တဲ့ အစားအစာတစ်ခုကကြက်ဥပါ။ဘော်ဒီတည် ဆောက်နေသူအားလုံးလိုလို ကြက်ဥပြုတ်စားကိုစားရပါတယ်။ကြက်ဥပြုတ်စားရမှာအကာကိုပဲစားသုံးပေးရမှာဖြစ်ပါတယ်။ ကြက်ဥအကာမှာပရိုတင်းဓာတ်တွေများစွာပါဝင်တာကြောင့် ဝိတ်အမြန်တက်ဖို့အထောက် အကူပြုပေးမှာပါ။ကြက်ဥပြုတ်ကိုမနက်နေ့လည်ညစာအပြင်အဆာပြေအနေနဲ့လည်းစားသုံးပေးနိုင်သလို အားကစားလုပ်ပြီးတိုင်းမှာလည်းစားသုံးပေး နိုင်ပါတယ်။တစ်နေ့ကို အနည်းဆုံးကြက်ဥပြုတ် ၅လုံးခန့်စားဖို့အကြံပြုချင်ပါတယ်။