အမျိုးသားတွေအတွက် အရပ်ရှည်ပြီးခန့်ညားခြင်းဟာ ဂုဏ်ယူစရာပြယုဂ်တစ်ခုပါ။ သာမန်အမျိုးသားတွေထက် အနည်းငယ်လေးပုနေတဲ့သူတွေအနေနဲ့လည်း စိတ်ပျက်အားလျော့နေဖို့ မလိုတော့ပါဘူး။ ယနေ့တိုးတက်ပြောင်းလဲနေတဲ့ ဖက်ရှင်ရေစီးကြောင်းနဲ့အတူ စမတ်ကျကျလေးဝတ်တတ်မယ်ဆိုရင် သင့်ကိုခန့်ညားလှပစေမှာဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ အရပ်ပုတဲ့ယောကျာ်းတွေအတွက် ရှိရင်းစွဲထက် အရပ်ပိုရှည်သယောင် ထင်ရစေမယ့် Fashion Tips လေးတွေ မျှဝေပေးချင်ပါတယ်။

Attractive laughing guy having fun, smiling happy

(၁) နက်ခ်တိုင်အကြီးကြီးတွေ ဝတ်ဆင်ခြင်းမျိုးရှောင်ပါ။ သင့်အနေနဲ့ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ရတဲ့အခါမှာ အပြန့်ကြီးတဲ့နက်ခ်တိုင်မျိုး မရွေးချယ်မိဖို့ အထူးသတိပြုရပါမယ်။ နက်ခ်တိုင်ခပ်အကြီးကြီးတွေဟာ အရပ်ပုတဲ့အမျိုးသားတွေကို ပိုမိုသေးငယ်တယ်လို့ ထင်မှတ်ရစေတာကြောင့် ကျစ်ကျစ်လစ်လစ်ရှိတဲ့ နက်ခ်တိုင်သေးသေးလေးတွေသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ နောက်တစ်ခုသတိပြုရမှာကတော့ နက်ခ်တိုင်ဝတ်ဆင်ရာမှာ ခါးပတ်နေရာထက် ပိုမရှည်အောင်ချည်ပေးဖို့ပါပဲ။

(၂) ဂွကျကျဘောင်းဘီမျိုးကိုရှောင်ပါ။ သင်ရဲ့ရှိရင်းစွဲထက်အရပ်ထက် ခြေတံရှည်သလို ဖြစ်ချင်တယ်ဆိုရင်တော့ ဂွကျကျဘောင်းဘီမျိုးတွေထက် Fit ဖြစ်တဲ့ Pants မျိုးကိုသာ ဝတ်ဆင်ပေးရမှာဖြစ်ပါတယ်။ ဂွကျတဲ့ဘောင်းဘီတွေဟာ ခန္ဓာကိုယ်ကို ဆွဲချုံလိုက်သလိုဖြစ်စေပြီး အရပ်ပိုပုသွားသလိုခံစားရစေမှာဖြစ်ပါတယ်။ ဒါကြောင့်ဂွကျကျ ခပ်ပွပွဘောင်းဘီတွေထက် ကိုယ်နဲ့ Fit ဖြစ်တဲ့ဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

(၃) ခုံထူတဲ့ဖိနပ်မျိုး မဝတ်ဆင်ပါနဲ့။ အမျိုးသားတွေအနေနဲ့ ရှိရင်းစွဲထက် ပိုရှည်ချင်တဲ့အခါမှာ ခုံအနည်းငယ်ထူတဲ့ ရှူးဖိနပ်မျိုးရွေးချယ်တတ်ကြပါတယ်။ ဒါဟာတော်တော်များများ မှားယွင်းလက်ခံထားကြတဲ့ ရွေးချယ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ခုံထူတဲ့ဖိနပ်မျိုးစီးခြင်းက လူအများအတွက် သတိပြုစရာဖြစ်စေနိုင်ပြီး အရပ်ပုကြောင်းကို သိသိသာသာပိုမိုပေါ်လွင်စေတာကြောင့်ပဲ ဖြစ်ပါတယ်။

handsome smiling young man model wearing casual summer pink clothes.

(၄) အရောင်နဲ့ Pattern တွဲစပ်ဝတ်ဆင်ပါ။ အမျိုးသားတွေအနေနဲ့ အရောင်ရွေးချယ်ရာမှာ အပေါ်အောက်ဆင်တူရှိတဲ့ အရောင်ရင့်မျိုးတွေက အသင့်တော်ဆုံးပါပဲ။’ဒီလိုတွဲစပ်ဝတ်ဆင်ခြင်းဟာ သင့်ကိုအရပ်ပိုရှည်သယောင် ဖြစ်စေမယ့်အပြင် စမတ်ကျတဲ့ Gentleman တစ်ယောက် အသွင်ဆောင်ကိုလည်း ဆောင်စေမှာဖြစ်ပါတယ်။ အလျားလိုက်အစင်းကြောင်းမျိုးထက် ဒေါင်လိုက်အစင်းကြောင်းမျိုးပါတဲ့ Pattern အင်္ကျီ၊ aဘာင်းဘီမျိုးကိုပဲ ရွေးချယ်ပါ။

(၅) ကိုယ်တိုင်းနဲ့ချုပ်ဝတ်ပါ။ နိုင်ငံတကာမှာလည်း အကောင်းဆုံးနဲ့ Perfect အဖြစ်ဆုံး အဝတ်အစားတွေကတော့ Tailor-Made အဝတ်အစားတွေပဲ ဖြစ်ပါတယ်။ သာမန်ထက် အနည်းငယ်ပုနေသူတွေအတွက် ဆိုင်ကဝယ်တဲ့ Ready Made အဝတ်အထည်တွေထက် အပ်ချုပ်ဆရာနဲ့ သေချာတွက်ချုပ်ထားတဲ့ အဝတ်အထည်တွေက ပိုသင့်တော်တာဖြစ်ပါတယ်။ ကိုယ်နဲ့ Fitting ဖြစ်အောင် တိုင်းချုပ်ထားတဲ့ အဝတ်စားကို ဝတ်ဆင်ခြင်းက သင့်ကို Confidence ရှိစေမှာဖြစ်ပါတယ်။

Photo : Freepik