အရက်ဟာ ကျန်းမာရေးအတွက် ကောင်းတယ်မကောင်းဘူးဆိုတာ လေ့လာသူတွေကြားမှာ ယခုထိ အငြင်းပွားနေကြဆဲပါ။ အခု ကျွန်တော်ပြောပြချင် တာကတော့ ဝီစကီအကြောင်းပါ။ ဝီစကီကို မျှတစွာမှီဝဲရင် ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ ပြောပြပေးမှာပါ။ ဝီစကီသောက်ခိုင်းဖို့ လမ်းညွှန်နေတာမဟုတ်ပါဘူး။ အရက်ကို အများကြီးသောက်မိရင်တော့ ကျန်းမာရေးဆိုးကျိုးတွေ ရှိတတ်တာကို သတိချပ်ရပါမယ်။

Source : Freepik
အားကစားလုပ်တာ၊ အစားရှောင်တာတွေလုပ်ပြီး ဝိတ်ချနိူင်သလို ဝီစကီသောက်ပြီးလည်း ဝိတ်ချနိူင်ကြောင်း လေ့လာသူတွေကပြောထားပါတယ်။ ဝီစကီမှာ အဆီတွေမပါသလို ဆိုဒီယမ်လည်း အနည်းငယ်ပဲ ပါဝင်ပါတယ်။ ဒါကြောင့် ဘီယာလိုမျိုးသောက်လိုက်ရင် ဗိုက်ပူလာမှာ စိုးရိမ်စရာမလိုပါဘူး။ဝီစကီက နှလုံး ကာကွယ်ပေးတဲ့နေရာမှာ အဓိကပါဝင်ပါတယ်။ လေ့လာချက်များအရ ပုံမှန်ဝီစကီကို မျှမျှတတ မှီဝဲတဲ့သူတွေမှာ ၅၀% နှလုံးရောဂါ ရနိူင်ခြေနည်းတယ်လို့ ဖော်ပြထားပါတယ်။ ဝီစကီမှာ ပါဝင်တဲ့ Antioxidant က နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိူင်ပါတယ်။ဒါပေမဲ့ တစ်ခုမှတ်ထားရမှာက ကျန်းမာရေးနဲ့အညီ ဝီစကီ မှီဝဲချင်တယ်ဆိုရင်တော့ တစ်ပတ်မှာ တစ်ခါပဲ သောက်ရမယ်လို့ ဆိုထားပါတယ်။
Antioxidants ဟာ ကင်ဆာတွေကို ဆန့်ကျင်ပေးပါတယ်။ ဝီစကီဟာ ကင်ဆာဆဲလ်တွေကို ဆန့်ကျင်ပေးရုံသာမကာ ကင်ဆာဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးပါတယ်။သွေးလည်ပတ်မှု ကောင်းဖို့က ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးပါတယ်။ သွေးကြောတွေထဲမှာ သွေးခဲတာတွေ ဖြစ်ရင် သွေးလည်ပတ်မှု ရပ်ဆိုင်းသွားပြီးတော့ ဦးနှောက်သွေးကြောပျက်တာတွေ၊ လေဖြတ်တာတွေ ဖြစ်တတ်ပါတယ်။

Source : Freepik
ဝီစကီကတော့ သွေးလည်ပတ်မှု ကောင်းစေပြီး သွေခဲခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဝီစကီမှာပါဝင်တဲ့ Ellagic Acid က အသည်းကနေ ကလူးကို့စ်တွေထုတ်ပေးတာကို ထိန်းပေးပါတယ်။ အဲ့ဒီလို ထိန်းပေးခြင်းအားဖြင့် သွေးတွင်းသကြားပါဝင်မှုကို လျှော့ချပြီးသားဖြစ်သွားမှာပါ။ ပြီးတော့ ဝီစကီမှာ သကြားပါဝင်ခြင်း မရှိပါဘူး။
ဒါကြောင့် ဝီစကီက ဆီးချိုရောဂါဖြစ်ပွားမှုကို ၃၀% ကနေ ၄၀% အထိလျှော့ကျစေတယ်လို့ လေ့လာသူတွေကပြောထားပါတယ်။ ဝီစကီမှာပါတဲ့ Antioxidants နဲ့ ဗီတာမင်တွေက ပုံမှန် အအေးမိဖျားနာတာနဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပေးပါတယ်။
