အသေးစားလုပ်ငန်းတွေဟာ တကယ့်ဈေးကွက်ကြီးတစ်ခုပါ။ အမေရိကန်တစ်နိုင်ငံတည်းမှာတင် စွန့်ဦးတီထွင်သူ ခေါင်းစဉ်နဲ့ SMEs ( Small and Medium Enterprises) တွေကို ကိုယ်တိုင် လုပ်နေသူ ၂၇ သန်း ကျော် ရှိနေတာကို ကြည့်လို့ရပါတယ်။
ဒါဆိုရင် အသေးစားလုပ်ငန်းတွေ တကယ်ပဲ အောင်မြင်နေလို့လား။ အောင်မြင်တဲ့ လုပ်ငန်းလေးတွေ ထူထောင်နိုင်ဖို့ဘာတွေ လိုအပ်လဲ။ မဆုတ်မနစ် ကြိုးစားရုံ ၊ လုပ်ငန်း အတွေ့အကြုံ ရှိရုံနဲ့ အောင်မြင်မလား။
တကယ်တော့ လုပ်ငန်းငယ်တွေရဲ့ ၅၀% ဟာ ပထမ ၅ နှစ်အတွင်း အရှုံးပေါ်သွားကြတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ ဒီလို ဖြစ်ရတာရဲ့ ထက်ဝက်ကျော်လောက်ဟာ အခုပြောတဲ့ လျှို့ဝှက်ချက် ၃ မျိုးကို မသိလို့ ဖြစ်ပါတယ်။
(၁) Concept

Source: ShutterStock
Entrepreneurship တွေဟာ စိတ်ကူးတစ်ခုကနေ စတင်တဲ့ အလုပ်ပါ။ ဒီစိတ်ကူးကလည်း တကယ့်ကို ဘေးထွက်စဉ်းစားတဲ့ Outside Of The Box Idea ဖြစ်ရမယ်ဆိုတဲ့ လတ်လတ်ဆတ်ဆတ် စိတ်ကူးသစ်တွေနဲ့ စတင်ခဲ့တာပါ။
တကယ်တော့ ကိုယ့်ရဲ့ စိတ်ကူးဟာ အသစ်စက်စက်ကြီး ဖြစ်စရာမလိုပါဘူး။ သဘောတရား Concept တစ်ခုက လုံးဝဆန်းသစ်တဲ့ အိုင်ဒီယာဖြစ်စရာမလိုဘဲ ရှိရင်းစွဲအနေအထားကို ပိုပြီး တိုးတက်အောင် ၊ လူတွေရဲ့ ပုံမှန်သမရိုးကျ ဘဝကို ပိုပြီး အဆင်ပြေလွယ်ကူအောင် လုပ်ပေးနိုင်မယ့် အိုင်ဒီယာဖြစ်ရင်ကို ရပါတယ်။
(၂) အလုပ်

Source: ShutterStock
လုပ်ငန်းရှင် ဖြစ်ရတာ ကျေနပ်စရာကောင်းပါတယ်။ ဒါပေမယ့် ပျော်စရာတွေချည်းတော့ မဟုတ်ပါဘူ။ လုပ်ငန်းရှင်ဆိုတာရဲ့ ရှေ့မှာ အောင်မြင်သော ဆိုတဲ့ နာမဝိသေသနပါမှ ဘဝက ပြည့်ပြည့်ဝဝ ပျော်ရွှင်ကျေနပ်စရာ ဖြစ်မှာပါ။
အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ဖို့အတွက် ကိုယ့်စိတ်ကူးတွေအတိုင်းကို ဖြစ်အောင် အကောင်အည်ဖော်ဖို့လိုပါတယ်။ ကိုယ်စတင်လိုက်တဲ့ လုပ်ငန်းက သေးချင်သေးမယ် ၊ ကြီးချင်လည်း ကြီးမယ် တကယ်အဟုတ် လုပ်နေဖို့တော့ လိုပါတယ်။ အဟုတ်လုပ်တယ်ဆိုတာ ရုံးတက် ရုံးဆင်းသလို မနက် ၉ နာရီ ရုံးတက် ညနေ ၅ နာရီ ရုံးဆင်းမျိုး ပြောတာ မဟုတ်ပါဘူး။
ကိုယ်ထူထောင်လိုက်တဲ့ အလုပ်ကို ကိုယ်မွေးထားတဲ့ သားသမီးလို မြင်လိုက်ပါ။ အရွယ်မရောက်သေးတဲ့ ကလေးကို ကျန်းကျန်းမာမာနဲ့ အရွယ်ရောက်အောင် စောင့်ရှောက်သလိုမျိုး အလုပ်ကို ဂရုတစိုက် လုပ်ပေးဖို့ လိုပါတယ်။ ဒီအတွက် စိတ်ရော လူရော ပင်ပန်းစရာတွေ ရှိပေမယ့် ကိုယ့်အစောင့်အရှောက်ကို ကောင်းကောင်းရတဲ့ သားသမီးဟာ လိမ္မာရေးခြား ရှိသလိုမျိုး ကိုယ့်ထောင်ထားတဲ့ လုပ်ငန်းလေးကလည်း တစ်နေ့တစ်ခြား အောင်မြင်ကြီးပွားလာတာ မြင်ရမှာပါ။
(၃) စာရင်းအင်း

Source: ShutterStock
အလုပ် ကြိုးစားသလိုပဲ အရေးကြီးတဲ့ အချက်က အချက်အလက် အဝင်အထွက် တိကျမှန်ကန်ဖို့ ဖြစ်ပါတယ်။ ငွေအဝင်အထွက် ဘယ်လို ရှိတယ် ၊ ဘယ်ကာလမှာ ဘယ်လောက် ဝင်ပြီး ဘယ်လိုကြောင့် အခုလို ဖြစ်ရတယ်ဆိုတာကို တွက်ချက်နေရမှာပါ။ ဒီအတွက် စာရင်းဇယား အတိအကျ ရှိထားသင့်ပါတယ်။
အချက်အလက်နဲ့ ကိန်းဂဏန်း အသွားအလာကို ပိုင်နိုင်တာဟာ အလုပ်တစ်ခု အောင်မြင်ဖို့ အကြောင်းလည်း ဖြစ်ပါတယ်။
