ကြက်ဥအစိမ်းစားခြင်းက ကြော်ချက်စားသလိုပဲ အာဟာရဓာတ် ပေါကြွယ်ဝပါတယ်။ ကြက်ဥကို ကြော်ချက်စားသလိုပဲ ကြက်ဥအစိမ်းလိုက်စားတာဟာလည်း အာဟာရဓာတ် ကြွယ်ဝပါတယ်။ ကြက်ဥထဲမှာ ပရိုတင်းပမာဏ များစွာပါဝင်ပြီး အခြား ဗီတာမင်နဲ့ မျက်လုံးကို အကျိုးပြုစေတဲ့ အာဟာရတွေလည်း ပါဝင်ပါတယ်။ ဦးနှောက်ကို ကောင်းစွာအလုပ်လုပ်စေတဲ့ ကိုလင်းဓာတ်တွေလည်း ပါဝင်ပါသေးတယ်။

ကြက်ဥကို အစိမ်းစားတဲ့အခါ အထဲက ပရိုးတင်းဓာက်တွေကို ခန္ဓာကိုယ်က ကောင်းစွာမစုပ်ယူနိူင်ဘူး။ ဟုတ်ပါတယ်။ ကြက်ဥအစိမ်းစားတာက သူ့ထဲမှာပါတဲ့ ပရိုတင်းဓာတ် အကုန်လုံးကို မရနိူင်ပါဘူး။ လေ့လာမူများအရ ချက်ပြီးသားကြက်ဥကို စားတဲ့အခါမှာ ခန္ဓာကိုယ်က ပရိုတင်းဓာက် ၉၀% ကို စုပ်ယူနိုင်ပေမဲ့၊ အစိမ်းစားတဲ့အခါမှာ ပရိုတင်းဓာတ် ၅၀% ကိုပဲ စုပ်ယူနိူင်တာကို တွေ့ရှိခဲ့ရပါတယ်။

eggs

Source : Freepik

အာဟာရဓာတ်တော်တော်များများဟာ ကြက်ဥအနှစ်မှာပါတာပါ။ ဒါကြောင့် ကြက်ဥထဲက ပရိုးတင်းဓာတ် အကုန်နီးပါရချင်ရင်တော့ ချက်ပြီး စားဖို့ အကြံပေးချင်ပါတယ်။

ကြက်ဥအစိမ်းရဲ့ အကာက ဘိုင်အိုတင်း စုပ်ယူမူကို လျှော့နည်းစေတယ်။ ကြက်ဥအစိမ်းရဲ့အကာက ကြက်ဥထဲမှာပါတဲ့ ဘိုင်အိုတင်း၊ (ဦးနှောက်အလုပ်လုပ်ဆောင်တာကို အကျိုးပြုစေတဲ့) ဗီတာမင် ဘီ စုပ်ယူမူကို လျှော့နည်းစေပါတယ်။

ကြက်ဥ အစိမ်းတွေမှာ ဘက်တီးရီးယား ပါနိူင်ပါတယ်။ ကြက်ဥ အစိမ်းမှာ Salmonella လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းကိုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ ပါဝင်နိူင်ပါတယ်။ ပိုးပါတဲ့ ကြက်ဥအစိမ်းကို စားမိရင် ဗိုက်အောင့်ဗိုက်နာတာနဲ့၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။

ဘက်တီးရီးယားပိုးတွေက တချို့လူတွေအပေါ်ပိုပြီး သက်ရောက်မှုရှိတယ်။ Salmonella ဘက်တီးရီးယားပိုး ကူးစက်တာက ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ အပေါ်ပိုပြီးသက်ရောက်မှုရှိပါတယ်။ တခါတလေ ရောဂါ ပြင်းပြင်းထန်ထန်ခံစားရတတ်ပါတယ်။ ဒါကြောင့် ကြက်ဥကို ချက်ပြီး ကျွေးတာက အကောင်းဆုံးပါ။

Raw egg

Source : Freepik

ဒီလိုဘက်တီးရီးယားပါတဲ့ ကြက်ဥတွေ မစားမိအောင် ဘယ်လိုကာကွယ်ကြမလဲ။ လွယ်ပါတယ်။

Supermarket တွေမှာ ပိုးသတ်ပြီးသား တင်ရောင်းတဲ့ ကြက်ဥတွေကို ရွေးဝယ်ပါ
ကြက်ဥကို ဝယ်ပြီးတာနဲ့ ရေခဲသေတ္တာထဲမှာ ထည့်ထားပါ
ကြက်ဥကို အခန်းအပူချိန်တွင်းမှာ မထားပါနဲ့။ ဘက်တီးရီးယားပိုတွေ လျင်မြန်စွာပေါက်ဖွားတတ်လို့ပါ။
ရက်လွန်နေတဲ့ ကြက်ဥတွေ ဝယ်စားတာမျိုးကို ရှောင်ကြဉ်ပါ
ကွဲနေတဲ့ကြက်ဥတွေ၊ ညစ်ပတ်နေတဲ့ ကြက်ဥတွေကို မစားပါနဲ့။

နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ နဲ့ ကိုယ်ခံအားနည်းနေတဲ့ သူတွေကို ကြက်ဥအစိမ်း မကျွေးဖို့ပါပဲ။