မိုးရာသီဟာ မိုးရေစက်တွေနဲ့အတူ အအေးမိ ၊ နှာစေး ဖျားနာကိုပါ ခေါ်ဆောင်လာတတ်ပါတယ်။ အအေးမိခြင်းဟာ အတော်ခံရခက်တဲ့ ကျန်းမာရေးပြဿနာထဲမှာပါပြီး ကုသဖို့လည်း ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် အခုပြောမယ့် အချက်တွေကို လိုက်နာမယ်ဆိုရင် အအေးမိဝေဒနာကို မြန်မြန်သက်သာစေနိုင်သလို မဖြစ်အောင်လည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

The sick man sat on the bed, touching her head with his hand
အိမ်သာသုံးပြီးတိုင်း လက်ဆေးတာအပြင် ဘတ်စ်ကားတန်းတွေ ကိုင်မိတာ တံခါးလက်ကိုင်တွေ ကိုင်မိတိုင်းမှာ လက်ကို စင်ကြယ်အောင် ဆေးပေးဖို့ လိုပါတယ်။ လက်မဆေးရသေးဘဲ မျက်နှာ ၊ နှာခေါင်း ၊ ပါးစပ်တွေကို ပွတ်သပ်မိတာမျိုးကနေ ခန္ဓာကိုယ်ထဲကို ပိုးမွှားတွေ အလွယ်တကူ ဝင်စေနိုင်ပါတယ်။ကိုယ်ခံအား ကောင်းတာဟာ အအေးမိ ဖျားနာတာကို ကာကွယ်နိုင်ပါတယ်။ အိပ်ရေးဝဝ အိပ်ခြင်းဟာ ကိုယ်ခံအားစနစ်ကို မြှင့်ပေးနိုင်လို့ ပုံမှန် အိပ်ရာစောစော ဝင်အောင် ကြိုးစားသင့်ပါတယ်။

အအေးမိ ဖျားနာခြင်းဟာ ကိုယ်ခံအားနည်းချိန်မှာ အများဆုံးဝင်ရောက်နိုင်တာကြောင့် အရည်ရွှမ်းပြီး ဗိုက်တာမင်စီကြွယ်ဝတဲ့ အသီးအနှံနဲ့အဟာရပြည့်တဲ့ အစားအသောက်တွေ စားပေးပြီး ကာကွယ်သင့်ပါတယ်။အေးစက်စက် ရာသီဥတုမှာ ကိုယ်လက်လှုပ်ရှားပေးခြင်းဟာ ကိုယ်ခံအားစနစ်ကို အဆင့်မြှင့်တင်ပေးရာ ရောက်ပါတယ်။ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေရင် တော်ရုံ အအေးမိတာနဲ့ ဖျားနာတာကို တိုက်ထုတ်နိုင်ပါလိမ့်မယ်။

Sick man with daughter at home. home treatment. fighting with a desease. medical healthcare.

ဗိုက်တာမင်စီပါဝင်တဲ့ Zinc Lozenge ဆေးပြားတွေဟာ အအေးမိခြင်းကို အမြန် သက်သာစေနိုင်ပါတယ်။ တရှောင်ရှောင် အအေးမိတာမျိုးမှာ ဆရာဝန်တွေဟာ Zinc Lozenge ဆေး ပေးတတ်ပါတယ်။ အအေးမိဝေဒနာကို မကာကွယ်နိုင်ပေမယ့် ရောဂါသက်သာစေနိုင်တဲ့နေရာမှာ တကယ်ထိရောက်တဲ့ ဆေးတွေလည်း ဖြစ်ပါတယ်။

Photo : Freepik