သရက်သီးဟာ အမျှင်ဓာတ်ကြွယ်ဝပြီးတော့ ကယ်လိုရီနည်းတဲ့ အသီးထဲမှာပါပါတယ်။ ဒါကြောင့် ဝိတ်ချနေတဲ့ လူတော်တော်များများအတွက် သရက်သီးက အလွန်အသုံးဝင်ပါတယ်။ မြန်မာနိုင်ငံမှာ သရက်သီးရဲ့ အရောင်၊ အရသာပေါ်မူတည်ပြီးတော့ စိန်တစ်လုံး၊ မချစ်စု၊ စိုင်သီး အစရှိသဖြင့် နေရာဒေသအပေါ်မူတည်ပြီးတော့ မျိုးစိတ်တွေကွဲသွားပါတယ်။

 Benefits of Eating Mango

Soure : Freepik

သရက်သီးစားရင် ရလာမဲ့ အကျိုးကျေးဇူးတွေကတော့ အစာကြေစေတယ်။ ဝမ်းမှန်စေတယ်။ ဒါတင်မကပဲ အခြားအကျိုးကျေးဇူးများစွာရှိပါသေးတယ်။ အခုဆောင်းပါကတော့ သရက်သီးစားရင် ရလာမဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးသွားမှာပါ။သရက်သီးက အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့် ပုံမှန်စားပေးရင် ဝမ်းမှန်စေပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်တမျိုးက အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။ ထမင်းတွေ အများကြီးစားမိတာ ပြီးတော့ အစာမကြေသလိုခံစားနေရရင် သရက်သီးကို သတိရလိုက်ပါ။

သရက်သီးမှာ မဂ္ဂနီစီယမ်နဲ့၊ ပိုတတ်စီယမ်တို့ ပါဝင်တာကြောင့် နှလုံးသွေးလွှတ်ကြောတွေကို ပြေလျှော့စေပြီး၊ နှလုံးခုန်နှုန်းပုံမှန် ဖြစ်စေပါတယ်။ အသည်းရောင်ရမ်းခြင်းမှလည်း သရက်သီးက ကာကွယ်ပေးပါတယ်။ သွေးတိုးလည်းကျစေတဲ့ အတွက်ကြောင့် သွေးတိုးရောဂါသည်တွေအတွက် သရက်သီးစားပေးသင့်ပါတယ်။သရက်သီးမှာ အမြင်အာရုံကို အကျိုးပြုစေတဲ့ အာဟာရဓာက်များစွားပါဝင်ပါတယ်။ ဒါကြောင့် တနေကုန် ကွန်ပျူတာရှေ့မှာ အလုပ်လုပ်နေရသူတွေ၊ မျက်စိအားနည်းသူတွေ၊ အပြင်ထွက် အလုပ်လုပ်နေရသူတွေ အနေနဲ့ သရက်သီးကို စားသုံးပေးသင့်ပါတယ်။

 Mango fruits

Soure : Freepik

သရက်သီးမှာ ဆံပင်သန်စွမ်းဖို့နဲ့ အသားအရေလှစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်စီကြွယ်စွာပါဝင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်တားဆီးပေးပါတယ်။သရက်သီးမှာ ဗီတာမင်စီသာမကပဲ ဗီတာမင် အေ၊ ခေ၊ အီး များလည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် သရက်သီးကို စားသုံးခြင်းအားဖြင့် ကိုယ်ခံအားစနစ် ကောင်မွန်စေပြီးတော့ အလွယ်တကူဖျားနာခြင်းမှ ကာကွယ်ပေးပါတယ်။ဒီလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေများစွာပါဝင်တဲ့ သရက်သီးကို ပုံမှန်စားသုံးသင့်တယ်လို့ အကြံပေးချင်ပါတယ်။