ကိုယ်ပိုင်လုပ်ငန်းတစ်ခု စပြီး ထူထောင်တယ်ဆိုတာဟာ စွန့်စားတဲ့ ခရီးတစ်ခု စတင်လိုက်တာပါပဲ။ ဒီခရီးကို မထွက်ခင်မှာ ဒါတွေ ကြိုသိထားဖို့ လိုပါတယ်။

Source : Freepik
(၁) စွန့်ဦးတီထွင်တဲ့အလုပ်ဟာ ရေရှည်တာဝေးပြေးနေတာလို့ သိထားပါ။ မာရသွန်ပြေးပွဲတွေ တွေ့ဖူးကြမှာပါ။ မာရသွန်ဟာ ခရီးရှည် တာဝေးပြေးဖြစ်ပြီး မြန်နှုန်းထက်စာရင် ခံနိုင်ရည်က အရေးပိုကြီးပါတယ်။ ဒီလိုပဲ စွန့်ဦးတီထွင်လုပ်ငန်းတွေဟာ ရေရှည်တောင့်ခံနိုင်ဖို့ သက်လုံလိုပါတယ်။
အလုပ်စပြီး တစ်နှစ်ခွဲလောက် အရင်းမကျေသေးတဲ့ အလုပ်ကို စပြီး လုပ်တော့မှာပါ။ တကယ်လို့ ကိုယ့်လုပ်ငန်းကို နှစ်အနည်းငယ်အတွက်ပဲ ရည်ရွယ်ပြီး အစီအစဉ်တွေ ဆွဲလေ့ရှိပါတယ်။ ဒီအစီအစဉ်တွေအတိုင်း တကယ်အလုပ်ဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မယ်။ အမြဲတမ်း အားလုံးက ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ ရေရှည်မှာ ကုမ္ပဏီကြီး ဖြစ်ဖို့အထိ အာရုံ စိုက်ထားသင့်ပါတယ်။
(၂) ကိုယ့်ထုတ်ကုန်/ဝန်ဆောင်မှု ဈေးကွက်ရှိသလား။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု အထူးသဖြင့် စွန့်ဦးတီထွင်လုပ်ငန်းသမားတွေဟာ ကိုယ်စဉ်းစားနိုင်တာထက် ကိုယ့်ကိုယ်ကို ပိုခိုင်းရ ၊ ပိုပြီး လေ့လာသင်ကြားပေးရဖို့ လိုအပ်ပါတယ်။ ဒီလောက် ကြိုးစားလို့လည်း ကိုယ့်လုပ်ငန်း အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ ရာနှုန်းပြည့် မပြောနိုင်ကြပါဘူး။

Source : Freepik
ကုမ္ပဏီတစ်ခု ရပ်တည်ဖို့ အခြေခံအကျဆုံး အချက်တစ်ခုက ပုံမှန် အမြတ်အစွန်း ရနေဖို့ပါ။ ဒါကြောင့် ကိုယ်ပိုင် လုပ်ငန်းတစ်ခု မစတင်ခင်မှာ ဈေးကွက်သုတေသနလုပ်ဖို့ လိုပါတယ်။ ဈေးကွက်ကနေ ကိုယ့်ရဲ့ ထုတ်ကုန် ၊ ဝန်ဆောင်မှုကို ဘယ်လောက် တောင်းဆိုမှု ရှိသလဲ သိဖို့လိုလာပါပြီ။ ရောင်းကုန်ကလည်း ၅၀% မြတ်မယ်ဆိုရင် ကိုယ်လုပ်ချင်တဲ့ ဈေးကွက်ထဲ ထိုးဖောက်ဖို့အတွက် ထိပ်တန်း ဈေးကွက်ရှာသမားတွေနဲ့ ဝန်ထမ်းတွေ ငှားနိုင်တော့မှာပါ။
(၃) တစ်ကြိမ်တည်းနဲ့ အောင်မြင်နိုင်မှာ မဟုတ်ကြောင်း သိထားပါ။ ကိုယ့်လုပ်ရပ်တွေကို ပထမတစ်ကြိမ်တည်းနဲ့ ဆုံးဖြတ်ချက် မှန်ချင်မှ မှန်မယ်။ တစ်ခါတစ်လေ အချက်အလက်တွေနောက်ပဲ လိုက်နေမိပြီး ချက်ချင်း လုပ်သင့်တာ မလုပ်မိတာတွေ ရှိပါတယ်။ တစ်ကြိမ်မှာ အဆင်မပြေတာရှိရင် ဒါကို သင်ခန်းစာအဖြစ် မှတ်ထားပြီး နောက်ထပ် ဒုတိယအကြိမ် ၊ တတိယအကြိမ်တွေမှာ ဆက်ပြီး လုပ်သွားဖို့ လိုပါတယ်။
စိတ်ရှည်ပါ။Startup တစ်ခု ရပ်တည်နိုင်ဖို့ အရင်းအနှီးငွေ လုံလုံလောက်လောက် ရှိဖို့လိုပါတယ်။ အသေးစားလုပ်ငန်းတွေရဲ့ တစ်ဝက်နီးပါး အရှုံးပေါ်ကုန်တာဟာ လုံလောက်တဲ့ အရင်းအနှီး မရှိတော့လို့ ဖြစ်ပါတယ်။
ကိုယ့်လုပ်ငန်းကနေ အမြတ်ဝင်လာဖို့ မျှော်လင့်ထားတဲ့ အချိန်ထက် ပိုပြီး ကြာအောင် ရပ်တည်နိုင်မယ့် ငွေပင်ငွေရင်း ရှိထားဖို့စီစဉ်ပါ။ အရန် ရံပုံငွေ တစ်ခု ထားရှိတာဟာ လုပ်ငန်းသစ်တစ်ခုအတွက် ရေရှည်လည်ပတ်နိုင်ဖို့ အစီအစဉ်ကောင်းတစ်ခုပါပဲ။
(၅) ရောင်းကုန်ပေါ်ပဲ အာရုံမထားပါနဲ့။ စွန့်ဦးတီထွင်သူအများစုဟာ ဈေးကွက်ရှာတာနဲ့ ရောင်းချတာကိုပဲ အာရုံပိုစိုက်ပြီး သူတို့ ကုန်စည်ကို ဝယ်မယ့် Clients တွေရဲ့ လိုအပ်ချက်နဲ့ ပြဿနာကို ထည့်မစဉ်းစားမိတာ များပါတယ်။ အမြတ်အစွန်းရနေတဲ့ ကုမ္ပဏီတွေကတော့ သူတို့ရဲ့ Customers တွေကို သိပါတယ်။ သိတဲ့အတိုင်းလည်း ဖောက်သည်တွေ ဝယ်လိုတဲ့ တန်ဖိုး သက်ရောက်မှုနဲ့ ရလဒ်တွေကို ရောင်းချနေတာပါ။

Source : Freepik
(၆) ပြောင်းလဲဖို့လည်း ပြင်ဆင်ပါ။ စီးပွားရေးသင်တန်းကျောင်းတွေရဲ့ ဖတ်စာအုပ်ထဲမှာ တကယ့်ဘဝသင်ခန်းစာ အဟောင်းတွေပဲ ပါပါတယ်။ တကယ်က အပြင်မှာ အမြဲတမ်း အပြောင်းအလဲ ရှိပါတယ်။ လူတွေနဲ့ ဆက်ဆံရင်း ၊ အိုင်ဒီယာသစ်တွေ ၊ ဈေးကွက်သစ်တွေကို ထိတွေ့ရင်း ပြဿနာတွေလည်း အများကြီး ကြုံလာပါလိမ့မယ် ဒီပြဿနာတွေကို ဖြေရှင်းနည်းအကြောင်း သင်တန်းတွေက သင်ပေးမှာ မဟုတ်ပါဘူး။
ဖောက်သည်တွေအကြောင်း ကောင်းကောင်း သိပြီး သူတို့အသံကို နားထောင်တတ်တဲ့ အကျင့်နဲ့ ပြောင်းလဲနေတဲ့ ဈေးကွက်နဲ့ လိုအပ်ချက်တွေကို လိုက်ပြီး အမြန်လိုက်ပါ ပြေင်းလဲတတ်ဖို့လိုပါတယ်။
