ပန်းပွင့်ပုံတက်တူးရွေးချယ်တဲ့အခါ ရွေးချယ်စရာတက်တူးအမျိုးအစားအမျိုးမျိုးရှိပြီး တက်တူးတစ်ခုချင်းစီတွင်လည်း ထူးခြားသောအနက်အဓိပ္ပာယ်များ ရှိကြပါတယ်။ ဥပမာဆိုရသော် ခရမ်းရောင်ပန်းပွင့်သည် ဉာဏ်ပညာ ကြီးမားခြင်းနှင့် သစ္စာရှိခြင်းကို ကိုယ်စားပြုပြီး နှင်းဆီပန်းပွင့်တက်တူးများကတော့ သမီးရည်းစားအချစ်ကို ကိုယ်စားပြုပါတယ်။

ယေဘုယျအားဖြင့် ပန်းပွင့်တက်တူးများသည် အလှအပနှင့် ဘဝကို ကိုယ်စားပြုတဲ့အတွက်ကြောင့် မိန်းကလေးများအတွက်သာမက ယောကျာ်းလေးများအတွက်ပါ ထိုးသင့်တဲ့ တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။

ပန်းပွင့်ပုံတက်တူးဒီဇိုင်းလှလှလေးတွေကို လေ့လာချင်တဲ့ တက်တူးချစ်သူများအတွက် ပန်းပွင့်တက်တူးဒီဇိုင်းအချို့ကို ဝေမျှပေးလိုက်ရပါတယ်။

ခရမ်းရောင်ပန်းပွင့်ပုံတက်တူး

flower tattoos for men

ဒီပန်းပွင့်တက်တူးကတော့ ဖေဖော်ဝါရီလမွေးဖွားသူများကိုကိုယ်စားပြုတဲ့ ပန်းပွင့်တက်တူးပဲဖြစ်ပါတယ်။

ခေါင်ရမ်းပန်းပွင့်ပုံတက်တူး

flower tattoos for men

ခေါင်ရမ်းပန်းပွင့်ကိုတော့ မြန်မာပြည်တွင် နိမိတ်မကောင်းသော တက်တူးအဖြစ် ယူဆကြပေမယ့် အနောက်နိုင်ငံများတွင်တော့ အထွဋ်အမြတ်ထားတတ်ကြပါတယ်။

နှင်းဆီပန်းနှင့် ခြင်္သေ့ပုံတက်တူး

flower tattoos for men

ခြင်္သေ့ကတော့ တောဘုရင်တစ်ပါး၊ ရဲစွမ်းသတ္တိရှိခြင်းကို ကိုယ်စားပြုပြီး နှင်းဆီပန်းကတော့ အလှအပနှင့် စွမ်းအားကြီးမှုအကြား မျှခြေရှိခြင်းကို ကိုယ်စားပြုပါတယ်။

အရိုးခေါင်းနှင့် ပန်းပွင့်ပုံတက်တူး

flower tattoos for men

အရိုးခေါင်းကတော့ သေဆုံးခြင်း၊ မတည်မြဲသောအရာနှင့် သန်မာမှုတို့ကို ကိုယ်စားပြုပေမယ့် ပန်းပွင့်နှင့် ပူးတွဲလိုက်တဲ့အခါမှာတော့ အရိုးခေါင်းတက်တူးရဲ့အဓိပ္ပာယ်သည် အကောင်းဘက်သို့ သက်ရောက်သွားပါတယ်။ သေဆုံးပြီးနောက် အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုသလို လောကတွင် အကောင်းနှင့်အဆိုး ဒွန်တွဲလျက်ရှိသည်ကိုလည်း ကိုယ်စားပြုပါတယ်။

လိပ်ပြာနှင့် ပန်းပွင့်ပုံတက်တူး

flower tattoos for men

လိပ်ပြာတက်တူးသည် လွတ်လပ်ခြင်း၊ အလှအပနှင့် အသွင်ကူးပြောင်းခြင်းကို ကိုယ်စားပြုပါတယ်။ လိပ်ပြာနှင့် ပန်းပွင့်တက်တူးကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကာလာကြာရှည်ခြင်းနှင့် အပြစ်ကင်းစင်ခြင်းတို့ကို ကိုယ်စားပြုပါတယ်။

ဂျပန်ရိုးရာ ပန်းပွင့်တက်တူး

flower tattoos for men

ဂျပန်ပန်းပွင့်ပုံတက်တူးများသည် ကံကောင်းခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်းနှင့် အလှအပတရားတို့ကို ကိုယ်စားပြုတဲ့ အဓိပ္ပာယ်ပြည့်စုံသော တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။

သစ္စာပန်းပုံတက်တူး

flower tattoos for men

သစ္စာပန်းပုံတက်တူးထိုးထားတဲ့ ယောကျာ်းများသည် မိမိကိုယ်ကို ယုံကြည်ချက်ရှိခြင်း (သို့) မိမိ မိသားစုကို တန်ဖိုးထားခြင်းကို ဖော်ပြချင်တဲ့အတွက်ကြောင့် ထိုတက်တူးကို ရေးထိုးထားကြပါတယ်။ ဒါပေမဲ့ ပန်းရဲ့အရောင်ပေါ် လိုက်ပြီးလည်း အဓိပ္ပာယ်ထပ်ခွဲနိုင်ပါသေးတယ်။ အဝါရောင်သစ္စာပန်းကတော့ အကောင်းမြင်စိတ်ရှိခြင်း၊ ခင်မင်ရင်းနှီးစိတ်ရှိခြင်းကို ဖော်ညွှန်းပြီး ခရမ်းရောင်ကတော့ ကျက်သရေရှိခြင်း၊ ကြီးမြတ်ခြင်း၊ ပဟေဠိဆန်ခြင်းတို့ကို ရည်ညွှန်းပါတယ်။

အခြားလှပသော ပန်းပွင့်ပုံတက်တူးဒီဇိုင်းများ

flower tattoos for men flower tattoos for men flower tattoos for men flower tattoos for men flower tattoos for men

Source: Thetrendspotter.net