ပျားရည်သည် အရသာရှိသော အစားအစာတစ်ခုဖြစ်ပြီး ကျန်းမာရေးနှင့်လည်း ညီညွှတ်ပါတယ်။ ပျားရည်ကို တစ်နေ့တစ်ဇွန်းခန့် မှန်မှန်စားသုံးပေးခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးများ ရရှိပိုင်ဆိုင်စေပါသလဲ။
ဝိတ်ကျစေခြင်း

ပျားရည်ထဲမှာ ပါဝင်တဲ့ အချိုဓာတ်သည် ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုလည်း တိုးမြှင့်ပေးပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်လည်း ကျစေတာကြောင့် တစ်နေ့တစ်ဇွန်းခန့် မှန်မှန်စားသုံးသင့်ပါတယ်။
ကိုလက်စတောပမာဏကို တိုးမြှင့်ပေးခြင်း

ပျားရည်မှာ ကိုလက်စတော လုံးဝ မပါဝင်ပါဘူး။ ဒါ့အပြင် သူ့ထဲမှာပါဝင်တဲ့ ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များသည် သွေးတွင်းသကြားဓာတ်ကို လျော့ချပေးပါတယ်။ နေ့စဉ် စားသုံးပါက ခန္ဓာကိုယ်တွင်း ကိုလက်စတောပမာဏအလွန်အကျွံ များပြားနေခြင်းကို လျော့ချပေးပါတယ်။
နှလုံးကျန်းမာစေခြင်း

သုနေသနလေ့လာချက်များအရ ပျားရည်ထဲမှာပါဝင်တဲ့ Antioxidants များသည် သွေးကြောကျဉ်းခြင်းမှ ကာကွယ်ပေးပြီး နှလုံးအားနည်းခြင်း၊ နှလုံးရောဂါ ခံစားရခြင်း၊ ခေါင်းကိုက်ခြင်း၊ မှတ်ဉာဏ်စွမ်းအား ကျဆင်းခြင်းတို့မှ ကာကွယ်ပေးပါတယ်။ ရေတစ်ဖန်ခွက်ထဲ ပျားရည် အနည်းငယ်ထည့်ကာ ဖျော်သောက်ပေးလိုက်ပါ။
မှတ်ဉာဏ်တိုးမြှင့်စေခြင်း

အခြားသော သုတေသနလေ့လာချက်အရ ပျားရည်သည် စိတ်ဖိစီးမှုကို လျော့ချပေး နိုင်ပြီး ပျက်စီးသွားတဲ့ဆဲလ်များကိုလည်း ပြန်လည်ကောင်းမွန်စေပါတယ်။ ရလာဒ်အနေနဲ့ မှတ်ဉာဏ် တိုးမြှင့်လာမှာပဲဖြစ်ပါတယ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း

ပျားရည်ထဲမှာ ပါဝင်တဲ့ သကြားဓာတ်သည် သွေးတွင်းသကြားဓာတ်ကို တိုးမြှင့်ပေးပါတယ်။ ထိုသွေးတွင်းသကြားဓာတ်သည် Serotonin ကို ထုတ်လွှတ်ပေးပြီး ထိုမှတဆင့် အိပ်ပျော်မှုကို လှုံ့ဆော်ပေးတဲ့ Melatonin ဓာတ်ကို တိုးမြှင့်ပေးပါတယ်။
အသားအရေ စိုပြေလှပစေခြင်း

ပျားရည်ထဲမှာ ပါဝင်တဲ့ Antioxidants များသည် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အသားအရေ ညစ်ထေးခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ပုံမှန်မှီဝဲပါက အသားအရေကို နူးညံ့စိုပြေလှပစေပါလိမ့်မယ်။
Source: Brightside.me
