ယောင်္ကျားတစ်ယောက်အတွက် Pant နဲ့ ပတ်သက်လို့ များများစားစား မလိုပါဘူး။ ၄-၅ မျိုးလောက်နဲ့တင် အဆင်ပြေပါတယ်။ တကယ် ဝယ်တတ်မယ်ဆိုရင် Pant များများ စားစား ဝယ်စရာမလိုဘဲနဲ့ လည်း စတိုင်ကျနိုင်ပါတယ်။ ဘယ်လို ဘောင်းဘီရှည်တွေက ယောင်္ကျားတစ်ယောက်ကို ဖက်ရှင်ကျစေနိုင်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) နွေရာသီ Smart Casual

Photo: comfortabledressshoes
အခုလို ရာသီဥတု ပူအိုက်နေတဲ့အချိန် ဘယ်လို Pant ဝတ်ရမလဲ စဉ်းစားနေရင် Chino Pants လေးတွေ ဝတ်ဖို့ တိုက်တွန်းချင်ပါတယ်။ နွေရာသီမှာ ဘောင်းဘီသား အေးပြီး သိပ်မထူထဲတာမျိုးကို ရွေးဝတ်တာ အကောင်းဆုံးမလား။ Chino တွေက ချည်သားနူးညံ့ပျော့ပျောင်းတယ်။ Formal ပိုဆန်ဆန် ဝတ်လို့ ရတယ်။ Fit လည်းဖြစ်မယ် ကာလာလည်း မရိုင်းဘူးဆိုရင် Chino တွေ ဝတ်တာလောက် စိတ်တိုင်းကျစရာ ရှိမှာ မဟုတ်ပါဘူး။
နောက်တစ်ခုက Chinoဘောင်းဘီတွေက သူနဲ့ တွဲစီးဖို့ ဖိနပ်မရွေးပါဘူး။ Chino ဘောင်းဘီကို Sneakers တွေနဲ့ ပေါ့ပေါ့ပါးပါး အတွဲအဖြစ် ဝတ်လို့ ရသလို Formal ပွဲအတွက် Dress Shoes နဲ့ ခရီးသွားဖို့အတွက် Boots တွေနဲ့လည်း တွဲစီးနိုင်ပါတယ်။
(၂) ဘက်စုံဖက်ရှင်

Photo: mileschristi
ဘောင်းဘီတစ်ထည်ကို ကျောင်းတက်ရာမှာရော အလုပ်သွား ပါတီတက် နေရာစုံမှာ ဝတ်ရတာမျိုး လိုချင်ရင် အနက်ရောင် Dark Wash Denim ဘောင်းဘီတွေ ရွေးဖို့ ပြောချင်ပါတယ်။ Dark Denim တွေဟာ အင်္ကျီအရောင် မရွေးသလို အင်္ကျီအမျိုးအစားလည်း မရွေး တွဲဝတ်နိုင်ပါတယ်။ Formal ကျချင်ရင် အဖြူရောင် White Shirt နဲ့ ဝတ်နိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး ဆိုရင် Hoodie ခေါင်းစွပ်နဲ့လည်း ဝတ်နိုင်တာပါပဲ။ ပြောရရင် တစ်မျိုးတည်းနဲ့ ရေလဲသုံးနိုင်တဲ့ Pant အမျိုးအစား ဖြစ်ပါတယ်။
(၃) ပွဲတက်ဖက်ရှင်

Photo: vizaca
Formal Trousers တွေကလည်း စမတ်ကျချင်တဲ့ ယောင်္ကျားတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ဘောင်းဘီအမျိုးအစားထဲမှာ ပါပါတယ်။ Casual ဖက်ရှင်တွေနဲ့ ကွာတဲ့အချက်က Classy ဖြစ်တယ် ၊ ကြည့်ရတာ သပ်ရပ်ပြီး ခေတ်မီတယ် ၊ ပိုပြီး Premium ဖြစ်တယ်ဆိုတဲ့ အချက်တွေကို ထည့်တွက်ထားတာပါ။ Formal Trousers တွေကို Suit ဝတ်စုံပြည့်နဲ့ ဝတ်လို့လည်း ရသလို Sports Jacket နဲ့လည်း ဝတ်လို့ ရပါတယ်။ Formal Trouser တွေ ဝယ်မယ်ဆိုရင် Neutral Colors တွေ ဖြစ်တဲ့ အနက်ရောင် ၊ မီးခိုးရောင် ၊ နက်ပြာရောင် စတာတွေကို ရွေးချယ်သင့်ပါတယ်။
(၄) Joggers

Photo: hiconsumption
ဖက်ရှင်ကျချင်တဲ့ Gym Man တွေအတွက် Joggers ဘောင်းဘီကောင်းကောင်းလေးတွေ ရှိထားသင့်ပါတယ်။ Joggers နဲ့ Sweat Pants တွေဟာ Trendy ဖြစ်တယ် ၊ Slim Fit ဖြစ်ပြီး သက်တောင့်သက်သာရှိပါတယ်။ အရေးကြီးတာက Casual Wear တွေထဲမှာ စတိုင်ကျပြီး ဖက်ရှင်မိတဲ့ Pant အမျိုးအစားဖြစ်ပါတယ်။
