ဘယ်သူ့အကူအညီမှ မလိုဘဲ ကိုယ့်ဘာသာ Care လုပ်နိုင်တဲ့အရာတွေထဲမှာ ဆံပင်လည်း ပါပါတယ်။ ဆံပင်ထိန်းသိမ်းမှုမှန်ကန်တာဟာ ကိုယ့်ရုပ်ရည်အပေါ်ပါ သက်ရောက်မှု ရှိပါတယ်။ ကျန်းမာတဲ့ဆံသားနဲ့ လိုက်ဖက်တဲ့ ဆံပင်ဒီဇိုင်းက လူတစ်ယောက်မျက်နှာအသွင်အပြင်ကို ပိုပြီး ကြည့်ကောင်းစေအောင် စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအတွက် ကိုယ့်ဘာသာ လုပ်ဆောင်နိုင်မယ့် Hair Care Tips လေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) Oiling လုပ်ပေးပါ

why-coconut-oil-is-good-for-hair

Photo: mensxp

အကောင်းဆုံး Hair Care Tips တွေထဲမှာ အရင်ဆုံး ပြောရမယ့်အချက်က ဆံပင်မှာ ခေါင်းလိမ်းဆီလူးခြင်းပဲ ဖြစ်ပါတယ်။ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီလိုမျိုး ခေါင်းလိမ်းဆီ တစ်မျိုးမျိုးကို လက်ထဲထည့်ပြီး ဆံသားတွေ တောက်ပနူးညံ့စိုလက်သွားအောင် နှိပ်နယ်ပေးတာပါပဲ။ တစ်ပတ်မှာ အနည်းဆုံး ၂ ကြိမ် ၃ ကြိမ်လောက်တော့ Oiling လုပ်ပေးသင့်ပါတယ်။ ခေါင်းကို ဆီလူးပြီး နှိပ်ပေးတာဟာ သွေးလည်ပတ်မှု ပိုအားပေးသလို ဦးရေပြားပေါ်က မွေးညင်းပေါက်လေးတွေလည်း ပွင့်စေတာကြောင့် ဆံပင်ကို ပိုသန်စွမ်းကျန်းမာစေပါတယ်။

(၂) Anti Dandruff Shampoo သုံးပါ

man using shampoo

Photo: reviewtiful

ဒုတိယအချက်က ဗောက်နိုင်တဲ့ Anti-Dandruff Shampoo လိုမျိုး ခေါင်းလျှော်ရည်နဲ့ လျှော်ပေးဖို့ ဖြစ်ပါတယ်။ ပူပြင်းတဲ့ ရာသီဥတုရှိတဲ့ နေရာတွေနဲ့ အဆီပြန်တဲ့ ဆံသားပိုင်ရှင်တွေဟာ ဗောက်ထတတ်ပါတယ်။ ဒါကြောင့် ဗောက်သတ်နိုင်တဲ့ခေါင်းလျှော်ရည် သုံးဖို့ အကြံပေးချင်ပါတယ်။ Anti-Dandruff Shampoo တွေဟာ အပြင်းစားတွေ များပါတယ်။ ဒါကြောင့် တစ်ပတ်မှာ တစ်ကြိမ်ပဲ သုံးပါ။

Shampoo အနေနဲ့ နောက်ထပ် သုံးသင့်တဲ့ အမျိုးအစားတစ်ခုက သိပ်မပြင်းတဲ့ အပျော့စား Milder Shampoo မျိုးဖြစ်ပါတယ်။ ဆံပင်ကို ပိုပျော့ပြောင်းစေဖို့ ထုတ်ထားတဲ့ Conditioner ခေါင်းလျှော်ရည်မျိုး ဖြစ်ပါတယ်။ Shampoo နဲ့ Conditioner တွဲသုံးတာမျိုးလည်း ကောင်းပါတယ်။ ဒီလို Shampoo မျိုးကတော့ တစ်ပတ်မှာ နှစ်ကြိမ် သုံးနိုင်ပါတယ်။

(၃) ပိုးခေါင်းအုံးနဲ့ အိပ်ပါ

man_sleeping_nap_main

Photo: mensjournal

ခေါင်းအုံးစွပ်တွေ ညစ်ပတ်နေခြင်းကလည်း ဗောက်နဲ့ မှိုရောဂါတွေ ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ နေ့တိုင်း မလျှော်ဘဲ သုံးတဲ့ ခေါင်းအုံးစွပ်တွေကနေ ဘက်တီးရီးယားတွေ ပေါက်ပွားလာပြီး ဦးရေပြားတွေကို စွဲကပ်ပြီး မှိုနဲ့ဆိုင်တဲ့ ဦးရေပြားရောဂါတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းအုံးစွပ်တွေ ပုံမှန်လျှော်ပါ။ ပိုးသားခေါင်းအုံးစွပ် Silk Pillowcase တွေ သုံးတာက ပိုကောင်းပါတယ်။

(၄) Hair Serum နဲ့ ခေါင်းဘီး သုံးပါ

Handsome bearded man combing his hair in the bathroom in the morning

Photo: lifestyleasia

နောက်တစ်ချက်ကလည်း လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့ Hair Care Tip ပါ။ ခေါင်းဘီးနဲ့ Hair Serum သုံးတာပဲ ဖြစ်ပါတယ်။ ရေချိုးပြီးတာနဲ့ ဆံပင်အတွက် လုပ်ရမှာက Hair Serum လူးပြီး ခေါင်းဖြီးတာပါပဲ။ သိပ်ပြီး ကြမ်းကြမ်းတမ်းတမ်း မဖြီးမိဖို့ လိုပါတယ်။ ဆံပင်ပေါက်တဲ့ပုံစံလမ်းကြောင်းအတိုင်း ခေါင်းကို ငြင်ငြင်သာသာဖြီးပေးဖို့ လိုပါတယ်။ ဒါဟာ သွေးလည်ပတ်မှုကို အားပေးတာကြောင့် ဆံပင်ပို သန်စွမ်းဖွံ့ဖြိုးစေပါတယ်။

Hair Serum ဟာ ဆံပင်ကို ပိုသန်စွမ်းတောက်ပစေအောင် ကူညီပေးနိုင်ပါတယ်။ နောက်ပြီး ဆံပင်အတွက် အန္တရာယ်ရှိတဲ့ အလွန်အကျွံစိုထိုင်းမှုတွေကိုလည်း ကာကွယ်ပးနိုင်ပါတယ်။ Hair Serum ကိုလည်း သိပ်အများကြီး မသုံးဘဲ ဒင်္ဂါးပြားအငယ်စားအရွယ်လောက်ပဲ သုံးပြီး ဆံပင်ကို လူးပေးရမှာပါ။