ဘဝတစ်ခု တိုးတက်မြင့်မားဖို့အတွက် နေ့စဉ် လုပ်နေကျ အလေ့အကျင့်တွေက အဓိကကျပါတယ်။ တစ်နေ့တစ်နေ့ ကျွန်တော်တို့ တွေးနေ ၊ လုပ်ကိုင်နေတဲ့ အရာတွေကပဲ ကျွန်တော်တို့ရဲ့ ဘဝအနိမ့်အမြင့်ကို ဆုံးဖြတ်တာပဲ မလား။ အခုပြောတဲ့ နေ့စဉ်အလေ့အကျင့်လေးတွေ ပုံမှန်လုပ်ဆောင်ပေးသွားမယ်ဆိုရင် ဘဝကို တစ်ဆင့်မြင့်မားစေဖို့အတွက် တစ်လှမ်းတက်ပြီးသား ဖြစ်မှာပါ။

(၁) Priorities တွေ ထားပါ

hands-man-writing-journal-gadgets-table

Photo: Freepik

ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်တွေဆီ မရောက်ဖြစ်တဲ့ အကြောင်းရင်းထဲမှာ အရေးမဟုတ်တာတွေကို အရေးလုပ်နေမိတဲ့အချက်က အဓိကအချက်အနေနဲ့ ပါဝင်နေတတ်ပါတယ်။ ကိုယ်လုပ်ရမယ့် အလုပ်ကို ပြတ်ပြတ်သားသား မြင်နေပြီး အဲ့ဒီအမြင်အတိုင်း လျှောက်တဲ့သူတွေပဲ ပန်းတိုင်ဆီ ရောက်လာတာပါ။ ကိုယ့်ရည်မှန်းချက်တွေတွေကို တကယ်ဖြစ်လာစေဖို့ ဘယ်အရာတွေကို ဦးစားပေးလုပ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်းသိအောင် လုပ်ပါ။ နေ့စဉ်ဘဝမှာ အရေးကြီးဆုံး ဦးစားပေးရမယ့်စာရင်း Priority Lists ထားပါ။

(၂) မနက်စောစောထပါ

rise-shine-morning

Photo: Freepik

အိပ်ရာက စောစောထဖို့ ကြိုးစားခြင်းဟာ သင့်ရဲ့ စိတ်နေစိတ်ထားကိုပါ ပြောင်းလဲစေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အိပ်ရာက အစောကြီး နိုးထဖြစ်စေရမယ်လို့ သံဓိဌာန်နဲ့ အိပ်ပြီး တကယ်လည်း မနက်ဖက် စောစောစီးစီး နိုးထဖြစ်တဲ့ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်တဲ့ ခံစားချက်ကို ရမှာပါ။ ဒီခံစားချက်ဟာ တကယ်ပဲ ထူးခြားပါတယ်။ ကြုံလာမယ့် တစ်နေ့တာအတွက် အရင်ဆုံးပြီးအောင် လုပ်ဖြစ်တဲ့ အလုပ်ဟာ ကိုယ့်စိတ်ပိုင်းဖြတ်မှုအတိုင်း အလုပ်ဖြစ်ခဲ့တာပါပဲ။

(၃) မနက်ခင်း နိစ္စဒူဝအစီအစဉ်လေး ထားပါ

silhouette-young-fitness-man-running-sunrise

Photo: Freepik

မနက် အိပ်ရာက နိုးလာပြီဆိုတာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တာကလည်း ဆိုးပါတယ်။ လူတစ်ယောက်ကို တိုးတက်ပြောင်းလဲစေတဲ့အလေ့အကျင့်တွေထဲမှာ စည်းကမ်းတကျ နေထိုင်သွားခြင်းဆိုတဲ့ အကျင့်လည်း ပါပါတယ်။ နေ့တိုင်းမှာ ဝတ်မပြတ်လုပ်မယ့် နိစ္စဒူဝအစီအစဉ်လေးတွေ ရှိတာ ကောင်းပါတယ်။ မလိုအပ်တာတွေအတွက် အချိန်မကုန်တော့တာပေါ့။ မနက်ခင်းနိစ္စဒူဝအစီအစဉ် Morning Routine မှာ နိုးနိုးချင်း ရေတစ်ဖန်ခွက်သောက်မယ် ၊ အားကစားလုပ်မယ် ၊ စာဖတ်မယ် ၊ စိတ်ဖိစီးမှု သက်သာအောင် တရားထိုင်တာမျိုး လုပ်မယ် စသည်ဖြင့် သူ့အချိန်နဲ့သူ ပုံမှန်အစီအစဉ်လေး ချပေးသင့်ပါတယ်။

(၄) Singletask အကျင့်မွေးပါ

close-up-male-hands-using-laptop-home

Photo: Freepik

ဒီနေ့ခေတ်က ဗဟုကိစ္စများတဲ့ Multitasking ခေတ်လို ဖြစ်လာပါတယ်။ လူတွေဟာ တစ်ချိန်တည်းမှာ လုပ်စရာကိစ္စ ၃-၄ ခုကို လုပ်နေကြတဲ့ ခေတ်ဖြစ်ပါတယ်။ အစုံသုပ်လုပ်ရင်းနဲ့ အာရုံအပြည့်ထားနိုင်စွမ်း ကျဆင်းလာကြတာကြောင့် Multitasking လုပ်တဲ့ အလေ့အကျင့်ကို ဖျောက်ပြီး တစ်ချိန်မှာ တစ်ခုပဲ အာရုံစိုက်တဲ့ အကျင့်မွေးထားသင့်ပါတယ်။ Singletask လုပ်ခြင်းအားဖြင့် စိတ်အမြင်လည်း ရှင်းလာပြီး လူလည်း စိတ်ပင်ပန်း လူပင်ပန်းသက်သာလာတဲ့အပြင် အလုပ်အရည်အသွေးလည်း ထိုးတက်လာမှာပါ။

(၅) အွန်လိုင်းစည်းကမ်းတွေ ထားပါ

portrait-man-home-meditating

Photo: Freepik

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝဟာ အင်တာနက်ပေါ်က လူနေထိုင်မှုဘက်ကို ပိုကဲလာပါတယ်။ နေ့တိုင်းမှာ Facebook ၊ Twitter ၊ Instagram တွေပေါ်က News Feeds တွေ Videos တွေ နဲ့ အင်တာနက်ဂိမ်းတွေက ကျွန်တော်တို့ဘဝကို အဆီးအတားမရှိ လွှမ်းမိုးလာနေပါတယ်။ Social Media ကြီးစိုးမှုအောက်မှာ လူအတော်များများဟာ ကိုယ်ပိုင် ငြိမ်းအေးတိတ်ဆိတ်စွာ နေနိုင်မှုရှားပါးလာနေပါတယ်။
စိတ်နဲ့ ကိုယ်ပြည့်ပြည့်ဝဝ အနားရချင်တယ်ဆိုရင် တစ်နေ့တာ အင်တာနက်သုံးမှု နဲ့ Screen Monitoring ကြာချိန်တွေကို ကန့်သတ်ထားဖို့လိုပါတယ်။ ဥပမာ- မနက်ဘက်မှာ e-Mail တို့ Social Media အကောင့်တို့ ဘယ်တော့မှ ဝင်မကြည့်တာမျိုး ဖြစ်ပါတယ်။ အလုပ်ချိန်ပြင်ပမှာ Personal Development နဲ့ Mental Refreshness ဖြစ်ဖို့ အချိန်ပိုပေးပါ။ Virtual နေထိုင်မှုတွေထက် ဘဝကို ပိုအဓိပ္ပါယ်ရှိစေမယ့် အရာတွေနဲ့ ရိုးရိုးရှင်းရှင်း ဖြတ်သန်းတဲ့အကျင့်လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။