စိတ်ပညာရှင်တွေရဲ့အဆိုအရ လူတစ်ယောက်ဟာ အကျင့်တစ်ခု မွေးယူဖို့ ၊ ဖျောက်ပစ်ဖို့ ၂၁ ရက် အချိန်ယူရတယ်လို့ ဆိုပါတယ်။ တကယ်တော့ ကောင်းတဲ့အကျင့်မွေးဖို့ဆို လနဲ့ချီတောင် ကြာမြင့်နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ အလေ့အကျင့်ဟာ အဲ့ဒီလူရဲ့ ကျန်းမာရေးရေချိန်ပါပဲ။

ကျန်းမာရေးကောင်းဖို့ဆို ကိုယ့်ရဲ့ နေ့စဉ် အလေ့အကျင့်တွေကို ကောင်းတဲ့အကျင့်တွေ ဖြစ်အောင် ပြုပြင်ထားဖို့ လိုပါတယ်။ လူ့သက်တမ်းရှိသလောက် ကျန်းကျန်းမာမာ နေသွားနိုင်ဖို့ဆို အခုပြောမယ့် အလေ့အကျင့်ကောင်းလေးတွေ ရှိထားဖို့လည်း လိုမှာပါ။

(၁) ခေါင်းတစ်ခြမ်းကိုက်တတ်ရင် စပျစ်ဖျော်ရည်သောက်ပါ

Try Grape Juice to heal your migraines

Photo: Brightside Me

Migraines လို့ ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာဟာ ဆီရိုတိုနင်လိုမျိုး ဦးနှောက်ဓါတုပစ္စည်းတွေအတွင်း ဟန်ချက်မညီမျှရာကနေ ဖြစ်ပြီး အတော်ခံရခက်တတ်ပါတယ်။ ဒီလို ဝေဒနာတွေကို စပျစ်ဖျော်ရည်က သက်သာအောင် ကူညီနိုင်တဲ့အပြင် ရောဂါမဖြစ်အောင်ပါ ဟန့်တားနိုင်စွမ်းရှိပါတယ်။ စပျစ်မှာ ဗိုက်တာမင်စီ ၊ အေနဲ့ ဘီတူးတို့လို ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဟန့်တားနိုင်တဲ့ ဗိုက်တာမင်တွေ ပါဝင်ပါတယ်။

(၂) ဆံပင်သန်စွမ်း ကျန်းမာဖို့ ဆယ်လ်မွန်စားပါ

Salmon help your hair grow out shiny and healthy

Photo: Brightside Me

ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေ ပိုင်ဆိုင်ချင်ရင် အစားအသောက်ကိုလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဆံပင်တွေ သန်စွမ်းကျန်းမာဖို့အတွက် လျှို့ဝှက်ချက်တစ်ခုက ဆယ်လ်မွန်ပါပဲ။ ဆယ်လ်မွန်ငါးတွေမှာ ဗိုက်တာမင်ဒီ နဲ့ အိုမီဂါဖက်တီး သရီးအက်ဆစ်လိုမျိုး ဆံပင်နဲ့ ဆံသားတွေ ရေဓါတ်ဖြည့်တင်းပေးဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေ ပါဝင်ပါတယ်။ အိုမီဂါသရီးဟာ ဆံသားအိတ်တွေကို သန့်ရှင်းကျန်းမာအောင်ပါ ကူညီနိုင်ပါတယ်။

ဆံပင်သန်ချင်ရင် ကိုယ့်ဘာသာ ဆံပင်သန်ဆေး ဖော်လို့ရပါတယ်။ လိုအပ်တာတွေက ကြက်ဆူဆီ ၊ ထောပတ်သီးဆီ နဲ့ အုန်းဆီပါပဲ။ ဒီဆီသုံးမျိုး သုံးပုံတစ်ပုံစီကို ပုလင်းတစ်လုံးထဲ ထည့်ပြီး ကောင်းကောင်း လှုပ်ခါပေးရမှာပါ။ ပြီးရင် ဆံပင်မှာ ၁၀ -၁၅ မိနစ်လောက် ကြာအောင် နှိပ်ပေးရင်း လိမ်းရမှာပါ။ ပြီးရင် နာရီဝက်တစ်နာရီလောက် ထားပြီး ရေချိုးပေးရမှာပါ။ ဆံပင်စိုနေတုန်း ကျန်တဲ့ဆီတွေကို ခေါင်းမှာ လိမ်းပေးပါ။ တစ်ပတ်မှာ ဒါမျိုး သုံးကြိမ်အထိ လုပ်နိုင်ပါတယ်။

(၃) ဝိတ်ကျချင်ရင် သံပရာနဲ့ ဆားရေသောက်ပါ

You can shed extra pounds by drinking lemon salt water

Photo: Brightside Me

ခန္ဓာကိုယ်ထဲက ကျန်းမာရေးနဲ့ မညီတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားဖို့နဲ့ ကိုယ်အလေးချိန်တွေ အမြန်ကျဖို့အတွက် သံပရာနဲ့ ဆားဟာ ထိရောက်ပြီး အရေးပါတဲ့ အဓိကပါဝင်ပစ္စည်းတွေ ဖြစ်ပါတယ်။ သံပရာနဲ့ ဆားဖျော်ရည်ဟာ အူမကြီးလှုပ်ရှားမှု တိုးစေပြီး အစာစားချင်စိတ်ကို လျှော့ချပေးတာကြောင့် ပိုလျှံကယ်လိုရီစားသုံးမှုကို ဟန့်တားပေးနိုင်ပါတယ်။ နောက်ပြီး ဇီဝကမ္မဖြစ်စဉ်ကိုလည်း အရှိန်မြှင့်တင်နိုင်လို့ ကိုယ်တွင်းစွမ်းအင်ပို ထွက်လာစေနိုင်ပါတယ်။

(၄) လက်သည်းတွေ ‌ဖြူဖွေးဖို့ သွားတိုက်ဆေးသုံးပါ

Whiten your nails using toothpaste

Photo: Brightside Me

သွားတိုက်ဆေးဟာ သွားတွေကိုတင် ဖြူစင်ခိုင်မာအောင် ကူညီပေးတာမဟုတ်ပါဘူး။ လက်သည်းခွံတွေ ဝါညစ်ညစ်ဖြစ်နေတာကို ဖြူအောင် လုပ်လို့ ရပါတယ်။ လက်သည်းပေါ်မှာ သွားတိုက်ဆေးနည်းနည်း ပုံပြီး ဘရပ်ချ်နဲ့ ပွတ်တိုက်ပေးရမှာပါ။ တစ်မိနစ်လောက် ထားပြီးရင် လက်ကို ရေနဲ့ဆေးချရုံပါပဲ။

သွားတွေ ဖြူဖွေးစေဖို့ဆိုရင် သွားတိုက်ဆေးအပြင် သစ်သီးတွေကိုလည်း သုံးနိုင်ပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ သွားပေါ်က အဝါရောင်အစွန်းအထင်းတွေ ဖယ်ရှားနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ စတော်ဘယ်ရီသီးတွေဟာ သွားတွေကို ဖြူစင်စေနိုင်တဲ့အပြင် ကော်ဖီနဲ့ ဝိုင်အစွန်းအထင်းတွေပါ ဖယ်ရှားနိုင်ပါတယ်။ သွားဖြူချင်သူတွေဟာ ပန်းသီးကို သဘာဝအစွန်းချွတ်ဆေးလို သုံးကြပါတယ်။ သွားခိုင်ချင်သူတွေကတော့ လိမ္မော်သီးစားပေးသင့်ပါတယ်။

(၅) သည်းခြေကျန်းမာဖို့ ကော်ဖီသောက်ပါ

Drink more coffee for healthy gallbladder

Photo: Brightside Me

ကော်ဖီဟာ ကျန်းမာရေးနဲ့မညီတဲ့ Diet တွေနဲ့ တွဲမြင်တဲ့ အစားအသောက်ဖြစ်ပေမယ့် သူ့မှာလည်း ကောင်းတဲ့အပိုင်းတွေ ရှိပါတယ်။ ကော်ဖီက ပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲက တစ်ခုက သည်းခြေကျန်းမာရေးမှာ အကူအညီပေးနိုင်တာပဲ ဖြစ်ပါတယ်။ ကော်ဖီဟာ သည်းခြေထဲက ကျုံ့ကြွမှုကို လှုံ့ဆော်ပေးတာကြောင့် သည်းခြေကျောက်တည်တာမျိုးကို မဖြစ်အောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။