အာရုံစူးစိုက်မှုဆိုတာ ဘာအလုပ်ပဲလုပ်လုပ်မဖြစ်မနေလိုအပ်တဲ့အကြောင်းအချက်တစ်ခုပါ။ အကျိုးဆက်ကတော့ အာရုံစူးစိုက်မှုကောင်းရင် ကောင်းသလို နေ့စဉ်လုပ်ငန်းခွင်မှာလုပ်ဆောင်မှုကောင်းမွန်စေပြီး ယှဉ်ပြိုင်နိုင်စွမ်းတွေရှိလာမှာ သေချာပါတယ်။ အခုပြောပြပေးမှာက သင့်အတွက် အလုပ်လုပ်ရာမှာအာရုံစူးစိုက်မှုတိုးတက်စေနိုင်မယ့် နည်းလမ်းကောင်းတွေအကြောင်းဖြစ်ပါတယ်။

(၁) ဦးနှောက်ဂိမ်းကစားပါ

man playing chess with his wife at home

Source : Freepik

ဦးနှောက်ကိုလေ့ကျင့်ပေးတယ်ဆိုတာမလွယ်ပါဘူး။ ဒါပေမယ့် ဒါကပျော်စရာတစ်ခုဖြစ်နိုင်ပါတယ်။ စကားလုံးဗဟေဌိဆက်တာ၊ ဆူဒိုခုကစားတာနဲ့ ချက်စ်ကစားနည်းလိုဂိမ်းတွေကလုပ်ဆောင်ရတာ ပျော်စရာကောင်းပြီး စိန်ခေါ်မှုရှိသလို ဦးနှောက်ကိုကြွက်သားတစ်ခုလေ့ကျင့်ပေးသလိုလုပ်ဆောင်စေပါတယ်။ နောက်ဆုံး စာရွက်အဖြူပေါ်မှာ ခဲတံတစ်ချောင်းနဲ့ ဟိုခြစ်ဒီခြစ်ရေးတာကတောင် အာရံစူးစိုက်မှုအတွက် အထောက်အကူဖြစ်စေပါတယ်။

(၂) လေ့ကျင့်ခန်းလုပ်ပါ

Full shot people running outdoors

Source : Freepik

အားကစားတစ်ခုကို ပုံမှန်လေ့ကျင့်ပေးတာက စွမ်းအင်ပမာဏကိုတိုးစေခြင်းနဲ့ အိပ်စက်မှုကိုပိုကောင်းစေ နိုင်ပါတယ်။ ဒီအချက်တွေက အာရုံစူးစိုက်မှုနဲ့မှတ်ဥာဏ်အပေါ် အပြုသဘောသက်ရောက်မှုတွေကိုဖြစ်စေတာပါ။ သို့သော် ပြင်းထန်တဲ့လေ့ကျင့်မှုမျိုးမဟုတ်ဘဲ မျှတမှုရှိဖို့လိုအပ်ပါတယ်။ ဥပမာ တစ်နေ့ကိုနာရီဝက်ခန့် ပုံမှန်လမ်းလျှောက်ပေးရင် လုံလောက်ပါတယ်။

(၃) ကောင်းကောင်းအိပ်ပါ

handsome man sleeping in his bed

Source : Freepik

ညဘက်မှာကောင်းမွန်စွာ အိပ်စက်အနားယူတာက သင့်ရဲ့အာရုံစူးစိုက်နိုင်မှုနဲ့တိုက်ရိုက်ပတ်သတ်နေပါတယ်။ တစ်ညကို ၇နာရီကနေ ၈နာရီအတွင်းအိပ်စက်တဲ့အခါ ဦးနှောက်ကိုကျန်းမာစေပြီး မှတ်ဥာဏ်ကိုမတူညီတဲ့နည်းလမ်း ၂ခုနဲ့အထောက်အကူပြုစေတယ်လို့ဆိုပါတယ်။ အကယ်လို့ ချက်ချင်းအိပ်ပျော်ဖို့ခက်တဲ့အခြေအနေတွေမှာဆိုရင် အိပ်ခါနီးစာအုပ်ဖတ်တာ ဒါမှမဟုတ် ရေချိုးပြီးမှအိပ်တာမျိုးလုပ်ပေးလို့ရပါတယ်။

(၄) အလုပ်စားပွဲကိုသပ်သပ်ရပ်ရပ်ထားပါ

handsome asian businessman wear headphones working remotely from home.

Source : Freepik

လုပ်ငန်းခွင်စွမ်းဆောင်ရည်ကောင်းတဲ့သူတွေဟာ သူတို့ရဲ့ပတ်ဝန်းကျင်မှာ စာရွက်စာတမ်းတွေ၊ အမှိုက်သရိုက် တွေရှုပ်ပွနေအောင်မထားကြပါဘူး။ အလုပ်စားပွဲပေါ်ကပစ္စည်းတွေကို စနစ်တကျထားတဲ့အခါ လိုအပ်တဲ့အရာအလွယ်တကူရှာတွေ့နိုင်တဲ့အတွက် အချိန်ကုန်သက်သာစေပါတယ်။ ဒါက သင့်ရဲ့ အာရုံစူးစိုက်မှုကိုအနှောက်အယှက်မဖြစ်အောင်ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။