ဖက်ရှင်ကျချင်သော ယောကျာ်းများအတွက် အရောင်အတွဲအစပ်သည်လည်း မဖြစ်မနေ သိထားသင့်တဲ့ ဖက်ရှင်စည်းမျဉ်းတစ်ခုပဲဖြစ်ပါတယ်။ မိမိရွေးချယ်ဝတ်ဆင်ထားသော ဖက်ရှင်သည် လိုက်ဖက်ညီမှုရှိနေမှသာ စတိုင်လ်ကျလှပနေမှာပဲဖြစ်ပါတယ်။
သင့်အနေနဲ့ ဘယ်လိုဖက်ရှင်အရောင်အတွဲအစပ်တွေကို ဘယ်လိုဝတ်ဆင်ရမလဲမသိဘူးဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက် အထောက်အပံ့ပေးနိုင်ပါတယ်။
အဖြူနှင့် အမဲဖက်ရှင်
အမဲရောင်ကတော့ ဘယ်အရောင်နဲ့မဆို လိုက်ဖက်တဲ့ဘုံအရောင်တစ်ခုပဲဖြစ်ပါတယ်။ အဖြူနဲ့ တွဲဖက်ဝတ်ဆင်ပါက ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းနေမှာပါ။
ဝိုင်နီရောင်နှင့် အပြာရင့်ရောင်
သင့်အနေနဲ့ လူအများကြား ထင်းထင်းကြီး မဖြစ်ချင်ဘူးဆိုရင်တော့ အနီရောင်အစား ဝိုင်နီရောင်ကို ရွေးချယ်နိုင်ပါတယ်။ ဝိုင်နီရောင်နဲ့ လိုက်ဖက်တဲ့အရောင်ကတော့ အပြာရင့်ရောင်ပဲဖြစ်ပါတယ်။
မီးခိုးရောင်နှင့် အဖြူရောင်ဖက်ရှင်
ရင့်ကျက်တည်ငြိမ်သူများအတွက်ကတော့ ဒီဖက်ရှင်အတွဲအစပ်က အရောင်ငြိမ်စေတာကြောင့် အသင့်တော်ဆုံးပဲဖြစ်ပါတယ်။
အဖြူရောင်နှင့် ကာကီရောင်ဖက်ရှင်
ပူအိုက်တဲ့ရာသီဥတုနှင့် လိုက်ဖက်တဲ့အရောင်ကတော့ အဖြူရောင်နှင့် ကာကီရောင်အတွဲအစပ်ပဲဖြစ်ပါတယ်။ ထိုအရောင်နှစ်မျိုးစလုံးက ဝတ်ဆင်ထားသူကို ငယ်ရွယ်သွားသယောင်ဖြစ်စေပါတယ်။
အပြာရောင်နှင့် အစိမ်းရောင်ဖက်ရှင်
အေးတဲ့ရာသီဥတုနဲ့ လိုက်ဖက်တဲ့ အရောင်ကတော့ အပြာရောင်နှင့် အစိမ်းရောင်အတွဲအစပ်ပဲဖြစ်ပါတယ်။ ရာသီဥတု အပူအအေးပေါ် မူတည်၍လည်း ဂျင်းဂျက်ကတ်လေးကို အပေါ်က ထပ်ဝတ်နိုင်ပါသေးတယ်။
Source: Dmarge.com