ခရစ္စတီယာနို ရော်နယ်ဒိုဟာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်း ၈၇ မိနစ်မှာ အသင်းရဲ့ ပင်နယ်တီဧရိယာထဲကနေ ပြိုင်ဘက်အသင်းပင်နယ်တီဧရိယာထဲကို ၁၀ စက္ကန့်တည်းနဲ့ ရောက်အောင် ပြေးလွှားရင်း ခြေစွမ်းပိုင်းရော သက်လုံပိုင်းပါ ကျဆင်းခြင်းမရှိသေးဘူးဆိုတာကို ပြသခဲ့ပါတယ်။

Photo: sportbible
ပေါ်တူဂီအသင်းဟာ သောကြာနေ့မှာ ယူရိုချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက် ပြင်သစ်အသင်းနဲ့ ဝမ်ဒါ မက်ထရိုပိုလီတာနိုမှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖာနန်ဒို ဆန်းတို့စ်ရဲ့ ပေါ်တူဂီအသင်းဟာ စပိန်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ၂ သင်းစလုံးက အနိုင်ရရှိဖို့အတွက် အခွင့်အလမ်းတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ခေါင်းတိုက်ဂိုးသွင်းယူမှုက ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပြီး တစ်ဦးချင်း ကန်သွင်းခွင့် ရရှိခဲ့ရာမှာလည်း ပေါ်တူဂီအသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အသက် ၃၆ နှစ်အရွယ် ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ပွဲပြီးဆုံးခါနီးမှာ အလွန်လျင်မြန်လှတဲ့ ပြေးနှုန်းနဲ့ ပရိသတ်တွေကို အထင်ကြီးအောင် လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့ပင်နယ်တီဧရိယာထဲမှာ ရှိနေရာကနေ အသင်းဖော်တွေ ဘောလုံး ရရှိသွားခဲ့အချိန်မှာ စတင်ပြေးလွှားခဲ့ပြီး စပိန်အသင်းကို လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ဆင်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Source : SPORTbible
ရော်နယ်ဒိုရဲ့ အူနိုင်း ဆိုင်မွန်ကို ပွဲပြီးဆုံးခါနီး တစ်ဦးချင်း ဂိုးကန်သွင်းယူပြီး အနိုင်ရလဒ် ရယူပေးဖို့ မျှော်လင့်ချက်ဟာ ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာနားမှာ ပေါ်တူဂီအသင်းဖော်တွေရဲ့ တုံ့ဆိုင်းနေမှုကြောင့် မပြည့်ဝခဲ့တာဖြစ်ပါတယ်။ “သူက စက်ယန္တရားပဲ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “ဘာကြောင့် ခရစ္စတီယာနို ရော်နယ်ဒိုက GOAT ဖြစ်နေရလဲဆိုတဲ့ နောက်ထပ်အကြောင်းအရင်းပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။
