မိမိမျက်နှာက အဆီပြန်လို့ စိတ်ညစ်နေတဲ့ ယောကျာ်းများအတွက် ဆေးစွမ်းကောင်းလေးတစ်လက် ညွှန်းချင်ပါတယ်။ ဒီဆေးစွမ်းကောင်းလေးကတော့ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပြီး အသားအရေအဆီပြန်ခြင်းကိုလည်း သက်သာပျောက်ကင်းစေတဲ့ ပျားရည်ပဲဖြစ်ပါတယ်။
ပျားရည်ကို အချိုပွဲများ တည်ခင်းဧည့်ခံတဲ့အခါ အသုံးပြုရုံသာမကဘဲ အသားအရေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ အဆီပြန်သူများအတွက် ပျားရည်ကို ဘယ်လိုအသုံးပြုရမလဲဆိုတော့ …
ပျားရည်ကို နွားနို့နှင့် ရောနှောကာ အသုံးပြုပါ

ပျားရည် စားပွဲတင်ဇွန်း ၈ ဇွန်းကို နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းကာ အခြောက်ခံထားလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာမှ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ရက်လျှင် တစ်ကြိမ် အသုံးပြုရပါမယ်။
ပျားရည်ကို ငှက်ပျောသီးဖြင့် ရောနှောအသုံးပြုပါ

ငှက်ပျောသီး တစ်ဝက်ကို အနှစ်များရအောင် ခက်ရင်းဖြင့် ချေမွလိုက်ပါ။ ထို့နောက် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲဖြင့် သမအောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်မှာ သုတ်လိမ်းပြီး မိနစ် ၂၀ ခန့ ပေါင်းတင်လိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်လျှင် ၂ ကြိမ် (သို့) ၃ ကြိမ်ခန့် ပြုလုပ်ရပါမယ်။
ပျားရည်ကို သကြားဖြင့် ရောနှောအသုံးပြုပါ
သကြား စားပွဲတင်ဇွန်း ၁ ဇွန်းကို ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ်တွင် စက်ဝိုင်းပုံသဏ္ဍာန် သုတ်လိမ်းပေးလိုက်ပါ။ ၅ မိနစ်ခန့် သုတ်လိမ်းကာ နှိပ်နယ်ပြီးတဲ့နောက်မှာတော့ ရေနွေးနွေးဖြင့် မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။
ပျားရည်ကို နနွင်းမှုန့်ဖြင့် ရောနှောပါ

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ်တွင် သုတ်လိမ်းကာ မိနစ် ၂၀ ခန့် အခြောက်ခံထားလိုက်ပါ။ ပြီးရင်တော့ ရေအေးဖြင့် မျက်နှာသစ်ချလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်လျှင် ၂ ကြိမ် (သို့) ၃ ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။
ပျားရည်ကို သံပုယိုသီးဖြင့် အသုံးပြုပါ

သံပုယိုသီး တစ်ခြမ်းကို အရည်ညှစ်ပြီးနောက် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ်တွင် သုတ်လိမ်းလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့်ကြာမှ ရေနွေးနွေးဖြင့် မျက်နှာသစ်လိုက်ပါ။ ဒီပေါင်းတင်နည်းကိုတော့ တစ်ပတ်လျှင် နှစ်ကြိမ် (သို့) သုံးကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။
မျက်နှာအသားအရေ အဆီပြန်သူများအနေဖြင့် အထက်ဖော်ပြပါ ပေါင်းတင်နည်းများထဲမှာ မိမိကြိုက်နှစ်သက်ရာတစ်မျိုးမျိုးဖြင့် ပုံမှန် ပေါင်းတင်ပေးပါက အဆီပြန်မှုကင်းဝေးတဲ့ မျက်နှာအသားအရေလေး ပိုင်ဆိုင်နိုင်ပါပြီ။
Source: Stylecraze.com

