အလိုက်သတိနဲ့ နေတတ်ထိုင်တတ်တဲ့သူကို ယဉ်ကျေးမှုရှိတယ်လို့ ပြောကြပါတယ်။ တချို့သူတွေဟာ စိတ်ရင်းစေတနာကောင်းကြပေမယ့် အနေအထိုင်မတတ်တာကြောင့် ယဉ်ကျေးမှုအားနည်းတဲ့သူတစ်ယာက်အဖြစ် အပြစ်ပြောဆိုခံရတတ်ပါတယ်။ လူတစ်ယောက် ကြီးပွားတိုးတက်ချင်ရင် သူ့အမူအကျင့်ကို အထက်တန်းကျအောင် ပြင်ဖို့ လိုပါတယ်။ အခုပြောမယ့် အလေ့အကျင့်တွေကို မပြင်ရင်တော့ အောင်မြင်ကြီးပွားဖို့ အခွင့်အလမ်းနည်းသွားနိုင်ပါတယ်။
(၁) လက်ပြင်ကုန်းပြီး နေခြင်း

Photo: Dmarge
ကွန်ပျူတာအသုံးများတဲ့သူတွေဟာ ကိုယ်နေဟန်ထား မတ်မတ်ဆန့်ဆန့် မရှိဘဲ လက်ပြင်ကုန်းတတ်ပါတယ်။ ခါးကုန်းပြီး နေတတ်တဲ့သူဟာ ကျန်းမာရေးအရလည်း အန္တရာယ်ရှိသလို လူမှုဆက်ဆံရေးမှာလည်း အပျင်းကြီးတဲ့သူ ၊ ယုံကြည်မှုအားနည်းသူအဖြစ် အထင်ရောက်စေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Body Posture ကို အမြဲပဲ မားမားမတ်မတ်နဲ့ Confidence ရှိသူတစ်ယောက်လိုမျိုး သတိကပ်ပြီး နေပေးဖို့ ပြောချင်ပါတယ်။
(၂) သူစိမ်းတစ်ယောက်ကို ကြာကြာ စိုက်ကြည့်ခြင်း

Photo: Dmarge
Eye Contact ရှိတာ ကောင်းပါတယ်။ လိုတာထက် ပို ကြာကြာစိုက်ကြည့်တာကတော့ Confident ရှိကြောင်း ပြတာမဟုတ်သလို ဆွဲဆောင်မှုလည်း ရှိစေမှာ မဟုတ်ပါဘူး။ ထိရောက်တဲ့ Eye Contact ဆိုတာ ၃ စက္ကန့် ကနေ ၅ စက္ကန့်ထက် ပိုမကြာသင့်ပါဘူး။ ကိုယ်နဲ့ မရင်းနှီးတဲ့ သူစိမ်းကိုပဲ ဖြစ်ဖြစ် ကိုယ့်အသိမိတ်ဆွေကိုပဲ ဖြစ်ဖြစ် ဖြစ်သင့်တာထက် ကြာကြာကြည့်တာ မယဉ်ကျေးပြီး လူမှုရေးမသိသူတို့ရဲ့ အမူအရာဖြစ်ပါတယ်။
(၃) ဘတ်စ်ကားပေါ် ပေါင်ကားထိုင်ခြင်း

Photo: Dmarge
အများနဲ့ ဆိုင်တဲ့ နေရာတွေမှာ ကိုယ်အမူအရာ ၊ နှုတ်အမူအရာ ယဉ်ကျေးရမယ်လို့ နီတိတွေက သင်ထားပြီးသားပါ။ ယဉ်ကျေးတဲ့သူတိုင်း ဘတ်စ်ကားပေါ် ကျယ်လောင်ကျယ်လောင် စကားပြောတာ ၊ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေအောင် နေထိုင်တာမျိုးတွေလည်း ရှောင်ကြဉ်ဖို့ လိုပါတယ်။ တခြားခရီးသည်တွေနဲ့ ရောပြီး ကား ၊ ရထားနဲ့ ခရီးသွားချိန်မှာ အိမ်မှာနေသလို ခြေထောက်ကို ဟိုတင်ဒီတင် လုပ်တာ ၊ တချို့သူတွေ မကြိုက်တဲ့ အနံ့ပြင်းတဲ့ အစားအသောက်တွေ စားတာ ၊ သူတစ်ပါး ထိုင်ခုံနေရာကို ကျူးကျော်ထိုင်မိတာမျိုးလည်း မလုပ်သင့်ပါဘူး။
(၄) ဆံပင်မှာ အကွက်ဖော်ခြင်း

Photo: Dmarge
တစ်ခါတလေ ဆံပင်မှာ ကြယ်ပုံထိုးတဲ့သူတွေ ၊ လူမျက်နှာပုံစံတွေကို ပုံဖော်တဲ့သူတွေ မြင်ဖူးကြမှာပါ။ အဲ့ဒီလို လူတွေကို တွေ့ရင် ကြောင်လိုက်တာဆိုတဲ့ အတွေးက စပြီး တွေးမိကြမှာပါ။ ဆံပင်မှာ ဟိုပုံဒီပုံဖော်တာမျိုး လုပ်မယ့်အစား ကိုယ့်ခန္ဓာကိုယ်ပေါ်မှာပဲ တက်တူးထိုးလိုက်တာက ပိုကောင်းပါတယ်။ ဆံပင်မှာ ကြောင်ကြောင်ကျားကျား လျှောက်လုပ်တာက ကိုယ့်ကို လူတွေ အထင်အမြင်သေးစေနိုင်တာကြောင့် ဖြစ်ပါတယ်။
